ကိုယ်ဝန်ဆောင်နေသူတွေနဲ့ မီးဖွားပြီးသူတွေ ဘယ်ယောဂ လေ့ကျင့်ရမလဲ။

 

♥️ YUTTA YOGA ရဲ့ Online Yoga Learning မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် Pregnancy Yoga နဲ့ မီးဖွားပြီးခါစ အမျိုးသမီးတွေအတွက် Postnatal Yoga လည်း ရှိပါတယ်နော်။ Pregnancy Yoga ကို ကိုယ်ဝန်ကာလ ( ၃ )လ ပြည့်ရင် အပ်လို့ ရပါပြီ။ Postnatal Yoga ကို ရိုးရိုး ကလေးမွေးသူတွေက ( ၂)လ၊ ခွဲမွေးသူတွေက (၃)လ ကြာရင် အပ်လို့ ရပါပြီ။

♥️ လေ့ကျင့်ကြစေချင်လွန်းလို့ ဒီအတန်းတွေကို တမင် စီစဉ်ပေးတာ ဖြစ်ပါတယ်။ အဲဒီအတန်းတွေမှာ တက်ပြီး လေ့ကျင့်မယ့်သူ နည်းမယ်ဆိုတာလည်း သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံမှာ အများစုက ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီးချိန်တွေမှာ လှုပ်လှုပ်ရှားရှား နေတာထက် ငြိမ်ငြိမ်လေး နေတာက ပိုပြီး ကောင်းမွန်တယ်၊ အဲလို နေသင့်တယ်လို့ ထင်မြင်ယူဆကြတာ များပါတယ်။

♥️ အဲဒီ အချိန်တွေမှာ အထူးဂရုစိုက်ရမှာ ဆိုတာကို သဘောတူလက်ခံပါတယ်။ ဒါပေမယ့် ငြိမ်ငြိမ်လေးပဲ နေတာက ကောင်းမွန်တဲ့ ဂရုစိုက်ခြင်း မဟုတ်ဘူးလို့ မြင်ပါတယ်။ ခန္ဓာကိုယ် ကျန်းမာဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့၊ စိတ် လန်းဆန်းကြည်လင်စေဖို့ တခုခုကို ပုံမှန် လုပ်ဆောင်နေသင့်ပါတယ်။ အလွယ်ကူဆုံးကတော့ လမ်းလျှောက်ခြင်းပါ။ အပြင်ထွက် မလျှောက်နိုင်ရင်လည်း ကိုယ့်အိမ်ထဲမှာပဲ ခေါက်တုံ့ခေါက်ပြန် လျှောက်လို့ ရပါတယ်။ အဲဒီထက် ပိုလုပ်နိုင်တယ်၊ ပိုလုပ်ချင်တယ်ဆိုရင်တော့ ယောဂ လေ့ကျင့်ဖို့ အကြံ ပြုချင်ပါတယ်။

♥️ ကိုယ်ဝန်ဆောင်စဉ်မှာကော မီးဖွားပြီးချိန်မှာကော ဝေဒနာ အမျိုးမျိုး ခံစားရတတ်ပါတယ်။ ဒူးခါ၊ ခါးနာ၊ စိတ်မကြည်လင်၊ ခေါင်းမူး ခေါင်းကိုက်၊ မအီမသာဖြစ်၊ စားမဝင် အိပ်မပျော်၊ စိတ်ဆိုးစိတ်တိုလွယ်၊ ခြေထောက်ကိုက်တာတွေ စသဖြင့် အများကြီး ရှိပါတယ်။ တယောက်နဲ့ တယောက်တော့ မတူပါဘူး။ ယောဂ ပုံမှန် လေ့ကျင့်ပေးရင် အဲဒီ ဝေဒနာတွေကို အများကြီး လျော့ချပေးပါတယ်။ ဒါတွေက ကိုယ်တွေ့ကော ကိုယ့်သင်တန်းသူတွေရဲ့ ပြောပြချက် အရတွေကော လုံးဝ မှန်ကန်ပါတယ်။

♥️ ကျွန်မဆိုရင် ကိုယ်ဝန်ဆောင်ချိန်ကော မီးဖွားပြီးချိန်မှာကော တောက်လျှောက် ယောဂကို ပုံမှန် လေ့ကျင့်တာကြောင့် အဲဒီ ဝေဒနာတွေကို သိပ်မခံစားရပါဘူး။ အရင်ကတည်းက ယောဂ ပုံမှန် လေ့ကျင့်တာကြောင့်လည်း ဖြစ်မှာပါ။ အဲဒါကြောင့် လူတိုင်းကို ယောဂ လေ့ကျင့်စေချင်ပါတယ်။ လေ့ကျင့်နေချိန်တော့ ကိုယ့်ကိုယ်ကို ဂရုစိုက် ရမှာ ဖြစ်ပါတယ်။ မရတာကို အတင်းကြီး လိုက်လုပ်စရာ မလိုပါဘူး။ ကိုယ်ရသလောက်ပဲ ပုံမှန်လေး လေ့ကျင့်နေဖို့ ဖြစ်ပါတယ်။

♥️ ယောဂ လေ့ကျင့်တာက ကိုယ့်အတွက်ပဲ မဟုတ်ပါဘူး။ ကိုယ့်ကလေးအတွက်လည်း ကောင်းကျိုး အများကြီး ရရှိစေပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ Pregnancy Yoga ကို လေ့ကျင့်ပေးခြင်းဖြင့် ကိုယ်ကိုယ်တိုင်က ‌ကျန်းမာ လန်း‌ဆန်းနေတဲ့အတွက်၊ အောက်ဆီဂျင် အပြည့် ရနေတဲ့အတွက် ကိုယ့်ဗိုက်ထဲက ကလေးလည်း ကောင်းမွန်စွာ ကျန်းမာ ဖွံ့ဖြိုးစေလာပြီး မီးဖွားချိန်မှာ အဆင်ပြေ ချောမွေ့စေဖို့လည်း အများကြီး အထောက်အကူ ဖြစ်စေပါတယ်။

♥️ မီးဖွားပြီးချိန်တွေမှာဆိုရင်လည်း မိခင်က Baby Blues တွေ ခံစားရတတ်ပါတယ်။ အဲဒါတွေက အလိုလိုနေရင်း ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ ငိုချင်တာ၊ အိပ်မပျော်တာ စသဖြင့် ခံစားရတာ ဖြစ်ပါတယ်။ Postnatal Yoga လေ့ကျင့်ခြင်းဖြင့် အဲဒါတွေကို အများကြီး သက်သာစေပါတယ်။ နို့တိုက်မိခင်တွေအနေနဲ့ ခါးညောင်းတာ၊ ကုတ်ညောင်းတာ၊ ခြေထောက် ကိုက်တာတွေ ရှိပါတယ်။ အဲဒါတွေကိုလည်း သက်သာစေပါတယ်။ ယောဂလေ့ကျင့်ခြင်းဖြင့် ကိုယ်က ခန္ဓာကိုယ်နဲ့စိတ်က ကျန်းမာလန်းဆန်းနေတဲ့အတွက် ကိုယ့်ကလေးကိုလည်း ကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်ပါတယ်။ ယောဂ လေ့ကျင့်ဖို့ အချိန်ပေးဖို့တော့ လိုအပ်ပါတယ်။

♥️ ဒါကြောင့် YUTTA YOGA အနေနဲ့ ကိုယ်ဝန်ဆောင်တွေ ( ၃)လ မပြည့်ခင်တော့ ကိုယ်ဝန်က အရမ်းမခိုင်သေးတဲ့အတွက် နားနားနေနေ အနားယူပြီး ကိုယ်ဝန်ကာလ ( ၃ )လ ပြည့်ရင်တော့ Pregnancy Yoga ကို လေ့ကျင့်ဖို့ အကြံပြုချင်ပါတယ်။ မီးဖွားပြီးချိန်မှာလည်း ( ၂)လလောက် နားပေးပါ။ သွေးနု သားနု ဖြစ်နေလို့ပါ။ ရိုးရိုးမွေးသူတွေက ( ၂ )လ ပြည့်ရင်၊ ခွဲမွေးသူတွေက ( ၃)လ ပြည့်ရင် Postnatal Yoga ကို လေ့ကျင့်ဖို့ တိုက်တွန်းအကြံပြုချင်ပါတယ်။

?????????????

 

❤️ သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger  (ဒါမှမဟုတ်) Viber/WhatsApp- 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။

 


Categories: BLOG, Blogs

Tags: