သင်တန်းအပ်ရင် ၃လ၊ ၆လ၊ ၁နှစ်က ဘာကွာတာလဲ။

 

♥️ YUTTA YOGA မှာ Online ယောဂ သင်တန်းကြေးကို ( 3 )လအတွက် 24500 ကျပ်၊ ( 6 )လအတွက် 39500 ကျပ်၊ တနှစ်အတွက် 69500 ကျပ်လို့ သတ်မှတ်ထားတော့ တချို့က အဲဒါ ဘာကွာလဲလို့ မေးကြပါတယ်။

♥️ တချို့အတွက် ဒါက ရှင်းရှင်းလင်းလင်း ဖြစ်ပေမယ့် တချို့က သိပ်နားမလည်ကြလို့ ဒီ Post တင်ပြီး ရှင်းပြတာ ဖြစ်ပါတယ်။

♥️ တကယ်‌ကတော့ 6လ ၊ တနှစ် တခါတည်း အပ်ရင် ပိုလျော့ပေးထားတာ ဖြစ်ပါတယ်။ 6လအတွက် 38000 ကျပ် ကျတာကို 32000 ကျပ်လို့ သတ်မှတ်ထားပြီး 6000 ကျပ်ကို လျော့ပေးထားတာ ဖြစ်ပါတယ်။ တနှစ်အတွက် 76000 ကျပ် ကျမှာကို 59000 ကျပ်လို့ သတ်မှတ်ပြီး 17000 ကျပ်ကို လျော့ပေးထားတာ ဖြစ်ပါတယ်။

♥️ ဒါဆို yoga videos တွေကကော တူမှာလား?

♥️ YUTTA YOGA ရဲ့ online yoga အတန်းတွေက video တွေနဲ့ သင်တာ ဆိုပေမယ့် video တွေ အားလုံးကို တခါတည်း ပေးထားတာ မဟုတ်ပါဘူး။ တနေ့တာ လေ့ကျင့်ဖို့ကို နေ့စဉ် ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် video တွေက နေ့စဉ် ပြောင်းနေမှာ ဖြစ်ပါတယ်။ ( အပြင်မှာ သင်တန်းတက်သလိုပါပဲ) အမြဲ video အသစ်တွေတော့ မဟုတ်ပါဘူး။ လေ့ကျင့်ဖူးပြီးသား video တွေလည်း ပြန်လာမှာ ဖြစ်သလို အသစ်အသစ်တွေလည်း လာမှာ ဖြစ်ပါတယ်။

♥️ ဒါကြောင့် 3လ အပ်တဲ့သူနဲ့ 6လ၊ တနှစ် အပ်တဲ့သူက ပထမ 3လမှာ လေ့ကျင့်ရမယ့် video တွေက အတူတူ ဖြစ်ပါမယ်။ ဒါပေမယ့် 3လ ပြည့်ရင်တော့ 3လ အပ်သူက ဝင်ကြည့်လို့ မရတော့ပါဘူး။ အပ်ထားတာ Expired ဖြစ်သွားပါပြီ ( သင်တန်းကြေး ထပ်သွင်းပြီး ထပ်အပ်မှ ပြန်ဝင်လို့ ရမှာ ဖြစ်ပါတယ်)။ 6လ၊ တနှစ် အပ်ထားသူတွေကတော့ ဆက်လေ့ကျင့်ရုံပါပဲ။

♥️ ဒါကြောင့် ဘာကွာလဲဆိုရင် သင်တန်းကြေး သက်သာတာ ကွာပါတယ်ရှင့်။ ရေရှည် လေ့ကျင့်မယ့်သူတွေအတွက် ပိုအဆင်ပြေပါတယ်။

♥️ YUTTA YOGA ရဲ့ App နဲ့ Website အခမဲ့ ဝေမျှပေးထားတဲ့ video တွေလည်း အများကြီး ရှိပါတယ်။ နောက်ထပ်လည်း အများကြီး ဝေမျှပေးသွားဖို့ ရှိပါတယ်။ ဒါကြောင့် YUTTA YOGA ရဲ့ application ကို install လုပ်ထားပေးပါရှင့်။

♥️ YUTTA YOGA မှာ သင်တန်းတက်နေသူတွေ အနေနဲ့ လေ့ကျင့်ဖို့ နေ့စဉ်ပေးထားတဲ့ Video တွေအပြင် Videos For Members ဆိုပြီး တင်ပေးထားတာတွေကိုလည်း ဝင်ကြည့် လေ့လာ လေ့ကျင့်လို့ ရမှာ ဖြစ်ပါတယ်။ ‌ဒါတွေက တနေ့တာအတွက် ယောဂကို လေ့ကျင့်ပြီး အချိန်ရသေးသူတွေ ထပ်လေ့လာ လေ့ကျင့်ဖို့ ဖြစ်ပါတယ်။ ယောဂဆိုင်ရာ ဗဟုသု‌တတွေနဲ့ ယောဂအကွက်တွေ တခုချင်းစီကို အသေးစိပ် ရှင်းပြတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း အများကြီး ထပ်ထပ် တင်ပေးမှာ ဖြစ်ပါတယ်။

♥️ ဒါကြောင့် အပေါ်က ခေါင်းစဉ်ကို ပြန်ဆက်ရရင် 3လ၊ 6လ ၊ တနှစ် ကိုယ်အဆင်ပြေသလို အပ်လို့ ရပါတယ်။ ကိုယ်က ယောဂကို ရေရှည်လေ့ကျင့်မယ် စိတ်ကူးထားရင် တနှစ်အတွက် တခါတည်း အပ်ထားမယ်ဆို 17000 ကျပ် သက်သာမှာ ဖြစ်ပါတယ်။

♥️ တချို့ အစက သိပ်နားမလည်သူတွေ ခုပိုပြီး နားလည်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။

♥️ အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်ရှင့်။


 

‌‌ယောဂကို အခြေခံကနေ နည်းစနစ် မှန်ကန်စွာ လေ့ကျင့်တတ်ဖို့ YUTTA YOGA ရဲ့ Online Yoga Classes တွေ ရှိပါတယ်နော်။ Online Yoga သင်တန်းကို အပ်ချင်သူတွေက ဒီမှာ နှိပ် ပါ။

YUTTA YOGA မှာ ရရှိနိုင်တဲ့ ယောဂပစ္စည်းတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။

YUTTA YOGA မှာ ရောင်းနေတဲ့ အားကစားဝတ်စုံတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။

? သင့်ရဲ့ နေ့ရက်တိုင်း YUTTA YOGA နဲ့အတူ အမြဲ သာယာ လှပနေပါစေ။


Categories: BLOG, Blogs

Tags: