မင်္ဂလာပါ။ Beginner Yoga မှ ကြိုဆိုပါတယ်ရှင့်။
ယောဂ ပုံမှန် လေ့ကျင့်ခြင်းဖြင့် ပိုမို ကျန်းမာ ပျော်ရွှင် လှပတဲ့ ဘဝကို တည်ဆောက်ကြမယ်။
Basic Yoga မှာ လိုက်လေ့ကျင့်နိုင်သူတွေက Basic Yoga မှာပဲ လေ့ကျင့်ပေးပါရှင့်။ ဒီအတန်းက Basic Yoga မှာ မလိုက်နိုင်သေးသူတွေအတွက် ဖြစ်ပါတယ်ရှင့်။
အထူးသဖြင့် အသက်ကြီးသူတွေ၊ အရမ်းဝသူတွေ၊ ရောဂါကြောင့် လှုပ်ရှားရတာ ပုံမှန်လို သိပ်အဆင်မပြေသေးသူတွေ၊ Basic Yoga မှာ မလိုက်နိုင်သေးသူတွေအတွက် ဖြစ်ပါတယ်ရှင့်။ ဒီအတန်းမှာ အရမ်းကို လွယ်ကူ ရိုးရှင်းတဲ့ ယောဂ အကွက်တွေကနေ စလေ့ကျင့်ကြမယ်။
ဒီအတန်းမှာ ၁လ၊ ၂လလောက် လေ့ကျင့်ပြီးရင် Basic Yoga ကို ဆက်တက်ပေးပါရှင့်။
ယောဂက လေ့ကျင့်ရင်းနဲ့မှ ပိုပိုရလာမှာ ဖြစ်ပါတယ်နော်။ ဒါကြောင့် အစပိုင်းမှာ မရသေးတာတွေအတွက် လုံးဝ မစိုးရိမ်ပါနဲ့။ လေ့ကျင့်ရင်း ရလာပါမယ်ရှင့်။ ယောဂက ရေရှည် လေ့ကျင့်ဖို့ ဖြစ်ပါတယ်။
ယောဂ လေ့ကျင့်တဲ့အခါ အရေးကြီးဆုံးက ကိုယ့်ရဲ့ စိတ်ပါပဲ။ ကိုယ့်စိတ်ကို သတိပြုပါ။ စုစည်းပါ။ အာရုံအပြည့်စိုက်ပါ။ လေ့ကျင့်ရင်း တွေးချင်ရာ တွေးနေလား? ကိုယ့်လှုပ်ရှားမှုအပေါ်မှာ အာရုံစိုက်နေလား? ကိုယ့်ကိုယ်ကို သုံးသပ်ပေးပါ။
အစာစားပြီးမှ လေ့ကျင့်မယ်ဆို ၃နာရီလောက် ခြားပေးပြီးမှ လေ့ကျင့်ရပါမယ်ရှင့်။ လေ့ကျင့်ပြီးမှ ရေချိုးမယ် ထမင်းစားမယ်ဆိုရင် နာရီဝက်လောက် နားပြီးမှပဲ လုပ်ပေးပါရှင့်။
ဒီနေ့ လေ့ကျင့်ရမယ့် ယောဂအတွက်
နေ့စဉ် ယောဂ လေ့ကျင့်ဖို့ အပေါ်က ” ဒီမှာ နှိပ်ပါ ” ဆိုတာကို နှိပ်ပြီး ပေါ်လာတာကို လေ့ကျင့်ရမှာ ဖြစ်ပါတယ်ရှင့်။
အမြဲ ကျန်းမာ ပျော်ရွှင် လှပနေဖို့ YUTTA YOGA နဲ့ နေ့စဉ် ယောဂ လေ့ကျင့်ကြမယ်။