![]()
❤️ ယောဂ လေ့ကျင့်ပြီး ရရှိလာတဲ့ အကျိုးကျေးဇူးတွေ၊ တိုးတက်မှုတွေကို ဝေမျှပေးပါဦးရှင့်။
You must be logged in to submit a review.
အကြောတွေအများကြီးပြေလျော့လာပါတယ်လစဉ်ဓမ္မတာပုံမှန်လာပီးနာကျင်ကိုက်ခဲတာလဲလုံးလုံးမဖစ်တော့တာပါရှင်ဝမ်းချုပ်တာလဲမရှိတော့ပါဘူးအသားရည်အရင်ထဲကပိုဖြူလာပီးမျက်နှာလေးလဲနုပျိုပီးပိုလှလာတယ်လို့ခံစားရပါတယ်အစားအသောက်လေးပါဆင်ခြင်လိုက်တော့ဝိတ်လဲကျလာပါတယ်ရှင့်ယောဂလေ့ကျင့်ရတာအကျိုးကျေးဇူးအရမ်းများလို့အရမ်းကြိုက်ပါတယ်
အရင်ထက်အများကြီးအကျောတွေပျော့လာတယ်ရှင့်အရင်ထက်ပိုလုပ်နိုင်လာပီရှင့်
အကြောပိုပျော့ပြောင်းလာသလိုခံစားရတယ်
အကြောပြေတယ်
ယောဂကျင့်ပြီးနှစ်ပတ်ကြာတဲ့နောက် ခန္ဓာကိုယ် ပေါ့ပေါ့ပါးပါး ဖြစ်လာတယ် နှစ်နှစ်ခြိုက်ခြိုက်ပိုအိပ်ပျော်တယ်လို့ခံစားရတယ်
စိတ်ညိမ်ပီး ပေါ့ပါးလာပါတယ်
ကောင်းမွန်တဲ့အတွင်းစိတ်ရဲ့တွန်းအားတွေ ပိုရရှိလာတယ် အလုပ်အပေါ်မှာလည်း ပိုအာရုံစိုက်လာနိုင်သလို ခံစားရတယ်
စိတ်ဖိစီးမှုတွေ သိသိသာသာ လျော့ကျလာတယ်
စိတ်ရော လူရော တကယ်ကိုပေါ့ပါးပြီးတော့ နေလို့အရမ်းကောင်းပါတယ် လည်ပင်းကဘယ်ဘက်ကိုလှည့်ရင် ညာဖက်လည်ပင်းအကြောလို့ပြောရမလား နာနေတာ ၆လလောက်ကြာပီပေါ့နော် ကျမဆေးလုံးဝမသောက်ပါဘူး ယောဂလေ့ကျင့်ရင်တကယ်များသက်သာမလားလို့ ကျမပုံမှန်စိတ်ရှည်ရှည်နဲ့လေ့ကျင့်တာလေ အခုလည်ပင်းလုံးဝမနာတော့ဘူးရှင့်🥰 တီချယ်ရဲ့ စိတ်ရှည်လက်ရှည်သင်ပြပေးတဲ့ကျေးဇူးကြောင့်ပါရှင့်🥰
မိမိစိတ်ပျံ့လွင့်ခြင်းကို ပိုထိန်းချုပ်လာနိုင်တယ်လို့ ခံစားရတယ်
ကိုယ့်ကိုယ်ကိုပိုတန်ဖိုးထားတတ်လာပါတယ်ရှင်။
ညညဆို ထုံကျင်ပြီး ပရုပ်ဆီလိမ်းစရာမလိုဘဲ အကြောတွေပြေပြီး အိပ်လို့ကောင်းသွားပါတယ်ရှင်။ ငုပ်တုပ်ထိုင်ပြီး ခြေထောက်တစ်ဖက်ကားတဲ့နေရာမှာ ထောင့်မှန်ကျအောင် မကားနိုင်သေးပါဘူး။
အရင်ကထက်ပိုပြီးပေါ့ပါးလန်းဆန်းလာပါတယ်ရှင်
ဝိတ်များတော့လိုက်လုပ်ရတာပင်ပန်းပေးမယ့်ပျော်ပါတယ်ရှင် တီချယ်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်
ခန္ဓကိုယ်က တအားတင်းနေတော့ ခြေထောက်မြှောက်တဲ့အကွက်ကို တုန်နေအောင်ထိန်းနေရတယ် ဒါပေမဲ့ကျေနပ်တယ်ဆရာမ
အကြောတွေပြေလျော့ပြီး နေရတာ ပေါ့ပါးလန်းဆန်းလာပါတယ် ဆရာမ
ယောဂကျင့်နေစဥ် စိတ်သက်သောင့်သက်သာစေပြီးတစ်ခြားအပူအပင်သောကစိတ်တွေကင်းဝေးတဲ့ခံစားချက်မျိုးရရှိစေပါတယ်ရှင့်
ယောဂကျင့်ပြီးငါးလကြာတဲ့အခါခြေလက်ထုံကျင်တာပျောက်သွားပါတယ်ရှင့်။ အသားပိုဖြူလာပြီးပိုနုလာတယ်လို့ပြောကြပါတယ်ရှင့်😊😊😊
အကြောတွေပိုပြီးပြေလာပါတယ်။အသက်ရှူလို့ပိုအားရလာပါတယ်။
အကြောတွေပြေလာပါတယ်။အသက်ရှူရတာပိုကောင်းလာပါတယ်။
အကြောတွေပြေလာတယ်။အသက်ရှူရတာလည်ပိုးကောင်းလာပါတယ်။
စိတ်ပျံ့လွင့်တာကို ပိုပြီးထိန်းချုပ်နိုင်ပြီစိတ်တည်ငြိမ်မှုတွေလည်းတဖြေးဖြေးရရှိလာတာကို ခံစားရပါတယ်ရှင့်
ယောဂလေ့ကျင့်ခြင်းသည် ကျမအတွက်အမှန်တကယ် ခန္ဓာကော စိတ်ပါ တည်ငြိမ်မှု ခံစားရစေပြီးသက်သောင့်သက်သာဖြစ်စေသော လေ့ကျင့်မှုတစ်ခုဖြစ်စေတယ်။၎င်းသည် ရေရှည်အတွက် ဆက်လေ့ကျင့်ဖို့ ကျမကို တွန်းအားပေးသော အရာတစ်ခု ဖြစ်စေပါတယ် ။ ဒီယောဂသင်တန်းကို online ကနေ
ဖွင့်ပေးတာ ဆရာမကို အထူးအထူးကျေးဇူးတင်ပါတယ်ရှင့် ။
အသက်ရှူတာသတိသယနဲ့ မှန်မှန်ရှူတတ်လာပါတယ်။ ခန္ဓာစိတ်သက်သောင့်သက်သာကျေနပ်လာပါတယ်။
အကြောတွေလျော့လာတယ်
နောင်းကိုက်တာမဖြစ်တော့ဘူး
ညောင်းကိုက်တာမဖြစ်တော့ဘူး
ညောင်းကိုက်တာ မရှိတော့ဘူး
ညောင်းကိုက်တာမရှိတော့ဘူး
ညောင်းညာကိုက်ခဲံတာတွေမရှိတော့ဘူး
စိတ်ခံစားမှု သက်သောင့်သက်သာဖြစ်စေတယ် လှေခါးတက်ဆင်းလုပ်ရတာလဲ ပိုပေါ့ပါးသလိုလည်းခံစားရတယ်
အလုပ်မသွားခင်စောစောထပီးကျင့်ဖြစ်တယ်ရှင်နောက်ဆုံးအနားယူတော့ခနအိပ်ပျော်သွားတယ်😁
ဒီရက်လုပ်တဲ့အကွက်တိုင်း အဆင်ပြေသလိုပိုခံစားလာရတယ် စိတ်လည်းကျေနပ်မှုရရှိစေတယ်
ဒီနေ့လုပ်ရတဲ့လေ့ကျင့်ခန်းက တော်တော်လေးလိုက်လုပ်ယူရပါတယ် ဒါပေမဲ့ အဆင်ပြေပါတယ်
ယောဂ လုပ်နေရင်းအခြားစိတ်ရှုပ်စရာလေးတွေ မေ့ထားနိုင်တယ် ကိုယ်ခန္ဓာရဲ့ ခံနိုင်ရည်ရှိမှုကို ပိုပြီးသတိထားမိတယ်
ခန္ခာကိုယ်ရောစိတ်ပါ သက်သောင့်သက်သာခံစားရပါတယ်ရှင့်
စိတ်ငြိမ်သက်ခြင်း အကျိုးကျေးဇူးရပါတယ်ရှင့်
အရင်ကနဲ့စာရင်တရားထိုင်ပိုကောင်းပါတယ်ရှင့်
အခုမှပထမအတွေ့အကြုံဖြစ်တဲ့အတွက် တစ်ဆင့်ဆီတိုင်းမှာ မှန်မှန်ကန်ကန်ဆရာမလုပ်ပြတဲ့အတိုင်းလိုက်မလုပ်နိုင်သေးပေမဲ့ စိတ်အာရုံက တစ်ခြားအရာအပေါ်မှာမပျံ့လွင့်ဘဲ ဆရာမ ပြောတဲ့အတိုင်းစီးမျောပါသွားနိုင်တာကို သတိထားမိတယ် သည့်အတွက် စိတ်တည်ငြိမ်မှုတွေအတွက် အကျိုးကျေးဇူးခံစားရပါတယ်ရှင့် ကျေးဇူးတင်ပါတယ်
ချွေးထွက်တော့ နေလို့အရမ်းအဆင်ပြေပါတယ်ရှင်
စစချင်း အကြောတွေတင်း ချွေးပျံ ပြီးတော့ပေါ့ပါးလာပြီးနေလို့ကောင်းလာပါတယ်
ကြာကြာထိုင်နိုင်လာပါတယ်
အညောင်းအညာတွေပြေပြီးနေလို့ကောင်းစိတ်လဲငြိမ်ပါတယ်
sleeping and happy
ဒူးနာနေတာမို့ downward facing dog က က နည်းနည်း ခက်နေတာက လွဲလို့ ကျန်တာ အဆင်ပြေပါတယ် ရှင်
စိတ်ကြည်လင်းလာပြီ နေရတာပေါ့ပါးလာပါတယ်….
ကောင်းကောင်းအိပ်ပျော်ပါတယ်
နေထိုင်ရအရမ်းကောင်းလာပါတယ်
ဒီမနက်အလုပ်ပိတ်တော့စောစောကျင့်ဖြစ်တယ်ရှင့်ကျင့်ရင်းနဲ့ယောဂကိုပိုကြိုက်လာပီရှင်နေလို့ထိုင်လို့တော်တော်ကောင်းတယ်ရှင်ဆက်ကြိုးစားသွားပမယ့်
ကျေးဇူးပါဆရာမရှင့်
အရမ်းကောင်းပါတယ်ရှင်
ဒူးနာလက်ပြင်နာဝေဒနာသည်ပါ လေ့ကျင့်မှုတလတောင်မပြည့်သေးခင် သက်သာလာပါတယ် ဘော်လီချ်တ်ဖြုတ်နိုင်တော့မယ် အရင်ကဘယ်လက်အနောက်မပို့န်ုင်ပါ ခုချိတ်ကိုထိနေပြီ ဆက်ကြိုးစားပါ့မယ်ရှင်