ဓမ္မတာ လာနေချိန် ယောဂ လေ့ကျင့်လို့ ရလား။

 

ဓမ္မတာ လာနေချိန်မှာ ယောဂ လေ့ကျင့်လို့ ရလားဆိုတာ အရမ်းမေးကြပါတယ်။ ယောဂ စလေ့ကျင့်တဲ့ အမျိုးသမီးတွေရဲ့ အမေးအများဆုံးထဲက တခု ဖြစ်ပါတယ်။

အဖြေကတော့ ယောဂ လေ့ကျင့်လို့ ရပါတယ်ရှင့်။ ဒါပေမယ့် သတိထားရမှာလေးတွေ ရှိပါတယ်။ ခန္ဓာကိုယ် မအီမသာ ဖြစ်နေရင်၊ အားနည်းနေတယ်လို့ ခံစားနေရရင်၊ ခေါင်းမူးတာတွေ ခံစားရရင် မလေ့ကျင့်ဘဲ နားပေးတာက အကောင်းဆုံး ဖြစ်ပါတယ်ရှင့်။

ဓမ္မတာ လာနေပေမယ့် ကိုယ်က သက်သောင့်သက်သာ၊ လန်းလန်းဆန်းဆန်း ရှိနေရင် လေ့ကျင့်လို့ ရပါတယ်။ ဒါပေမယ့် Headstand Yoga Pose လိုမျိုး ခြေထောက်ကို အပေါ်ထောင်ရတဲ့ အကွက်တွေကိုတော့ မလေ့ကျင့်ရပါဘူး။

YUTTA YOGA မှာ တက်နေသူဆိုရင်တော့ အဲလို မလေ့ကျင့်ရတဲ့ အကွက်တွေ ပါလာရင် ဆရာမက သတိပေး ပြောပေးပါတယ်ရှင့်။ ဒါကြောင့် လေ့ကျင့်နေချိန်မှာ ဆရာမ ပြောပြတာတွေကို ဂရုစိုက် နားထောင်ပေးရင် အဆင်ပြေပါတယ်ရှင့်။

?????????????

 

❤️ သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger  (ဒါမှမဟုတ်) Viber/WhatsApp- 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။

 

 


Categories: Q & A