ဝနေသူတွေ ယောဂ လေ့ကျင့်လို့ ရလား။

 

ဝနေလို့ ယောဂ လေ့ကျင့်လို့ ရလား ဆိုပြီး မေးကြပါတယ်။

အဖြေကတော့ ရပါတယ်ရှင့်။ ပိုတောင် လေ့ကျင့်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရမ်းဝနေရင် နေရထိုင်ရတာလည်း မလန်းဆန်းသလို၊ ရောဂါတွေလည်း ဖြစ်ဖို့ အခွင့်အလမ်း ပိုများစေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမှာလည်း ထိခိုက်စေပါတယ်။

ယောဂ လေ့ကျင့်ခြင်းက သွေးလည်ပတ်မှုတွေ၊ ကြွက်သားတွေ၊ အရိုး အကြောတွေ၊ ခန္ဓာကိုယ် တခုလုံးနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာလည်း အများကြီး ကျန်းမာစေလာတဲ့အတွက်ကြောင့် ဝနေသူတွေအတွက် ယောဂက အရမ်းသင့်တော်ပါတယ်ရှင့်။

ယောဂ လေ့ကျင့်ခြင်းက ဝိတ်ကျဖို့ အဓိက မဟုတ်ပေမယ့် ပုံမှန် ရေရှည် လေ့ကျင့်ရင်၊ အစားအသောက်လည်း ဂရုစိုက်မယ်ဆိုရင် အမှန်တကယ် ဝိတ်လည်း ကျစေပါတယ်ရှင့်။ ယောဂ လေ့ကျင့်ခြင်းက အဆီပိုတွေကို လောင်ကျွမ်းစေလို့ ဖြစ်ပါတယ်။

ယောဂ လေ့ကျင့်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးစေလာပါတယ်ရှင့်။

ဒါကြောင့် ဝနေသူတွေကို ယောဂ လေ့ကျင့်ဖို့ အထူးအကြံပြု တိုက်တွန်းချင်ပါတယ်ရှင့်။

?????????????

 

❤️ သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger  (ဒါမှမဟုတ်) Viber/WhatsApp- 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။

 


Categories: Q & A