Basic Yoga Class

မင်္ဂလာပါ။

​ယောဂကို အ​ခြေခံက​နေ နည်းစနစ် မှန်ကန်စွာ သင်ယူ​လေ့ကျင့်ချင်တယ်ဆိုရင် ဒီအတန်းကို အပ်​ပေးပါရှင့်။ ခုမှ ​ယောဂကို စ​လေ့ကျင့်မယ့်သူ​တွေ ဖြစ်ဖြစ်၊ ​လေ့ကျင့်လာတာ (၁)နှစ် မပြည့်​​သေးသူ​တွေ ဖြစ်ဖြစ် ဒီအတန်းကို အပ်​ပေးပါ။ ဒီအတန်းမှာ အ​ခြေခံက​နေ စပြီး စနစ်တကျ သေချာ သင်ပြ​ပေးထားပါတယ်ရှင့်။

နေ့စဥ် ​လေ့ကျင့်ဖို့ အကောင်းဆုံး ပြင်ဆင်ထားတဲ့ Videos တွေနဲ့  နေ့တိုင်း စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ အပ်ထားတဲ့ အချိန်ကာလအတွင်း ကိုယ်အားတဲ့အချိန် ​လေ့ကျင့်လို့ ရပါတယ်။ ​နေ့တိုင်း မ​လေ့ကျင့်နိုင်ဘူးဆိုရင်လည်း တပတ်မှာ (၄)ရက်လောက် ​လေ့ကျင့်ပေးနိုင်ရင် အရမ်းကောင်းပါတယ်ရှင့်။ လေ့ကျင့်ချိန် တနာရီလောက် ကြာပါမယ်ရှင့်။

ဒီအတန်းမှာ အနည်းဆုံး (၁)နှစ် ​လေ့ကျင့်ဖို့ အကြံပြုချင်ပါတယ်။ ဒါမှ ခန္ဓါနဲ့စိတ်အတွက် ​ယောဂ အ​ခြေခံ​တွေကို ပိုင်နိုင်မှာ ဖြစ်ပါတယ်ရှင့်။

သင်တန်း​ကြေးက ( 1 )လအတွက် 6 USD ဖြစ်ပါတယ်ရှင့်။ အပ်ထားတာ ပြည့်ရင်လည်း ဒီအတန်းကိုပဲ ထပ်ထပ်အပ်ပြီး ဆက်တက်ပေးပါ။ ဒီ Basic Yoga အတန်းက ၁နှစ်အတွက် ပြင်ဆင်ထားတာ ဖြစ်လို့ သင်ခန်းစာတွေက နေ့စဉ် ပြောင်းနေမှာ ဖြစ်ပါတယ်ရှင့်။ ဒီအတန်းမှာ ၁နှစ်ပြည့်ပြီဆိုရင် Intermediate Yoga အတန်းကို ဆက်တက်လို့ ရပါတယ်ရှင့်။

( တခါတည်း 3လ၊ 6လ၊ 1နှစ်၊ 2နှစ် အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger or Viber/Telegram/WhatsApp – 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။)


 

 

ဒီမှာ တက်ဖူးသူ​တွေ ( အရင်က Register/ Sign Up လုပ်ထားဖူးသူ​တွေ ) က အရင်ဆုံး Login ဝင်ရမှာ ဖြစ်ပါတယ်ရှင့်။


Categories: