မင်္ဂလာပါ။
ယောဂ လေ့ကျင့်ခြင်းဖြင့် အမြဲ ကျန်းမာ၊ နုပျို၊ လှပ၊ ပျော်ရွှင်ပါစေ။
ကိုယ်အပ်ထားတဲ့ အတန်းကို နှိပ်ပြီး လေ့ကျင့်ပေးပါရှင့်။
Basic Yoga
Intermediate Yoga
Advanced Yoga
Pregnancy Yoga
Postnatal Yoga
သင်တန်း မအပ်သေးသူတွေက ဒီ အခမဲ့ Beginner Yoga မှာ လေ့ကျင့်လို့ ရပါတယ်ရှင့်။
အခမဲ့ Beginner Yoga
အပ်ပြီးမှ အဆင်မပြေဘူးဆိုရင် (၇)ရက်အတွင်း သင်တန်းကြေး ပြန်ထုတ်ယူလို့ ရပါတယ်ရှင့်။
သင်တန်းကြေး
သင်တန်းကြေးက အရမ်းသက်သာပါတယ်ရှင့်။
1လ - 30000 ကျပ်၊ 3လအပ်ရင် 2လလက်ဆောင် (5လ - 90000 ကျပ်)၊ 6လအပ်ရင် 6လလက်ဆောင် (1နှစ် - 180000 ကျပ်)၊ 1နှစ်အပ်ရင် 2နှစ်လက်ဆောင် (3နှစ် - 360000 ကျပ်)၊ 2နှစ်အပ်ရင် 6နှစ်လက်ဆောင် (8နှစ် - 720000 ကျပ်)။
ယောဂက ရေရှည် လေ့ကျင့်ရမှာ ဖြစ်လို့ ခုလို အပိုလက်ဆောင်တွေ အများကြီး ရနေတုန်း နှစ်ချီ အပ်ထားစေချင်ပါတယ်ရှင့်။ အချိန်တန်ရင် အတန်းတွေက အဆင့်ဆင့် ပြောင်းတက်လို့ ရပါတယ်ရှင့်။
သင်တန်းကြေးကို KBZPay (Yu Tar ) - 09796303902 ကို လွဲပေးပါရှင့်။ AYAPay, CBPay, Wave လည်း အဲဒီ နံပါတ်ကိုပဲ လွဲပေးလို့ ရပါတယ်ရှင့်။ လွဲထားတာကို Screenshot ရိုက်ပြီး ဒီ Facebook Messenger or Telegram Account ကို ပို့ပေးထားပါရှင့်။
ဆက်သွယ်ရန်
YUTTA YOGA ကို ဒီ Facebook Messenger နဲ့ Telegram Account ကနေ ဆက်သွယ်လို့ ရပါတယ်ရှင့်။
သင်တန်းအကြောင်း
သင်တန်းက ဆရာမ YU TA ရဲ့ ယောဂ videos သင်ခန်းစာတွေနဲ့ အေးအေးဆေးဆေး လေ့ကျင့်ရမှာ ဖြစ်ပါတယ်ရှင့်။ အသေးစိတ် သေချာ ရှင်းပြ သင်ကြား ပေးထားလို့ ယောဂ မလေ့ကျင့်ဖူးသူတွေလည်း အရမ်း အဆင်ပြေကြပါတယ်ရှင့်။ အသက် 20 ကနေ 70 ထိ သင်တန်းသူ/သားပေါင်း သောင်းချီ အဆင်ပြေပြေ လေ့ကျင့်နေကြပါတယ်ရှင့်။
မရှင်းတာတွေ သိချင်တာတွေ ရှိရင်လည်း ဆရာမနဲ့ အမြဲမေးမြန်း ဆွေးနွေးလို့ ရပါတယ်ရှင့်။ စလေ့ကျင့်ခါစမှာ အခြေခံ လွယ်ကူတာကနေ ကိုယ်ရသလောက် ဖြည်းဖြည်းချင်းပဲ စလေ့ကျင့်ရမယ်ရှင့်။ လေ့ကျင့်ရင်းနဲ့ ပိုပို ရလာပါမယ်ရှင့်။ ကိုယ်ကောစိတ်ကော ပိုပိုကျန်းမာ လှပလာပါမယ်ရှင့်။
အချိန်
အချိန်က အပ်ထားတဲ့ လတွေအတွင်း အားတဲ့အချိန်တွေမှာ လေ့ကျင့်လို့ ရပါတယ်ရှင့်။ နေ့တိုင်း လေ့ကျင့်လည်း ရသလို တပတ်မှာ ၃ရက် ၄ရက် လေ့ကျင့်နိုင်ရင်လည်း အရမ်းကောင်းမွန်ပါတယ်ရှင့်။ တခါလေ့ကျင့်ရင် ၁နာရီလောက် အချိန်ပေးရပါမယ်ရှင့်။ Beginner, Pregnancy, Postnatal Yoga တွေမှာတော့ ၄၀ မိနစ်လောက်ပဲ အချိန်ပေးရပါတယ်ရှင့်။
အတန်းများ
Basic Yoga မှာ အနည်းဆုံး ၁နှစ် လေ့ကျင့်ပြီးမှ Intermediate Yoga ကို ဆက်တက်ပေးပါရှင်။ အခြေခံက အရေးကြီးပါတယ်။ Basic မှာ သေချာ ရှင်းပြထားပါတယ်ရှင့်။ Intermediate မှာ အနည်းဆုံး ၂နှစ်ကျော် လေ့ကျင့်ပြီးမှ Advanced Yoga ကို ဆက်တက်ပေးပါရှင့်။
Pregnancy Yoga က ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ဖြစ်ပါတယ်ရှင့်။ ကိုယ်ဝန် ၃လ ပြည့်ပြီဆိုရင် စတက်လို့ ရပါတယ်ရှင့်။ Postnatal Yoga က ကလေးမွေးပြီးခါစ မေမေတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခွဲစိတ်ထားရသူတွေအတွက် ဖြစ်ပါတယ်ရှင့်။ ရိုးရိုးမွေးတာဆိုရင် ၂လကြာပြီဆိုရင် စတက်လို့ ရပါပြီရှင့်။ ခွဲထားတာဆိုရင် ၃လ ကြာရင် စတက်လို့ ရပါတယ်ရှင့်။
ဆောင်ရန်ရှောင်ရန်များ
ထမင်း စားပြီးမှ ယောဂ လေ့ကျင့်မယ်ဆိုရင် ၂နာရီကျော် ခြားပေးပြီးမှ (အစာတွေ ကြေပြီးမှ) လေ့ကျင့်ရပါမယ်ရှင့်။ လေ့ကျင့်ပြီးမှ စားမယ်ဆိုရင် ၂၀ မိနစ်လောက် နားပြီးမှ စားပေးပါရှင့်။ ရေက သောက်လို့ ရပါတယ်ရှင့်။
ရေချိုးပြီးမှ လေ့ကျင့်လည်း ရသလို ရေမချိုးခင် လေ့ကျင့်လည်း ရပါတယ်ရှင့်။ လေ့ကျင့်ပြီးမှ ရေချိုးမယ်ဆိုရင်တော့ ချက်ချင်း မချိုးသေးဘဲ နာရီဝက်လောက် နားပြီးမှ ရေချိုးပေးပါရှင့်။
ဓမ္မတာ လာနေချိန်လည်း ယောဂ လေ့ကျင့်လို့ ရပါတယ်ရှင့်။ လေ့ကျင့်လို့ မရတဲ့ အကွက်တွေ ပါရင် ပြောပြပေးပါတယ်ရှင့်။ ဒါပေမယ့် နေထိုင်မကောင်း မအီမသာ ဖြစ်နေရင်တော့ နားပေးပါရှင့်။
ယောဂ လေ့ကျင့်ပြီး ဘာကျိုးကျေးဇူးတွေ ရရှိလာကြလဲ။
အကျိုးကျေးဇူးများ
အသက်ကြီးသူ ငယ်သူ၊ အမျိုးသား အမျိုးသမီး၊ ပိန်သူ ဝသူ၊ လူတိုင်း ယောဂ လေ့ကျင့်လို့ ရပါတယ်ရှင့်။ လေ့ကျင့်သင့်ပါတယ်ရှင့်။
ယောဂက လေ့ကျင့်ရတာ မခက်ပါဘူး။ လူတိုင်း စလေ့ကျင့်နိုင်ပါတယ်။ သင်လည်း ကျွမ်းကျင်တဲ့ထိ သင်ယူ လေ့ကျင့်နိုင်ပါတယ်။ အခြေခံကနေ နည်းစနစ် မှန်ကန်စွာ တဆင့်ချင်း ဖြည်းဖြည်း မှန်မှန် လေ့ကျင့်သွားဖို့ပဲ လိုတာ ဖြစ်ပါတယ်။ အဲဒီအတွက် YUTTA YOGA မှာ အားလုံးကို သေချာ ပြင်ဆင်ထားပါတယ်ရှင့်။
ကျွန်မက နည်းပညာတက္ကသိုလ်မှာ ဆရာမအဖြစ် ( ၅ ) နှစ်ကျော် လုပ်ခဲ့ပြီးမှ ယောဂ ဆရာမ ဘဝကို ပြောင်းလာတာ ဖြစ်ပါတယ်။
အရင်က အခက်အခဲ အများကြီးနဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဓါတ်ကျတာတွေ၊ အိပ်မပျော်တာတွေ၊ ခဏခဏ ဖျားနာတာတွေကို တွေ့ကြုံ ခံစားခဲ့ရပြီး ယောဂ ပုံမှန် လေ့ကျင့်ပြီးမှ ပြန်ကျန်းမာလာခဲ့တာ ဖြစ်ပါတယ်။
ယောဂကို အရမ်းကြိုက်လာပါတယ်။ ယောဂ လေ့ကျင့်ရရင် လူက တက်ကြွလာပါတယ်။ ပျော်ရွှင်လာပါတယ်။ သူများကိုလည်း ယောဂအကြောင်း ဝေမျှပေးချင်လာပါတယ်။ ယောဂက ကိုယ်ခန္ဓါအတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အရမ်းကောင်းမွန်စေပါတယ်ရှင့်။
လူတိုင်းကို ယောဂ လေ့ကျင့်စေချင်ပါတယ်။ ယောဂ ပုံမှန် လေ့ကျင့်ခြင်းအားဖြင့် ခန္ဓါနဲ့စိတ် အမြဲကျန်းမာ ရွှင်လန်းကြပါစေ။
❤️ အမြဲ ကျန်းမာ လှပနေဖို့ YUTTA YOGA နဲ့ နေ့စဉ် ယောဂ လေ့ကျင့်ကြမယ်။
