ဘယ်ယောဂအတန်း တက်ပြီး လေ့ကျင့်ရမလဲ။

YUTTA YOGA မှာ Basic Yoga, Intermediate Yoga, Pregnancy Yoga နဲ့ Postnatal Yoga ဆိုပြီး Online ယောဂအတန်း (၄)ခု ရှိပါတယ်။ ယောဂကို ခုမှ စလေ့ကျင့်မယ့်သူတွေနဲ့ လေ့ကျင့်လာတာ တနှစ် မပြည့်သူတွေက Basic Yoga ကို အပ်ရပါမယ်ရှင့်။ ယောဂကို တစိုက်မတ်မတ် လေ့ကျင့်လာတာ ( ၁ )နှစ်ကျော် ရှိပြီးသူတွေက Intermediate Yoga အတန်းကို အပ်ရပါမယ်။

Pregnancy Yoga က ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ဖြစ်ပါတယ်။ ကိုယ်ဝန်ကာလ (၃)လ ပြည့်မှ စအပ်ပေးပါရှင့်။ မမွေးခင် (၂)ပတ်အလိုထိ လေ့ကျင့်လို့ ရပါတယ်ရှင့်။ Postnatal Yoga က မီးဖွားပြီးခါစ အမျိုးသမီးတွေအတွက် ဖြစ်ပါတယ်။ ရိုးရိုးမွေးထားသူတွေက (၂)လဆို စလေ့ကျင့်လို့ ရပါပြီ။ ဗိုက်ခွဲမွေးထားသူတွေက (၃)လ ကြာပြီဆိုရင် အပ်ပြီး လေ့ကျင့်လို့ ရပါပြီရှင့်။ ဒီ Postnatal Yoga မှာ (၆)လလောက် လေ့ကျင့်ပြီးမှ Basic Yoga ကို ဆက်လေ့ကျင့်ပေးဖို့ အကြံပြုချင်ပါတယ်ရှင့်။

တခြားကိစ္စတွေကြောင့် ဗိုက်ခွဲ ကုသရသူတွေလည်း ခွဲထားတာ (၃)လလောက် ကြာပြီဆိုရင် Postnatal Yoga မှာ လေ့ကျင့်လို့ ရပါတယ်ရှင့်။ ကိုယ်ရသလောက်ကနေပဲ ဖြည်းဖြည်းချင်း လေ့ကျင့်ပေးရပါမယ်။ ပြင်းထန်တဲ့ အကွက်တွေ မပါပါဘူးရှင့်။

Basic Yoga ကနေ စတက်သူတွေက Intermediate Yoga ကို တက်ဖို့ စိတ်မလောစေချင်ပါဘူး။ ယောဂ လေ့ကျင့်တယ်ဆိုတာက ကိုယ့်ရဲ့ ကြွက်သားတွေ၊ အရိုးတွေ၊ အကြောတွေ၊ စိတ်ပိုင်းဆိုင်ရာတွေ၊ အသက်ရှူသွင်းရှူထုတ်တွေကို စနစ်တကျ လေ့ကျင့်ပေးရတာပါ။ ဒါကြောင့် အချိန် လိုပါတယ်။ အချိန်ယူပြီး လေ့ကျင့်ပေးရပါမယ်။ (အကွက်တွေကို သိဖို့၊ မှတ်မိဖို့၊ အလွတ်ရဖို့ပဲ မဟုတ်ပါဘူး။)

ဒါကြောင့် Basic Yoga မှာ အနည်းဆုံး ၁နှစ် လေ့ကျင့်ပေးဖို့ အထူးအကြံပြုချင်ပါတယ်ရှင့်။ အခြေခံတွေ ပိုင်နိုင်ပြီဆိုမှ နောက်တဆင့် တက်တာက အကောင်းဆုံး ဖြစ်ပါတယ်။ Basic Yoga က တနှစ်ပတ်လုံးအတွက် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က Basic Yoga မှာ ပျက်ရက်တွေ များနေတယ်ဆိုရင် Basic Yoga မှာပဲ တနှစ်ခွဲ၊ ၂နှစ်လောက် လေ့ကျင့်ပေးရင် ပိုကောင်းပါတယ်။ တကယ်တက်ပြီး လေ့ကျင့်ကြည့်တဲ့အခါ ပိုနားလည်လာမှာ ဖြစ်ပါတယ်။

ယောဂက ယှဉ်ပြိုင်ခြင်း မဟုတ်ပါဘူး။ တယောက်နဲ့ တယောက်က ရတာချင်း အမြဲ တူညီနေမှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ် ဖွံ့စည်းပုံချင်းလည်း တယောက်နဲ့တယောက် မတူကြပါဘူး။ သူ့အတွက် လွယ်တာက ကိုယ့်အတွက် ခက်ခဲတာတွေ ရှိနိုင်သလို ကိုယ်က လွယ်လွယ်ရတာကို သူ မရနိုင်တာတွေလည်း ရှိမှာ ဖြစ်ပါတယ်။ ဒါကို နားလည်ထားဖို့ လိုပါတယ်။ ကိုယ်တယောက်တည်းတောင် ဘယ်နဲ့ညာ လုပ်နိုင်တာချင်း မတူပါဘူးနော်။ ဒါတွေက သဘာဝပါ။

ဒါကြောင့် ကိုယ်ရသလောက်ကနေပဲ ဖြည်းဖြည်းချင်း စလေ့ကျင့်ပေးပါ။ မရသေးတာကို အတင်းကြီး လိုက်လုပ်စရာ မလိုပါဘူး။ လေ့ကျင့်ရင်း ပိုပိုရလာပါမယ်။ ယောဂက ရေရှည် လေ့ကျင့်ဖို့ ဖြစ်ပါတယ်ရှင့်။

ယောဂ ပုံမှန် လေ့ကျင့်ခြင်းဖြင့် ပိုပြီး ကျန်းမာ၊ ပျော်ရွှင်၊ လှပကြပါစေ။

?????????????

 

❤️ သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger  (ဒါမှမဟုတ်) Viber/WhatsApp- 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။

 


Categories: BLOG, Blogs

Tags: