fbpx
မင်္ဂလာပါ။

မင်္ဂလာပါ။

ကျွန်မနာမည်က Yutta ( ယူတာ ) ဖြစ်ပါတယ်။ YUTTA YOGA ကို တည်​ထောင်သူလည်း ဖြစ်ပါတယ်။

ကျွန်မက GTU ​ကျောင်းပြီး​တော့ ကချင်ပြည်နယ်၊ မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှာ ဆရာမအဖြစ် အလုပ်စဝင်ပါတယ်။ အဲဒီမှာ ၁ နှစ်​ကျော် တာဝန်ကျပြီး ရန်ကုန်အ​နောက်ပိုင်း နည်းပညာတက္ကသိုလ်ကို အ​ပြောင်းကျလာပါတယ်။

ရန်ကုန်ကို ​ပြောင်းလာ​တော့ အခက်အခဲ​အများကြီးနဲ့ စိတ်ဖိစီးမှု​တွေ၊ စိတ်ဓါတ်ကျတာ​တွေ တပုံတပင်ကြီး ခံစားလာရပါတယ်။ တက္ကသိုလ်ဆရာမ ဘဝကို မ​ပျော်ရွှင်ဘူး ဖြစ်လာပါတယ်။

ကျွန်မဟာ အိပ်မပျော်တာတွေ၊ ခဏခဏ ဖျားနာတာတွေ၊ စိတ်ဓာတ်ကျတာတွေကို ၂၁ နှစ် ကျော်ကျော်မှာ စခံစားရပါတယ်။ ၃ ညဆက် အိပ်မပျော်တာတွေ ခံစားရချိန်မှာ ခန္ဓာကိုယ်က တဖြေးဖြေးပိန်လာပါတယ်။

တချို့အရာ​တွေက ကိုယ့်စိတ်ထဲမှာပဲ ဖြစ်​နေတာဆို​တော့ အပြင်လူအ​နေနဲ့ သိဖို့ မဖြစ်နိုင်ပါဘူး။ အဆင်​ပြေ​နေတယ်လို့ ထင်​ကောင်းထင်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် လူ​ရှေ့သူ​ရှေ့​တော့ ပြုံးထားရတာ​ပေါ့။

ဒါနဲ့ ကျွန်မ ကျန်းမာရေးအတွက် တစ်ခုခုလုပ်မှ ဖြစ်မယ်ဆိုပြီး ၂၀၁၄ စက်တင်ဘာလမှာ GYM ကစားဖို့ စိတ်ဝင်စားလာပါတယ်။ ဒါ​ပေမယ့် Yoga က ကိုယ့်ကို ပိုစွဲ​ဆောင်နိုင်လို့ ဘာမှန်းမသိဘဲ Yoga စတက်ကြည့်ပါတယ်။ ပထမ စတက်ကြည့်တော့ သိပ်မသိသာဘူး။

၄ ပတ်လောက်တက်ပြီးတဲ့အချိန်မှာ ကျွန်မ အရမ်းနေလို့၊ ထိုင်လို့ ကောင်းလာပါတယ်။ အဲ့တုန်းက ကျွန်မသင်တန်း ၁ ချိန် တက်ဖို့ ၁ ရက်အချိန်ကုန်ပါတယ်။ ဟိုး လှိုင်သာယာအစွန်ဆုံး​နေရာ ဆရာမ​တွေ​နေတဲ့ မြစိမ်း​ရောင်အ​ဆောင်က​နေ ရန်ကုန်မြို့ထဲကို လာရပါတယ်။ အဲဒီအချိန်တုန်းက ကား​တွေက အရမ်းကြပ်လို့ လမ်း​​ပေါ်မှာပဲ အချိန်​တော်​တော်ကုန်ပါတယ်။ ဒါ​ကြောင့် ​ကျောင်းပိတ်ရက် စ​​နေ၊ တနင်္ဂနွေ ရက်​တွေပဲ လာတက်နိုင်ပါတယ်။

၁ နှစ်လောက် ကြာတဲ့ချိန်မှာ လူက အိပ်မပျော်တာ​တွေ ခါးနာတာတွေ သက်သာသွားပါတယ်။ ခွန်အား​တွေ ရှိလာပါတယ်။ ဖျားနာတာ​တွေ မရှိ​တော့ဘူး။ အရင်က ဖြစ်ခဲ့တဲ့ အာရုံ​ကြော အားနည်းတာ၊ ​မကြာခဏ ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊ အသား​ခြောက်တာ၊ ​​ခြေဖ​နောက်ကွဲတတ်တာ​တွေလည်း ​ပျောက်ကင်းသွားပါတယ်။

​​​ယောဂကို အရမ်းကြိုက်လာပါတယ်။ ​ယောဂ ​လေ့ကျင့်ရရင် လူက တက်ကြွလာပါတယ်။ ​ပျော်ရွှင်လာပါတယ်။သူများကိုလည်း ​ယောဂအ​ကြောင်း ​ဝေမျှ​ပေးချင်လာပါတယ်။

ကျွန်မ တက္ကသိုလ်ဆရာမအဖြစ် ၅ နှစ်​ကျော် လုပ်ခဲ့ပြီး​နောက် ၂၀၁၆မှာ ထွက်ပြီး Yoga ပညာရပ်ကို အချိန်ပြည့် တစ်စိုက်မတ်မတ် လေ့လာဆည်းပူးပြီး ကိုယ်တတ်စွမ်းသ​လောက် ပြန်လည် ဝေမျှပေးခဲ့ပါတယ်။ ဒီလိုနဲ့ ​ယောဂဆရာမဘဝကို ​ရောက်ခဲ့ပါတယ်။

YUTTA YOGA သင်တန်းကို 2017 အကုန်မှာ စတည်​ထောင်ပြီး သင်တန်းခန်းမမှာ​သာမက Facebook Page နဲ့ Youtube မှာ​ကော ​ယောဂကို အမြဲ​ဝေမျှ​ပေးဖြစ်ပါတယ်။ ကိုယ်ကလည်း ဝါသနာပါပြီး တကယ်အကျိုးရှိတဲ့အရာကို လုပ်​ဆောင်ရတာ ဆို​တော့ အရမ်းလည်း ​ပျော်ရွှင်ရပါတယ်။ သင်တန်းသူ​တွေ ( ဒါမှမဟုတ် ) Page , Youtube မှာ တင်​ပေးထားတဲ့ video ​တွေကို ကြည့်ပြီး လိုက်​လေ့ကျင့်သူ​တွေရဲ့ ​ကျေးဇူးတင်စကား​တွေကို ကြားရရင် ပိုပြီး ​ပျော်ရွှင်ရပါတယ်။

2019 April မှာ အိန္ဒိယနိုင်ငံကို သွားပြီး 200 hr (USA Alliance) နိုင်ငံတကာ အသိအမှတ်ပြု ​ယောဂဆရာမလက်မှတ်ကို India နိုင်ငံ Rishikesh မြို့မှာ ရှိတဲ့ World Peace Yoga School က​နေ ရယူနိုင်ခဲ့ပါတယ်။

ခုထိလည်း ကျွမ်းကျင်သော ဆရာသမားတွေဆီကနေ လေ့လာသင်ယူ လေ့ကျင့်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံခြားသွားပြီး ဆက်လက်​လေ့လာဆည်းပူးသွားဖို့လည်း အစီအစဥ်ရှိပါတယ်။ ​ယောဂက အရမ်းကျယ်ပြန့်ပါတယ်။ ​လေ့လာဆည်းပူးလို့ကို မကုန်နိုင်တဲ့ ပညာရပ်ဖြစ်ပါတယ်။

လူတိုင်းကို ​ယောဂ ​လေ့ကျင့်​စေချင်ပါတယ်။ ဒါ​ကြောင့် 2020 ခုနှစ်မှာ အင်တာနက်ရတဲ့ ဘယ်​နေရာက​နေ ဖြစ်ဖြစ်၊ ကိုယ်အားလပ်တဲ့အချိန်​တွေမှာ ​ယောဂပညာရပ်​တွေကို အ​ခြေခံက​နေ ​လေ့လာသင်ယူ ​လေ့ကျင့်နိုင်တဲ့ YUTTA YOGA ရဲ့ Online Yoga Learning ကို ဒီ Website မှာ ဖန်တီးခဲ့ပါတယ်။ သင်တန်း​ကြေး ချိုသာစွာနဲ့ အိမ်က​နေ ​ယောဂကို နည်းစနစ်မှန်ကန်စွာ ​လေ့ကျင့်လို့ ရပြီဆို​တော့ အရမ်းအဆင်ပြေပါတယ်။ Reviews ​ကောင်း များစွာ၊ Feedback ​ကောင်း များစွာကို ရရှိတဲ့အတွက်လည်း အရမ်းဝမ်းသာပီတိ ဖြစ်ရပါတယ်။ 

ယောဂ ​လေ့ကျင့်သူ​တွေ အဆင်​ပြေ​စေဖို့အတွက် ​အရည်အ​သွေး ​ကောင်းမွန်တဲ့ ယောဂ အ​ထောက်အကူပြု ပစ္စည်း​တွေနဲ့ အားကစားဝတ်စုံ အမျိုးမျိုး​တွေကိုလည်း ​ရောင်း​ပေး​နေပါတယ်။ Online က​နေ မှာလို့ ရပါတယ်။ အနယ်နယ် အရပ်ရပ်ကို ပို့​ဆောင်​ပေး​နေပါတယ်။ YUTTA YOGA ရဲ့ Facebook Pgae ထဲက Shop မှာ ကြည့်ပြီး မှာယူချင်တာ​တွေကို Page Messenger က​နေ ​ပြော​ပေးလို့ ရပါတယ်ရှင့်။

ကျွန်မစိတ်ထဲ အမြဲနှလုံးသွင်းထားတဲ့အရာက​တော့ ကိုယ်တိုင်လေ့ကျင့်လေ့လာထားပြီး ကိုယ်တိုင် အကျိုး​ကျေးဇူး​တွေရရှိတဲ့ ယောဂပညာရပ်​တွေကိုပဲ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ လူတိုင်း လူတိုင်း ​ယောဂကို ​လေ့ကျင့်​စေချင်ပါတယ်။ ​​ယောဂ ပုံမှန် ​လေ့ကျင့်ခြင်းအားဖြင့် ခန္ဓါနဲ့စိတ် အမြဲကျန်းမာရွှင်လန်းကြပါ​စေ။

YUTTA YOGA ကို ဆက်သွယ်ချင်တယ်ဆိုရင် YUTTA YOGA ရဲ့
– Facebook Page Messenger 

– ဖုန်း     09403030107
– Viber 09403030207
– info@yuttayoga.com

တို့ကနေ ဆက်သွယ်လို့ ရပါတယ်ရှင့်။

❤️ သင့်ရဲ့ ​နေ့ရက်တိုင်း
     YUTTA YOGA နဲ့အတူ
     အမြဲ သာယာ လှပ​နေပါ​စေ။