fbpx

Online Yoga Classes

မင်္ဂလာပါ။ YUTTA YOGA မှ ကြိုဆိုပါတယ်ရှင့်။

YUTTA YOGA မှာ ခုလောလောဆယ် Online Yoga သင်တန်းတွေပဲ ရှိပါတယ်ရှင့်။ အပြင်သင်တန်းတွေက ပိတ်ထားပါတယ်ရှင့်။

Online Yoga သင်တန်း အပ်ဖို့ အလွယ်ကူဆုံးနဲ့ အကောင်းဆုံးကတော့ YUTTA YOGA ရဲ့  Facebook Messenger (ဒါမှမဟုတ်) Viber/WhatsApp – 09403030207 ကနေ ဆက်သွယ်ပြီး အပ်တာ ဖြစ်ပါတယ်ရှင့်။

YUTTA YOGA ရဲ့ Online Yoga အတန်းတွေက ကြိုတင် ရိုက်ကူး သေချာ ပြင်ဆင်ထားတဲ့ ဆရာမ Yutta ရဲ့ Yoga Videos သင်ခန်းစာတွေနဲ့ နေ့စဉ် လေ့ကျင့်ဖို့ စနစ်တကျ စီစဉ်ပေးထားတာ ဖြစ်ပါတယ်ရှင့်။ ကိုယ်အပ်ထားတဲ့ လတွေအတွင်း အားတဲ့အချိန် လေ့ကျင့်လို့ ရတဲ့အတွက် လူတိုင်းအတွက် အဆင်ပြေပါတယ်ရှင့်။ သင်ခန်းစာ Videos တွေထဲမှာ အသေးစိပ် သေချာ ရှင်းပြ သင်ကြားပေးထားလို့ နားမလည်မှာ၊ လိုက်မလုပ်တတ်မှာကို စိတ်ပူစရာ မလိုပါဘူးရှင့်။

YUTTA YOGA ရဲ့ Online Yoga မှာ အတန်း ( ၅ )မျိုး ရှိပါတယ်ရှင့်။

Basic Yoga Class – ယောဂကို ခုမှ စလေ့ကျင့်မယ့်သူတွေနဲ့ လေ့ကျင့်တာ ၁နှစ် မပြည့်သေးသူများအတွက်ပါ။

Intermediate Yoga Class – ယောဂကို တစိုက်မတ်မတ် လေ့ကျင့်လာတာ ၁နှစ် ကျော်ပြီးသူများအတွက်ပါ။

Advanced Yoga Class – ဒီအတန်းက Intermediate Yoga အတန်းမှာ တစိုက်မတ်မတ် လေ့ကျင့်လာတာ ( ၂ )နှစ် ကျော်ပြီးသူများအတွက်ပါ။

Pregnancy Yoga Class – ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဆောင်ယောဂ ဖြစ်ပါတယ်ရှင့်။ ကိုယ်ဝန် (၃)လ ပြည့်ပြီဆိုရင် တက်လို့ ရပါပြီရှင့်။

Postnatal Yoga Class – ကလေး မီးဖွားထားတာ မကြာသေးသူတွေ (ဒါမှမဟုတ်) ဗိုက်ခွဲထားတာ ၃လ ကနေ ၆လကြားပဲ ရှိသူတွေအတွက် ဖြစ်ပါတယ်ရှင့်။

 


 

သင်တန်း အပ်ထားပြီးသားသူတွေက ကိုယ်အပ်ထားတဲ့ အတန်းကို နှိပ်ပြီး ဝင်ပေးပါရှင့်။