Online Yoga က ဘယ်လို ပုံစံမျိုးလဲ။

YUTTA YOGA ရဲ့ Online Yoga သင်တန်းတွေက ဒီ App/website မှာ အကောင်းဆုံး ပြင်ဆင်ပေးထားတဲ့ Yoga Videos တွေနဲ့ သေချာ စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ Videos တွေထဲမှာ ဆရာမ Yutta က တကွက်ချင်း သေချာ ရှင်းပြ သင်ကြားပေးထားတာ ဖြစ်လို့ နားမလည်မှာ၊ လိုက် မလုပ်တတ်မှာတော့ စိတ်ပူစရာ မလိုပါဘူးနော်။ ကိုယ်ရနိုင်တဲ့ အနေအထားကနေပဲ ဖြည်းဖြည်းချင်း စလေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။

ကိုယ်အပ်ထားတဲ့ လအတွင်းမှာ ကိုယ်အားတဲ့ အချိန်တွေမှာ ဝင်ရောက် လေ့ကျင့်လို့ ရတဲ့အတွက်ကြောင့် လူတိုင်းအတွက် အရမ်းအဆင်ပြေပါတယ်ရှင့်။ သင်တန်းတွေထဲမှာ ဆောင်ရန်ရှောင်ရန်တွေ၊ မှားတတ်တာတွေ၊ သတိထားရမယ့်နေရာတွေ၊ ပုံစံမှန်တွေကိုလည်း သေချာ ရှင်းပြသင်ကြားပေးထားပါတယ်။ သင်တန်းအပ်ပြီးတာနဲ့ ကိုယ်အပ်ထားတဲ့ အတန်း ( Basic Yoga, Intermediate Yoga, Pregnancy Yoga, Postnatal Yoga ) ကို နှိပ်ပြီး နေ့စဉ် အဲဒီထဲကနေ လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ဖို့ သင်ခန်းစာတွေကို နေ့စဉ် ပေးပါတယ်။ တခါတည်း yoga videos တွေကို အကုန်ပေးထားတာ မဟုတ်ပါဘူးနော်။ သင်ခန်းစာတွေက နေ့စဉ် ပြောင်းနေမှာ ဖြစ်ပါတယ်။ တနေ့တာအတွက်ကိုပဲ အာရုံစိုက်ပြီး လေ့ကျင့်စေချင်လို့ ဖြစ်ပါတယ်။ နေ့တိုင်း မလေ့ကျင့်နိုင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ တပတ်မှာ ၃ရက်၊ ၄ရက်လောက် ပုံမှန် လေ့ကျင့်နိုင်ရင် အရမ်းအဆင်ပြေပါတယ်နော်။

ကိုယ်အပ်ထားတဲ့လ ပြည့်သွားရင်တော့ Expired ဖြစ်ပါမယ်။ အတန်းထဲကို ဝင်လို့ ရမှာ မဟုတ်တော့ပါဘူး။ ပြန်အပ်မှ ပြန်ဝင်လို့ ရပါမယ်နော်။ အပြင်သင်တန်းတွေ ပုံစံပဲ ဖြစ်ပါတယ်ရှင့်။

လေ့ကျင့်ဖို့ အချိန်ကတော့ ကိုယ်အားတဲ့ အချိန် လေ့ကျင့်လို့ ရပါတယ်။ မနက်၊ နေ့လယ်၊ ညနေ၊ ည မအိပ်ခင် လေ့ကျင့်လို့ ရပါတယ်။ အစာစားပြီးမှ လေ့ကျင့်မယ်ဆိုရင်တော့ အစာနဲ့ အနည်းဆုံး ၂ နာရီ ခြားပေးပြီးမှ လေ့ကျင့်ပေးရပါမယ်။ လေ့ကျင့်ပြီးမှ စားမယ်ဆိုရင် နာရီဝက်လောက် နားပြီးရင် စားလို့ ရပါပြီရှင့်။

ဒါကြောင့် ဒီ Online Yoga က လူတိုင်းအတွက် အဆင်ပြေပါတယ်နော်။ လူတိုင်း လေ့ကျင့်နိုင်ပါတယ်။ ဆရာမ Yutta က စေတနာ အပြည့်နဲ့ သင်ကြားပေးထားပါတယ်။ ပုံမှန် လေ့ကျင့်ပေးရင် ပိုပြီး ကျန်းမာ၊ ပျော်ရွှင်၊ လှပ လာမှာ ဖြစ်ပါတယ်ရှင့်။ ယောဂ လေ့ကျင့်ခြင်းက အကျိုးကျေးဇူး အရမ်းများပါတယ်။

ယောဂ လေ့ကျင့်ခြင်းဖြင့် ပိုပြီး ကောင်းမွန်တဲ့ ဘဝကို တည်ဆောက်ကြမယ်။


Categories: BLOG, Blogs

Tags: