သင်တန်း ဘယ်လို အပ်ရမလဲ။

YUTTA YOGA ရဲ့ Online Yoga သင်တန်း အပ်ဖို့အတွက် အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးကတော့ YUTTA YOGA ရဲ့ Facebook Page Messenger ကနေ ဆက်သွယ်ပြီး သင်တန်းအပ်တာ ဖြစ်ပါတယ်။ အဲဒီကနေ သင်တန်းကြေး သွင်းဖို့ Accounts တွေ ပေးပါတယ်။ သင်တန်းကြေးကို လွဲပေးပြီးရင် လွဲထားတာကို screenshot ရိုက်ထားပြီး Messenger မှာ ပို့ထားပေးပါရှင့်။ YUTTA YOGA ဘက်ကနေ Register လုပ်ပေးမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဒီမှာ ကိုယ်အပ်ထားတဲ့ အတန်းကို နှိပ်ပြီး ဝင်ရောက် လေ့ကျင့်လို့ ရပါပြီရှင့်။

နောက်တနည်းကတော့ ကိုယ့်ဟာကိုယ် Register လုပ်တာ ဖြစ်ပါတယ်။ ဒီစာမျက်နာ ကနေ တဆင့်သွားပြီး ကိုယ်တက်မယ့် အတန်းအတွက် Register လုပ်ရပါမယ်။ ပြီးရင် သင်တန်းကြေး သွင်းဖို့ အကောင့်တွေ ပေါ်လာပါမယ်။ သင်တန်းကြေးကို လွဲပေးထားတာကို screenshot ရိုက်ထားပြီး YUTTA YOGA ရဲ့ Facebook Page Messenger မှာ ပို့ထားပေးရပါမယ်ရှင့်။ ဒီဘက်ကနေ စစ်ပြီး Approve လုပ်ပေးပြီးတာနဲ့ ဒီမှာ ကိုယ်အပ်ထားတဲ့ အတန်းကို နှိပ်ပြီး ဝင်လို့ ရပါပြီရှင့်။

ဒါကြောင့် သင်တန်းအပ်ဖို့ဆိုရင် Facebook Messenger ကနေ ဆက်သွယ်ပြီး လွယ်လွယ်ကူကူ အပ်လို့ ရပါတယ်နော်။

တကယ်လို့ Facebook Messenger မသုံးဘူးဆိုရင် Viber 09796303902 ကနေ ဆက်သွယ်လို့ ရပါတယ်။ ဒါပေမယ့် Messenger သုံးသူတွေက Messenger ကနေပဲ ဆက်သွယ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Messenger မှာက Admin တွေ များတော့ Reply ပြန်တာ၊ Register လုပ်ပေးတာတွေကို မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်ပါတယ်။ ပိုပြီး အဆင်ပြေပါတယ်ရှင့်။ Viber ကနေဆိုရင်တော့ ပြန်ဖြေပေးတာ ပိုကြာပါမယ်နော်။

ယောဂ လေ့ကျင့်ခြင်းဖြင့် ပိုပြီး ကျန်းမာ၊ ပျော်ရွှင်၊ လှပလာပါစေ။

 


Categories: BLOG, Blogs

Tags: