ယောဂ လေ့ကျင့်နေခြင်းအတွက် ကိုယ့်ကိုယ်ကိုလည်း ကျေးဇူးတင်ပေးပါ။

❤️ Website နဲ့ Application ဝင်တာ Error ဖြစ်ပြီဆိုတာနဲ့ ချစ်လှစွာသော သင်တန်းသူ/သားတွေက ဝင်လို့ မရကြောင်း Message တွေ၊ Phone calls တွေ အများကြီး ရောက်လာပါတယ်။ ဒါ ဘာကို ပြတာလဲဆိုတော့ သူတို့ နေ့စဉ် ဝင်ရောက် လေ့ကျင့်နေကြတယ်ဆိုတာပါ။ ဒါကလည်း ကိုယ့်အတွက် ခွန်အား အများကြီး ရစေပါတယ်။ ကျေးဇူးလည်း အများကြီးတင်ပါတယ်။  ကိုယ့်အတွက်ကော ကိုယ့်သင်တန်းသူ/သားတွေအတွက်ကော YUTTA YOGA အနေနဲ့  အကောင်းမွန်ဆုံး ဖြစ်အောင် အမြဲတမ်း ကြိုးစားနေမှာ ဖြစ်ပါတယ်ရှင့်။

❤️ ယောဂကို ပုံမှန် လေ့ကျင့်နေသူတွေကတော့ တကယ်ကို အကျိုးကျေးဇူးတွေ ရရှိလို့ အမြဲလေ့ကျင့်ချင်လာကြပါတယ်။ သူများကိုလည်း လေ့ကျင့်စေချင်စိတ် ရှိလာကြပါတယ်။ ဥပမာ – YUTTA YOGA Page မှာ Review ရေးပြီး သူများကိုလည်း ယောဂလေ့ကျင့်ဖို့ တိုက်တွန်းတာတွေ၊ YUTTA YOGA posts တွေအောက်က comment တွေမှာ ဝင်ဖြေပေးတာတွေကို တွေ့ရပါမယ်။

♥️ ဒါပေမယ့် တချို့က ‌ယောဂ စလေ့ကျင့်ဖို့ကို အဆင်မပြေမှာ၊ မလုပ်တတ်မှာ၊ မလုပ်နိုင်မှာ စသဖြင့် အမျိုးမျိုး အရမ်းစိုးရိမ်နေကြတာကိုလည်း တွေ့ရပါတယ်။ တချို့ဆို သူတို့ ခံစားနေရတဲ့ ရောဂါဝေဒနာတွေ၊ စိတ်ဓာတ်ကျနေတာတွေ၊ ညပေါင်းများစွာ အိပ်မပျော်တာတွေ အမျိုးမျိုး အများကြီး ပြောပြကြပါတယ်။ သူတို့ကို ယောဂ ပုံမှန် လေ့ကျင့်ဖို့ အကြံပြုပေမယ့် သူတို့ သင်တန်း မအပ်ကြတာတွေ များပါတယ်။ တကယ်က သူတို့ကို ယောဂ အရမ်း လေ့ကျင့်စေချင်တာပါ။ ‌သူတို့ တကယ်ကို ယောဂလေ့ကျင့်သင့်တာပါ။

♥️ ယောဂ လေ့ကျင့်ရင် ရောဂါတွေ ဝေဒနာတွေ ပျောက်ကင်းသွားမှာလား မေးလာကြရင် အဲလိုတော့ အာမ မခံပါဘူးလို့ပဲ အမြဲပြန်ဖြေပေးပါတယ်။ ပျောက်တာတွေ မပျောက်တာတွေက အခြေအနေ အများကြီးပေါ် မူတည်ပါတယ်။ (ကိုယ့်သင်တန်းသူ/သားတွေမှာ လက်တွေ့ ပျောက်ကင်းတာတွေ ရှိတယ်ဆိုပေမယ့်) ဒါတွေက အလွယ်တကူ အပိုင် ပြောလို့ ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် ယောဂ ပုံမှန် လေ့ကျင့်ပေးခြင်းကတော့ အများကြီး အထောက်အကူ ဖြစ်စေမှာ သေချာပါတယ်။ တကယ်တော့ ဘယ်အရာမှ ဖြတ်လမ်းနည်းကနေ အလွယ်တကူ ရတာ မရှိပါဘူး။ တခုခုရရှိဖို့ အချိန်ပေးရပါမယ်၊ ဇွဲရှိရပါမယ်၊ လုံ့လဝီရိယထည့်ရပါမယ်။ ဘယ်အရာမဆို အချိန်ယူပြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။

♥️ YUTTA YOGA မှာ သင်တန်းတက်ပြီး ယောဂ ပုံမှန် လေ့ကျင့်လို့ အကျိုးကျေးဇူးတွေ အများကြီး ရရှိလာကြလို့ ကျေးဇူးတင် စကားတွေ လာပြောကြပါတယ်။ အရမ်းဝမ်းသာ ရပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကျေးဇူးတင်ဖို့လည်း မမေ့သင့်ပါဘူး။ ကိုယ့်ရဲ့ ကြိုးစားမှုတွေ၊ လေ့ကျင့်မှုတွေကြောင့်သာ ကိုယ်ရတာ ဖြစ်ပါတယ်။

♥️ ယောဂ သင်တန်း စတက်ဖို့ အဆင်မပြေမှာတွေကို စိုးရိမ်နေသူများအတွက် YUTTA YOGA မှာ လုပ်ပေးထားတဲ့ အစီအစဉ်ကတော့ သင်တန်းအပ်ပြီး အဆင်‌မပြေရင် တပတ် အတွင်း သင်တန်းကြေး 100% ပြန်အမ်းပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်း တက်ကြည့်လို့ ရပါတယ်။ ကိုယ်မျှော်လင့်ထားသလို မဟုတ်ရင် သင်တန်းကြေး ပြန်လည် ထုတ်ယူရုံပါပဲ။ ဒါမှမဟုတ် YUTTA YOGA ရဲ့ Application ကို install လုပ်ပြီး အဲဒီမှာ အခမဲ့ ဝေမျှပေးထားတဲ့ videos တွေ အများကြီး ရှိပါတယ်။ အဲဒါတွေကို အရင် လေ့ကျင့်ကြည့်လည်း ရပါတယ်။

♥️ အားလုံး ကျန်းမာကြပါစေ။  ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။


‌‌ယောဂကို အခြေခံကနေ နည်းစနစ် မှန်ကန်စွာ လေ့ကျင့်တတ်ဖို့ YUTTA YOGA ရဲ့ Online Yoga Classes တွေ ရှိပါတယ်နော်။ Online Yoga သင်တန်းကို အပ်ချင်သူတွေက ဒီမှာ နှိပ် ပါ။

YUTTA YOGA မှာ ရရှိနိုင်တဲ့ ယောဂပစ္စည်းတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။

YUTTA YOGA မှာ ရောင်းနေတဲ့ အားကစားဝတ်စုံတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။

? သင့်ရဲ့ နေ့ရက်တိုင်း YUTTA YOGA နဲ့အတူ အမြဲ သာယာ လှပနေပါစေ။


Categories: BLOG, Blogs

Tags: