FAQ

အမေးများတဲ့ မေးခွန်းတွေကို ဒီမှာ ဖြေပေးထားပါတယ်ရှင့်။

၁။ ယောဂ မလေ့ကျင့်ဖူးလို့ ဒီ Online ယောဂ သင်တန်းက အဆင်ပြေပါ့မလား။

အဖြေ – အဆင်ပြေပါတယ်ရှင့်။ ယောဂ တခါမှ မလေ့ကျင့်ဖူးသူတွေလည်း ဒီမှာ စတက်လို့ ရပါတယ်ရှင့်။ အခြေခံကနေ အသေးစိပ် သေချာ ရှင်းပြပေးထားပါတယ်ရှင့်။ ပြီးတော့ ကိုယ်ရသလောက် လိုက်လုပ်နိုင်သလောက်ကနေပဲ ဖြည်းဖြည်းချင်း စလေ့ကျင့်ရပါမယ်ရှင့်။ မရသေးတာကို အတင်းလိုက်လုပ်စရာ မလိုပါဘူးရှင့်။ လေ့ကျင့်ရင်း နောက်ပိုင်းမှ ပိုပို ရလာမှာ ဖြစ်ပါတယ်ရှင့်။

၂။ ဘယ်အတန်းကနေ စတက်ရမလဲ။

အဖြေ – ယောဂ မလေ့ကျင့်ဘူးသူ (ဒါမှမဟုတ်) လေ့ကျင့်တာ မကြာသေးဘူးဆိုရင် Basic Yoga အတန်းကနေ စလေ့ကျင့်ရပါမယ်ရှင့်။ Basic Yoga မှာ အနည်းဆုံး ၁နှစ် လေ့ကျင့်ပြီးရင် Intermediate Yoga အတန်း ဆက်တက်ပေးပါ။ Intermediate Yoga မှာ အနည်းဆုံး ၂နှစ် လေ့ကျင့်ပြီးရင် Advanced Yoga ဆက်တက်လို့ ရပါတယ်ရှင့်။ 

၃။ ကိုယ်ဝန်ဆောင်ယောဂ အတန်း သပ်သပ် ရှိလား။

အဖြေ – ရှိပါတယ်ရှင့်။ Pregnancy Yoga အတန်း ဖြစ်ပါတယ်။ ကိုယ်ဝန် ၃လ ရှိပြီဆိုရင် စတက်လို့ ရပါပြီရှင့်။ မမွေးခင် ၂ပတ်လောက်ထိ Pregnancy Yoga လေ့ကျင့်လို့ ရပါတယ်ရှင့်။ ယောဂ လေ့ကျင့်ခြင်းက မိခင်နဲ့ကလေး ကျန်းမာရေးအတွက် အရမ်းကောင်းမွန်ပါတယ်ရှင့်။