ယောဂကို ဘယ်လောက် ကြာကြာ လေ့ကျင့်ရမလဲ။

 

 ယောဂက ရေရှည် လေ့ကျင့်ဖို့ ဖြစ်ပါတယ်။ ယောဂဆိုတာ ဘဝ နေထိုင်မှု ပုံစံ တမျိုးလို့ ပြောလည်း ရပါတယ်။ ကိုယ်အသက်ရှင်နေသရွေ့ လေ့ကျင့်နေရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ယောဂ ပုံမှန် လေ့ကျင့်ခြင်းက ကိုယ့်ရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ အိမ်တွင်းရေးတွေ အားလုံးအပေါ်မှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ အများကြီး ရှိစေလို့ ဖြစ်ပါတယ်။

 ဒါကြောင့် ယောဂ လေ့ကျင့်တော့မယ်ဆိုတာနဲ့ ရေရှည် နှစ်ပေါင်းများစွာ လေ့ကျင့်ဖို့ ကြိုတွေးထားစေချင်ပါတယ်။ ကိုယ့်ဘဝ တလျှောက်လုံးလေ့ကျင့်ဖို့ စဉ်းစားထားစေချင်ပါတယ်။

နေ့တိုင်း မလေ့ကျင့်နိုင်ရင်လည်း တပတ်မှာ ( ၃ )ရက်၊ ( ၄ )ရက် ပုံမှန်လေ့ကျင့်နိုင်ရင် အရမ်းကောင်းမွန်ပါတယ်။ အကျိုးကျေးဇူးတွေ အများကြီး ရရှိလာမှာ ဖြစ်ပါတယ်။

ရေရှည် လေ့ကျင့်ဖို့ စိတ်ကို ပြင်ဆင်ထားတယ်ဆိုရင် စိတ်မလောတော့ပါဘူး။ အစပိုင်းမှာ ကြုံရတဲ့ အခက်အခဲတွေကို စိတ်ရှည်ရှည်နဲ့ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန် လေ့ကျင့်ဖို့ပါပဲ။ ကျန်တာတွေက လေ့ကျင့်ရင်း ဖြစ်လာမှာ ဖြစ်ပါတယ်။

တချို့က ( ၃ )လ၊ ( ၆ )လ လောက်နဲ့ အပြတ်သင်ယူလေ့ကျင့်ဖို့ တွေးထားတဲ့ အခါကျတော့ အကွက်တွေ မရသေးဘူး၊ မမှတ်မိသေးဘူး၊ မှားနေလို့လား စသဖြင့် အတွေးပေါင်းစုံ ဝင်ပြီး စိတ်လောနေတတ်ပါတယ်။ အဲဒါတွေက ယောဂကို ဆက်မလေ့ကျင့်စေဖို့ အကြောင်းရင်းတွေ ဖြစ်လာပြီး ယောဂ လေ့ကျင့်တာကို ရပ်နားလိုက်ကြပါတယ်။

ယောဂက ခက်လားဆိုတော့ မခက်ပါဘူး။ ဒါပေမယ့် ထင်သလောက်လည်း မလွယ်ကူပါဘူး။ လွယ်တယ်ထင်ရတာကို ကိုယ်တိုင် လေ့ကျင့်ကြည့်ရင် မလွယ်မှန်း သိလာပါမယ်။ ဒါပေမယ့် ပုံမှန် လေ့ကျင့်ရင် ရကို ရလာပါတယ်။

တယောက်နဲ့ တယောက်က ခန္ဓာကိုယ် ဖွံ့စည်းပုံတွေ၊ လေ့ကျင့်နိုင်တာတွေ မတူလို့ ရတာတွေလည်း တူမှာ မဟုတ်ပါဘူး။ သူက ( ၃ )လနဲ့ ရတဲ့ အကွက်ကို ကိုယ်က ( ၆ )လ ကြာမှ ရလာတာလည်း ရှိမယ်။ ကိုယ်က ( ၄ )လလောက်နဲ့ ရတာကို သူက ( ၁ )နှစ်ကျော်မှ ရတာလည်း ရှိပါမယ်။ ဒါကြောင့် အဲဒါတွေကို နှိုင်းယှဉ်ပြီး စိတ်ဓာတ် ကျစရာ မလိုပါဘူး။ မနှိုင်းယှဉ်ရပါဘူး၊ မပြိုင်ရပါဘူး။ ကိုယ့်ဟာကိုယ် ပုံမှန် လေ့ကျင့် ရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ရင်းနဲ့ပဲ အားလုံး ရလာမှာ ဖြစ်ပါတယ်။ ကျွန်မဆိုရင် တချို့အကွက်တွေကို ယောဂလေ့ကျင့်တာ ၂ နှစ်ကျော် ၃နှစ်လောက်မှ ရလာတာတွေလည်း ရှိပါတယ်။ ခန္ဓာကိုယ်နဲ့ စိတ်ကို လေ့ကျင့်ရတာဆိုတော့ အချိန်လိုပါတယ်။ ရချင်ဇောနဲ့ အတင်းကြီး မနိုင်မနင်း မလေ့ကျင့်ကြဖို့ကိုလည်း အကြံပြုချင်ပါတယ်။

မရသေးဘူးဆိုတာက ကိုယ့်ကြွက်သားတွေ အကြောတွေ အရိုးတွေ စိတ်ပိုင်းဆိုင်ရာတွေက အဆင်သင့် မဖြစ်သေးလို့ မရသေးတာပါ။ ဒါကြောင့် အဲဒါတွေကို လေ့ကျင့်‌ပေးရင်း တဖြည်းဖြည်း ရလာမှာ ဖြစ်ပါတယ်။ ပုံမှန်လေး လေ့ကျင့်ဖို့ပဲ လိုအပ်တာပါ။

ယောဂကို ရေရှည် လေ့ကျင့်စေချင်လို့ YUTTA YOGA မှာ သင်တန်းကြေးကို နည်းနည်းလေးပဲ သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ ( ၁ )နှစ် တခါတည်း အပ်ထားရင် ( ၃ )လစာ နီးပါး သက်သာပါတယ်။ ကိုယ်လည်း အနည်းဆုံး ( ၁ ) နှစ် လေ့ကျင့်ဖြစ်သွားပါတယ်။

YUTTA YOGA မှာ Basic Yoga ကို အနည်းဆုံး တနှစ် လေ့ကျင့်ပြီးမှ Intermediate Yoga ကို တက်စေချင်ပါတယ်။ တနှစ်ဆိုတာ တစိုက်မတ်မတ် လေ့ကျင့်သူတွေအတွက်ပါ။ ကိုယ်က ကြားထဲမှာ မလေ့ကျင့်ဖြစ်တဲ့ ရက်တွေ များရင် တနှစ်ခွဲ ( ၂ )နှစ်လောက် Basic Yoga မှာ လေ့ကျင့်ပြီးမှ Intermediate Yoga ကို တက်ဖို့ အကြံပြုချင်ပါတယ်။ Basic Yoga မှာ လေ့လာ သင်ယူ လေ့ကျင့်စရာတွေ အများကြီး ရှိလို့ပါ။ Video အသစ်တွေလည်း အများကြီး လာမှာ ဖြစ်ပါတယ်။

Basic မရသေးဘဲနဲ့ Intermediate ကို တက်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။ တဆင့်ပြီးမှ တဆင့်ပဲ သွားရမှာ ဖြစ်ပါတယ်။ ဒါက ပြိုင်ပွဲလည်း မဟုတ်ပါဘူး။ ( တချို့က Intermediate ကို တက်ဖို့ အရမ်းလောနေကြတာ တွေ့ရပါတယ်။ Basic ကို တစိုက်မတ်မတ် အနည်းဆုံး တနှစ် လေ့ကျင့်ဖို့ မနည်းပြောရပါတယ်။)

ဒါကြောင့် YUTTA YOGA ရဲ့ Basic Yoga မှာ ကြာကြာလေ့ကျင့်ဖို့ တိုက်တွန်းချင်ပါတယ်။ ယောဂအကွက်တွေ အများကြီး၊ Video အသစ်တွေ အများကြီး လာမှာ ဖြစ်ပါတယ်။ အဲဒါတွေကို သင်ယူ လေ့ကျင့်ပြီးမှ နောက်တဆင့် တက်ရမှာ ဖြစ်ပါတယ်။

YUTTA YOGA ဘက်ကလည်း အကောင်းဆုံး ဖြစ်အောင် အမြဲကြိုးစားနေပါတယ်ရှင့်။

YUTTA YOGA ရဲ့ ရည်မှန်းချက်က မြန်မာပြည်သူတွေ ယောဂ ပိုပို လေ့ကျင့်လာကြပြီး ပိုပို ကျန်းမာ ကြံ့ခိုင်ပြီး ပျော်ရွှင် လှပတဲ့ ဘဝတွေကို ပိုင်ဆိုင်စေဖို့ပဲ ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။


Online Yoga သင်တန်းကို အပ်ချင်သူတွေက ဒီမှာ နှိပ် ပါ။

YUTTA YOGA မှာ ရရှိနိုင်တဲ့ ယောဂပစ္စည်းတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။

YUTTA YOGA မှာ ရောင်းနေတဲ့ အားကစားဝတ်စုံတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။

သင့်ရဲ့ နေ့ရက်တိုင်း YUTTA YOGA နဲ့အတူ အမြဲ သာယာ လှပနေပါစေ။


Categories: BLOG, Blogs