အခမဲ့ Beginner Yoga

မင်္ဂလာပါ။ YUTTA YOGA ရဲ့  အခမဲ့ Beginner Yoga မှ ကြိုဆိုပါတယ်ရှင့်။

ယောဂ ​ပုံမှန် ​လေ့ကျင့်ခြင်းဖြင့် ပိုမို ကျန်းမာ ​​ပျော်ရွှင် လှပတဲ့ ဘဝကို တည်​ဆောက်ကြမယ်။

​ဒီအတန်းက ယောဂကို တခါမှ မလေ့ကျင့်ဖူးသူတွေ၊ အထူးသဖြင့် အသက်ကြီးသူတွေ၊ အရမ်းဝသူတွေ၊ ရောဂါကြောင့် လှုပ်ရှားရတာ ပုံမှန်လို သိပ်အဆင်မပြေသေးသူတွေ Basic Yoga မတက်ခင် အရင်လေ့ကျင့်ဖို့ အရမ်းလွယ်ကူတဲ့ ယောဂ အကွက်တွေနဲ့ နေ့စဉ် လေ့ကျင့်ဖို့ စီစဉ်ပေးတာ ဖြစ်ပါတယ်ရှင့်။

တကယ်တော့ မည်သူမဆို Basic Yoga ကို အပ်ပြီး အဲဒီအတန်းမှာ ကိုယ်ရသလောက်ကနေ စလေ့ကျင့်လို့ ရပါတယ်။ ဒါပေမယ့် တချို့က အဲလို စဖို့ စိုးရိမ်စိတ် အရမ်းများကြလို့ ဒီအတန်းကို စီစဉ်ပေးတာ ဖြစ်ပါတယ်။

ဒီအတန်းမှာ အရမ်းကို လွယ်ကူ ရိုးရှင်းတဲ့ ယောဂ အကွက်တွေကနေ စလေ့ကျင့်ကြမယ်။

ယောဂက လေ့ကျင့်ရင်းနဲ့မှ ပိုပိုရလာမှာ ဖြစ်ပါတယ်နော်။ ဒါကြောင့် အစပိုင်းမှာ မရသေးတာတွေအတွက် လုံးဝ မစိုးရိမ်ပါနဲ့။ လေ့ကျင့်ရင်း ရလာပါမယ်။

ဒီအတန်းမှာ လေ့ကျင့်ရတာ အဆင်ပြေလာပြီဆိုရင် လေ့ကျင့်နိုင်ပြီဆိုရင် Basic Yoga ကို အပ်ပြီး ဆက်တက်ပေးပါရှင့်။

ယောဂ ​လေ့ကျင့်တဲ့အခါ အ​ရေးကြီးဆုံးက ကိုယ့်ရဲ့ စိတ်ပါပဲ။ ကိုယ့်စိတ်ကို သတိပြုပါ။ ​စုစည်းပါ။ အာရုံအပြည့်စိုက်ပါ။ လေ့ကျင့်ရင်း ​တွေးချင်ရာ ​တွေး​နေလား? ကိုယ့်လှုပ်ရှားမှုအ​ပေါ်မှာ အာရုံစိုက်​နေလား? ကိုယ့်ကိုယ်ကို သုံးသပ်​ပေးပါ။

ယောဂက ရေရှည် လေ့ကျင့်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ရှည်၊ တသက်လုံး လေ့ကျင့်ဖို့ စိတ်ကူးထားစေချင်ပါတယ်ရှင့်။


 

  ဒီ​နေ့ ​လေ့ကျင့်ရမယ့် ​ယောဂအတွက်

  ​

နေ့တိုင်း ​ယောဂ ​လေ့ကျင့်ဖို့  အပေါ်က​ ” ဒီမှာ နှိပ်ပါ ” ဆိုတာကို နှိပ်ပြီး ​ပေါ်လာတာကို ​လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။

( တကယ်လို့ Video ကြည့်မရဘူးဆိုရင် VPN ဖွင့်ထားရင် ပိတ်ထားပေးပါရှင့်။ တခါတလေ VPN ဖွင့်ထားရင် ကြည့်မရ ဖြစ်တတ်လို့ပါရှင့်။)

နေ့စဥ် ပုံမှန် ​ယောဂ ​လေ့ကျင့်​ပေးခြင်းဖြင့် ပိုပြီး ကျန်းမာ ​​ပျော်ရွှင် လှပ လာကြပါ​စေ။

    ​