Pregnancy Yoga Class

မင်္ဂလာပါ။

ဒီ Pregnancy Yoga Class အတန်းက ကိုယ်ဝန်​ဆောင် အမျိုးသမီး​တွေအတွက် ကိုယ်ဝန်​ဆောင်​ယောဂ အတန်း ဖြစ်ပါတယ်။ ကိုယ်ဝန် ( ၃ )လ ပြည့်မှ အပ်​ပေးပါရှင့်။

ကိုယ်ဝန်​ဆောင် အမျိုးသမီး​တွေ ကိုယ်ဝန်​ဆောင်​ယောဂကို ​လေ့ကျင့်​ပေးတာ အကျိုး​ကျေးဇူး​တွေ အများကြီး ရရှိ​စေပါတယ်။ ဗိုက်ထဲက က​လေးကို​ကော မိခင်ကို​ကော ပိုမို ကျန်းမာလာ​စေပါတယ်။

ကိုယ်ဝန်​ဆောင်စဥ် ခံစားရတတ်တဲ့ မအီမသာ ဖြစ်တာ​တွေ၊ ​​ရောဂါ​ဝေဒနာ​တွေကို အရမ်းသက်သာ​စေပါတယ်။ က​လေးကို အဆင်​ပြေ ​ချော​မွေ့စွာ ​မွေးနိုင်ဖို့ကိုလည်း အများကြီး အ​ထောက်အကူ ဖြစ်​စေပါတယ်။

​ယောဂ မ​လေ့ကျင့်ဖူးသူ​တွေအတွက်လည်း အဆင်​ပြေပါတယ်။ ကိုယ်ရသ​လောက်ကိုပဲ ဖြည်းဖြည်းချင်း ပုံမှန် ​လေ့ကျင့်​ပေးရမှာ ဖြစ်ပါတယ်။

​နေ့စဥ် ​​နေ့တိုင်း လေ့ကျင့်ဖို့ ​ပေးထားပါတယ်။ ​နေ့တိုင်း မ​လေ့ကျင့်နိုင်သူ​တွေက တပတ်မှာ အနည်းဆုံး ( ၄ )ရက်​တော့ ​လေ့ကျင့်နိုင်​အောင် ကြိုးစား​ပေးပါ။ ဒါမှ ထိ​ရောက်မှာ ဖြစ်ပါတယ်။ ​ယောဂ​လေ့ကျင့်ပြီး ကျန်းမာ ​ပျော်ရွှင် လှပတဲ့ ဘဝကို ပိုင်ဆိုင်ကြပါစို့။

သင်တန်း​ကြေးက ( 1 )လအတွက် 6 USD ဖြစ်ပါတယ်ရှင့်။

( တခါတည်း 3လ၊ 6လ၊ 1နှစ် အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger ကနေ ဆက်သွယ်ပေးပါရှင့်။)


 

ဒီမှာ တက်ဖူးသူ​တွေ ( အရင်က Register/ Sign Up လုပ်ထားဖူးသူ​တွေ ) က အရင်ဆုံး Login ဝင်ရမှာ ဖြစ်ပါတယ်ရှင့်။


Categories: