မင်္ဂလာပါ။
ဒီစာမျက်နှာမှာ ပြထားတာတွေက YUTTA YOGA မှာ ရောင်းနေတဲ့ ယောဂပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာကနေတော့ တိုက်ရိုက် ဝယ်လို့ မရပါဘူးရှင့်။
YUTTA YOGA ရဲ့ Facebook Messenger ကနေ ဆက်သွယ်ပြီး ဝယ်လို့ ရပါတယ်ရှင့်။ ( Messenger မသုံးသူတွေက Viber/WhatsApp – 09403030207 ကနေ ဆက်သွယ်လို့ ရပါတယ်ရှင့်။)
Delivery company တွေနဲ့ နယ်တွေကိုလည်း ပို့ပေးပါတယ်။ ကျသင့်ငွေကို ကြိုရှင်းပြီးမှ ပို့ပေးတာ ဖြစ်ပါတယ်ရှင့်။
TPE Yoga Mat – 55000 ကျပ်
Size ကြီးတဲ့ ယောဂဖျာကိုမှ ကြိုက်နှစ်သက်သူများအတွက် Quality ကောင်းမွန်တဲ့ TPE Yoga Mat တွေ ဖြစ်ပါတယ်ရှင့်။
အရှည် – 183 cm
အကျယ်- 85 cm
အထူ – 8 mm
အလေးချိန်က 1.5 kg ဝန်းကျင်။
ဖျာအိတ် နဲ့ ဖျာချည်ကြိုး ပါပါတယ်ရှင့်။ ဖျာပေါ်မှာ Body Lines တွေ ပါပါတယ်ရှင့်။
ခရမ်း၊ အပြာ၊ ပန်း (၃)ရောင် ရရှိနိုင်ပါတယ်။
Rubber Yoga mat = 89500 ကျပ်
Rubber ယောဂဖျာက လုံးဝ မချော်တာပဲ လိုချင်တယ် ဆိုသူများအတွက် အရမ်းအဆင်ပြေပါတယ်ရှင့်။ ဖျာမှာ Body Lines တွေ ပါပါတယ်။ ဖျာအိတ် အကောင်းစား ပါပါတယ်။
အရှည် = 183 cm
အကျယ် = 70 cm
အထူ = 5 mm
ပန်း၊ ခရမ်း၊ အပြာရောင် ရပါတယ်ရှင့်။
Yoga Blocks တခု 8000 ကျပ်
နှစ်ခု ရှိထားသင့်ပါတယ်။ ၂ခု 16000 ကျပ် ဖြစ်ပါတယ်ရှင့်။
ယောဂကြိုး တခု 6000 ကျပ်
ဒူးခံပြား တစုံ 16000 ကျပ်
ဒူးနာတတ်သူတွေအတွက် ဖြစ်ပါတယ်။ ဒူးထောက်ရတဲ့ ယောဂအကွက်တွေမှာ ဒူးအောက်မှာ ခံပေးဖို့ ဖြစ်ပါတယ်။ ဒူးနာတာတွေ သက်သာစေတော့ ယောဂ လေ့ကျင့်တာကို ပိုပြီး အာရုံစိုက်လို့ ရလာပါတယ်ရှင့်။
Eye Pillow = 15000 ကျပ်
ပုံမှာ ပြထားတဲ့ အရောင် (3 ) ရောင် ပန်း၊ ခရမ်း၊ အစိမ်း ရှိပါတယ်ရှင့်။
Yoga Bolster = 95000 ကျပ်
ပုံမှာ ပြထားတဲ့ အရောင် (3 ) ရောင် ရှိပါတယ်ရှင့်။
Yoga Roller = 25000 ကျပ်
ပြထားတဲ့ (၄)ရောင် ရှိပါတယ်။
Yoga Wheel = 32000 ကျပ်
ခရမ်းရောင် ရှိပါတယ်။
Yoga Ball = 22000 ကျပ် ( လေထိုးဖို့ Pump ပါပါတယ်။)
ပြထားတဲ့ ( ၃ )ရောင် ရှိပါတယ်။
ဘယ်ယောဂ ပစ္စည်းတွေ အလိုအပ်ဆုံးလဲ။ ဘယ်ဟာတွေ အရင်ဝယ်ရမလဲ။
ယောဂ စလေ့ကျင့်သူတွေအတွက် အလိုအပ်ဆုံး၊ အရှိသင့်ဆုံး အရာတွေကို အစဉ်လိုက် ပြောပြပါမယ်။ တယောက်နဲ့တယောက်က ပိုက်ဆံ တတ်နိုင်တာချင်း မတူတော့ ကိုယ်တတ်နိုင်သလောက်ကနေ စဝယ်ထားလို့ ရပါတယ်။ ပိုက်ဆံ တတ်နိုင်တယ်ဆိုရင် အောက်က ၁ ကနေ ၆ ထိကို တခါတည်း အကုန် ဝယ်ထားလို့ ရပါတယ်ရှင့်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါတွေက Basic Yoga ကတည်းက စသုံးရတာကြောင့်ပါ။ တခါတည်း အကုန် မဝယ်နိုင်သေးသူတွေလည်း အဆင်ပြေပါတယ်နော်။ အိမ်မှာ ရှိတာတွေနဲ့ အစားထိုး အသုံးပြုလို့လည်း ရပါတယ်ရှင့်။
၁။ ယောဂဖျာ တချပ်
၂။ ဘလောက်တုံး ၂ ခု
၃။ ယောဂကြိုး တခု
၄။ ( ဒူးနာတတ်သူဆိုရင်) ဒူးခံပြား တစုံ
၅။ မျက်လုံးအုပ် ( Eye Pillow ) တခု
၆။ ယောဂ ခေါင်းအုံး ( Yoga Bolster ) တခု
ဒီ (၆)ခုထဲက နံပါတ် ၁၊ ၂၊ ၃ တွေကတော့ အရှိသင့်ဆုံးတွေ ဖြစ်ပါတယ်။ ဉီးစားပေး ဝယ်ထားရမယ့် အရာတွေ ဖြစ်ပါတယ်ရှင့်။
ဒါတွေက ယောဂ လေ့ကျင့်တဲ့အချိန်တွေမှာ အထောက်အကူ ပြုစေဖို့ လိုအပ်သလို အသုံးပြုပေးရတာ ဖြစ်ပါတယ်။ အသုံးပြုနည်းတွေကတော့ သင်ခန်းစာတွေမှာ ပါပါတယ်ရှင့်။
Yoga Roller, Yoga Wheel, Yoga Ball တို့ကတော့ YUTTA YOGA Online အတန်းရဲ့ သင်ခန်းစာတွေမှာ မပါပါဘူးရှင့်။
မှာယူမယ်ဆိုရင် ဒီ Facebook Messenger ကနေ ဆက်သွယ်ပေးကြပါနော်။