ကျွန်မတို့ ဘဝမှာ ရည်မှန်းချက်တွေ၊ စိတ်ကူးအိမ်မက်တွေ၊ ဖြစ်ချင်တဲ့အရာတွေ၊ လုပ်ချင်တဲ့အရာတွေ ကိုယ်စီ အသီးသီး ရှိကြပါတယ်။ အနည်းဆုံးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျန်းမာပျော်ရွှင်စွာ နေချင်တဲ့ စိတ်တော့ လူတိုင်းမှာ ရှိကြပါတယ်။
အဲလို ကိုယ့်ဘဝကို ကိုယ်ဖြစ်စေချင်သလို အကောင်အထည် ဖော်တဲ့နေရာမှာ အရေးကြီးတဲ့ အချက်တွေ ရှိပါတယ်။ ပထမကတော့ ကျန်းမာရေးပါပဲ။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းဖို့ လိုသလိုပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကလည်း အရမ်းအရေးကြီးပါတယ်။ ကျန်းမာတဲ့၊ ကြံ့ခိုင်တဲ့ စိတ်နေစိတ်ထား စိတ်ဓာတ် ရှိနေဖို့ လိုအပ်ပါတယ်။ စိတ်ကော ရုပ်ကော နှစ်ခုလုံး အမြဲတမ်း ကျန်းမာ ကြံ့ခိုင်ဖို့ဆိုရင် ယောဂ ပုံမှန်လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ တကယ်ပဲ ယောဂလေ့ကျင့်ခြင်းကနေ အဲဒါတွေကို ရရှိနိုင်ပါတယ်။
တချို့ဆိုရင် မကျန်းမမာနဲ့ပဲ နှစ်ချီ ဒီတိုင်း နေနေကြပါတယ်။ ဥပမာ – ကျီးပေါင်းဖြစ်တာ၊ ခါးနာတာ၊ ဒူးနာတာ၊ အိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာ၊ မကြာခဏ နေထိုင်မကောင်းဖြစ်တတ်တာ ဖျားတတ်တာ၊ ဆီးချိုသွေးချို၊ သွေးတိုး သွေးကျ စသဖြင့် အမျိုးမျိုး ဖြစ်ကြပါတယ်။ ဒါတွေက ဘဝမှာ အတားအဆီး တခုလိုပါပဲ။ ဒါတွေကို ယောဂ ပုံမှန် လေ့ကျင့်ခြင်းဖြင့် ကျော်လွှားနိုင်ပါတယ်။ ယောဂ လေ့ကျင့်ခြင်းက သင့်ဘဝကို တကယ်ပဲ တိုးတက်ကောင်းမွန် ပြောင်းလဲစေနိုင်ပါတယ်။ . . .
Online Yoga အတန်း ဆိုပေမယ့် အပြင်မှာ ဆရာမနဲ့ အနီးကပ် သင်ရသလိုပါပဲ။
ဆရာမ သင်ပြပေးတာတွေ အရမ်းရှင်းတယ်။ အရမ်း နားလည်လွယ်ပါတယ်။
ဒီ YUTTA YOGA မှာ သင်တန်း တက်ပြီးနောက် အရမ်းကျန်းမာလာနေပြီ။
စေတနာ အပြည့်နဲ့ သင်ပေးတဲ့ ဆရာမကို ကျေးဇူး အများကြီးတင်ပါတယ်။
ကျွန်မနာမည်က Yutta ( ယူတာ ) ဖြစ်ပါတယ်။ YUTTA YOGA ကို တည်ထောင်သူ ဖြစ်ပါတယ်။ ကျွန်မအကြောင်းကို အနည်းငယ် ဝေမျှချင်ပါတယ်ရှင့်။
ကျွန်မက GTU ကျောင်းပြီးတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှာ ဆရာမအဖြစ် အလုပ်စဝင်ပါတယ်။ အဲဒီမှာ ၁ နှစ်ကျော် တာဝန်ကျပြီး ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်ကို အပြောင်းကျလာပါတယ်။ ရန်ကုန်ကို ပြောင်းလာတော့ အခက်အခဲအများကြီးနဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဓါတ်ကျတာတွေ တပုံတပင်ကြီး ခံစားလာရပါတယ်။ တက္ကသိုလ်ဆရာမ ဘဝကို မပျော်ရွှင်ဘူး ဖြစ်လာပါတယ်။
ကျွန်မဟာ အိပ်မပျော်တာတွေ၊ မကြာခဏ ဖျားနာ နေထိုင်မကောင်း ဖြစ်တာတွေ၊ စိတ်ဓာတ်ကျတာတွေကို ၂၁ နှစ် ကျော်ကျော်မှာ စခံစားရပါတယ်။ ၃ ညဆက် အိပ်မပျော်တာတွေ ခံစားရချိန်မှာ ခန္ဓာကိုယ်က တဖြေးဖြေးပိန်လာပါတယ်။ တချို့အရာတွေက . . .