ကျွန်မနာမည်က Yutta ( ယူတာ ) ဖြစ်ပါတယ်။ YUTTA YOGA ကို တည်ထောင်သူလည်း ဖြစ်ပါတယ်။
ကျွန်မက GTU ကျောင်းပြီးတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှာ ဆရာမအဖြစ် အလုပ်စဝင်ပါတယ်။ အဲဒီမှာ ၁ နှစ်ကျော် တာဝန်ကျပြီး ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်ကို အပြောင်းကျလာပါတယ်။
ရန်ကုန်ကို ပြောင်းလာတော့ အခက်အခဲအများကြီးနဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဓါတ်ကျတာတွေ တပုံတပင်ကြီး ခံစားလာရပါတယ်။ တက္ကသိုလ်ဆရာမ ဘဝကို မပျော်ရွှင်ဘူး ဖြစ်လာပါတယ်။
ကျွန်မဟာ အိပ်မပျော်တာတွေ၊ ခဏခဏ ဖျားနာတာတွေ၊ စိတ်ဓာတ်ကျတာတွေကို ၂၁ နှစ် ကျော်ကျော်မှာ စခံစားရပါတယ်။ ၃ ညဆက် အိပ်မပျော်တာတွေ ခံစားရချိန်မှာ ခန္ဓာကိုယ်က တဖြေးဖြေးပိန်လာပါတယ်။
တချို့အရာတွေက ကိုယ့်စိတ်ထဲမှာပဲ ဖြစ်နေတာဆိုတော့ အပြင်လူအနေနဲ့ သိဖို့ မဖြစ်နိုင်ပါဘူး။ အဆင်ပြေနေတယ်လို့ ထင်ကောင်းထင်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် လူရှေ့သူရှေ့တော့ ပြုံးထားရတာပေါ့။
ဒါနဲ့ ကျွန်မ ကျန်းမာရေးအတွက် တစ်ခုခုလုပ်မှ ဖြစ်မယ်ဆိုပြီး ၂၀၁၄ စက်တင်ဘာလမှာ GYM ကစားဖို့ စိတ်ဝင်စားလာပါတယ်။ ဒါပေမယ့် Yoga က ကိုယ့်ကို ပိုစွဲဆောင်နိုင်လို့ ဘာမှန်းမသိဘဲ Yoga စတက်ကြည့်ပါတယ်။ ပထမ စတက်ကြည့်တော့ သိပ်မသိသာဘူး။
၄ ပတ်လောက်တက်ပြီးတဲ့အချိန်မှာ ကျွန်မ အရမ်းနေလို့၊ ထိုင်လို့ ကောင်းလာပါတယ်။ အဲ့တုန်းက ကျွန်မသင်တန်း ၁ ချိန် တက်ဖို့ ၁ ရက်အချိန်ကုန်ပါတယ်။ ဟိုး လှိုင်သာယာအစွန်ဆုံးနေရာ ဆရာမတွေနေတဲ့ မြစိမ်းရောင်အဆောင်ကနေ ရန်ကုန်မြို့ထဲကို လာရပါတယ်။ အဲဒီအချိန်တုန်းက ကားတွေက အရမ်းကြပ်လို့ လမ်းပေါ်မှာပဲ အချိန်တော်တော်ကုန်ပါတယ်။ ဒါကြောင့် ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေ ရက်တွေပဲ လာတက်နိုင်ပါတယ်။
၁ နှစ်လောက် ကြာတဲ့ချိန်မှာ လူက အိပ်မပျော်တာတွေ ခါးနာတာတွေ သက်သာသွားပါတယ်။ ခွန်အားတွေ ရှိလာပါတယ်။ ဖျားနာတာတွေ မရှိတော့ဘူး။ အရင်က ဖြစ်ခဲ့တဲ့ အာရုံကြော အားနည်းတာ၊ မကြာခဏ ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊ အသားခြောက်တာ၊ ခြေဖနောက်ကွဲတတ်တာတွေလည်း ပျောက်ကင်းသွားပါတယ်။
ယောဂကို အရမ်းကြိုက်လာပါတယ်။ ယောဂ လေ့ကျင့်ရရင် လူက တက်ကြွလာပါတယ်။ ပျော်ရွှင်လာပါတယ်။သူများကိုလည်း ယောဂအကြောင်း ဝေမျှပေးချင်လာပါတယ်။
ကျွန်မ တက္ကသိုလ်ဆရာမအဖြစ် ၅ နှစ်ကျော် လုပ်ခဲ့ပြီးနောက် ၂၀၁၆မှာ ထွက်ပြီး Yoga ပညာရပ်ကို အချိန်ပြည့် တစ်စိုက်မတ်မတ် လေ့လာဆည်းပူးပြီး ကိုယ်တတ်စွမ်းသလောက် ပြန်လည် ဝေမျှပေးခဲ့ပါတယ်။ ဒီလိုနဲ့ ယောဂဆရာမဘဝကို ရောက်ခဲ့ပါတယ်။
YUTTA YOGA သင်တန်းကို 2017 အကုန်မှာ စတည်ထောင်ပြီး သင်တန်းခန်းမမှာသာမက Facebook Page နဲ့ Youtube မှာကော ယောဂကို အမြဲဝေမျှပေးဖြစ်ပါတယ်။ ကိုယ်ကလည်း ဝါသနာပါပြီး တကယ်အကျိုးရှိတဲ့အရာကို လုပ်ဆောင်ရတာ ဆိုတော့ အရမ်းလည်း ပျော်ရွှင်ရပါတယ်။ သင်တန်းသူတွေ ( ဒါမှမဟုတ် ) Page , Youtube မှာ တင်ပေးထားတဲ့ video တွေကို ကြည့်ပြီး လိုက်လေ့ကျင့်သူတွေရဲ့ ကျေးဇူးတင်စကားတွေကို ကြားရရင် ပိုပြီး ပျော်ရွှင်ရပါတယ်။
2019 April မှာ အိန္ဒိယနိုင်ငံကို သွားပြီး 200 hr (USA Alliance) နိုင်ငံတကာ အသိအမှတ်ပြု ယောဂဆရာမလက်မှတ်ကို India နိုင်ငံ Rishikesh မြို့မှာ ရှိတဲ့ World Peace Yoga School ကနေ ရယူနိုင်ခဲ့ပါတယ်။
ခုထိလည်း ကျွမ်းကျင်သော ဆရာသမားတွေဆီကနေ လေ့လာသင်ယူ လေ့ကျင့်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံခြားသွားပြီး ဆက်လက်လေ့လာဆည်းပူးသွားဖို့လည်း အစီအစဥ်ရှိပါတယ်။ ယောဂက အရမ်းကျယ်ပြန့်ပါတယ်။ လေ့လာဆည်းပူးလို့ကို မကုန်နိုင်တဲ့ ပညာရပ်ဖြစ်ပါတယ်။
လူတိုင်းကို ယောဂ လေ့ကျင့်စေချင်ပါတယ်။ ဒါကြောင့် 2020 ခုနှစ်မှာ အင်တာနက်ရတဲ့ ဘယ်နေရာကနေ ဖြစ်ဖြစ်၊ ကိုယ်အားလပ်တဲ့အချိန်တွေမှာ ယောဂပညာရပ်တွေကို အခြေခံကနေ လေ့လာသင်ယူ လေ့ကျင့်နိုင်တဲ့ YUTTA YOGA ရဲ့ Online Yoga Learning ကို ဒီ Website မှာ ဖန်တီးခဲ့ပါတယ်။ ခု July 2021 ထိ တက်ရောက်သူ အယောက် 8000 ( ရှစ်ထောင် )ကျော် ရှိပါပြီ။ သင်တန်းကြေး ချိုသာစွာနဲ့ အိမ်ကနေ ယောဂကို နည်းစနစ်မှန်ကန်စွာ လေ့ကျင့်လို့ ရပြီဆိုတော့ အရမ်းအဆင်ပြေပါတယ်။ Reviews ကောင်း များစွာ၊ Feedback ကောင်း များစွာကို ရရှိတဲ့အတွက်လည်း အရမ်းဝမ်းသာပီတိ ဖြစ်ရပါတယ်။ တဆင့်ပြီးတဆင့် အဆင့်မြင့်တဲ့ အတန်းတွေကို တတန်းပြီးတတန်း စီစဥ်နိုင်ဖို့ ကြိုးစားသွားပါမယ်။
ယောဂ လေ့ကျင့်သူတွေ အဆင်ပြေစေဖို့အတွက် အရည်အသွေး ကောင်းမွန်တဲ့ ယောဂ အထောက်အကူပြု ပစ္စည်းတွေနဲ့ အားကစားဝတ်စုံ အမျိုးမျိုးတွေကိုလည်း ရောင်းပေးနေပါတယ်။ Online ကနေ မှာလို့ ရပါတယ်။ အနယ်နယ် အရပ်ရပ်ကို ပို့ဆောင်ပေးနေပါတယ်။ YUTTA YOGA ရဲ့ Facebook Pgae ထဲက Shop မှာ ကြည့်ပြီး မှာယူချင်တာတွေကို Page Messenger ကနေ ပြောပေးလို့ ရပါတယ်ရှင့်။
ကျွန်မစိတ်ထဲ အမြဲနှလုံးသွင်းထားတဲ့အရာကတော့ ကိုယ်တိုင်လေ့ကျင့်လေ့လာထားပြီး ကိုယ်တိုင် အကျိုးကျေးဇူးတွေရရှိတဲ့ ယောဂပညာရပ်တွေကိုပဲ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ လူတိုင်း လူတိုင်း ယောဂကို လေ့ကျင့်စေချင်ပါတယ်။ ယောဂ ပုံမှန် လေ့ကျင့်ခြင်းအားဖြင့် ခန္ဓါနဲ့စိတ် အမြဲကျန်းမာရွှင်လန်းကြပါစေ။
ယောဂကို အခြေခံကနေ နည်းစနစ် မှန်ကန်စွာ လေ့ကျင့်တတ်ဖို့ YUTTA YOGA ရဲ့ Online Yoga Classes တွေ ရှိပါတယ်နော်။ Online Yoga သင်တန်းကို အပ်ချင်သူတွေက ဒီမှာ နှိပ် ပါ။
YUTTA YOGA မှာ ရရှိနိုင်တဲ့ ယောဂပစ္စည်းတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။
YUTTA YOGA မှာ ရောင်းနေတဲ့ အားကစားဝတ်စုံတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။
? သင့်ရဲ့ နေ့ရက်တိုင်း YUTTA YOGA နဲ့အတူ အမြဲ သာယာ လှပနေပါစေ။