ယောဂ(Yoga)က ခုခေတ်မှာ တဖြည်းဖြည်းနဲ့ အရမ်းလူကြိုက်များ၊ ခေတ်စားလာပါပြီ။ ယောဂက အားကစားတစ်မျိုးလား ⁉️ ဒီမေးခွန်းရဲ့အဖြေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တစ်ချို့ကတော့ ယောဂကိုအားကစားတစ်မျိုးလို့ လွယ်လွယ်ကူကူ သဘောထားကြပါတယ်။ ဒါပေမယ့် ယောဂကို တစိုက်မတ်မတ် လေ့လာလိုက်စားတဲ့သူတွေကတော့ အဲဒါကို သဘောမတူကြပါဘူး။ အားကစားမဟုတ်ဘူးလို့ လက်ခံထားကြပါတယ်။
ယောဂဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အိန္ဒိယကနေ အစပြုလာတာ ဖြစ်ပါတယ်။ အစပိုင်းတော့ ယောကျာ်းလေးတွေအတွက်ပဲလို့ ခံယူထားခဲ့ကြပါတယ်။ မိန်းကလေးတွေကို ပါဝင်လေ့ကျင့်ခွင့် မပြုခဲ့ကြပါဘူး။ ဒါပေမယ့် ခုချိန်မှာတော့ ယောဂလေ့ကျင့်တဲ့ မိန်းကလေးတွေက ယောကျာ်းတွေထက် ပိုများနေပါပြီ။ ဘာလို့ ယောဂကို အရမ်းလူကြိုက်များလာတာလဲ ❓
အမေရိကန်နိုင်ငံမှာဆို နာမည်အကြီးဆုံး လူကြိုက်အများဆုံး အားကစား၂ မျိုးရှိပါတယ်။ ဘော်လုံးနဲ့ ဘတ်စကက်ဘောပါ။ အဲဒီက နာမည်ကြီးကစားသမားတွေ သူတို့အောင်မြင်မှုတွေအကြောင်းအင်တာဗျူးတွေမှာ မကြာခဏထုတ်ပြောကြတာက ယောဂလေ့ကျင့်ခြင်းက ဒဏ်ရာရရှိမှုနည်းအောင်၊ အာရုံစူးစိုက်မှုကောင်းအောင်၊ ဖိအားတွေအောက်မှာနေနိုင်အောင် အထောက်အကူအများကြီးပြုတယ် ဆိုတာပါပဲ။ ကမ္ဘာပေါ်က နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့သူတွေအများစုက ယောဂကို ပုံမှန်လေ့ကျင့်ကြပါတယ်။ တစ်ချို့ကတော့ မီဒီယာရှေ့မှာကို သူတို့ ယောဂ လေ့ကျင့်ကြောင်း ၊ ဘယ်လိုအထောက်အကူပြုကြောင်း ထုတ်ပြောကြပါတယ်။
တကယ်တော့ ယောဂပုံမှန်လေ့ကျင့်ခြင်းက အမျိုးမျိုးသော အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေမှာ အများကြီး အထောက်အပံ့ဖြစ်စေတယ်ဆိုတာ တဖြည်းဖြည်းသိလာကြလို့ ၊ အဲဒါကို ထုတ်ပြောလာကြလို့ ယောဂကို လေ့လာလိုက်စားတဲ့သူတွေ အရမ်းများလာတာ ဖြစ်ပါတယ်။ အကျိုးကျေးဇူးတွေကတော့ အများကြီးပါ။ စိတ်ငြိမ်းချမ်းမှုရရှိတာ၊ စိတ်ဓါတ်ခိုင်မာလာတာ၊ ဖိအားတွေအောက်မှာ တည်တည်ငြိမ်ငြိမ်နေနိုင်လာတာ၊ စိတ်ဓါတ်ကျတာကို ကာကွယ်ပေးတာ၊ လက်ရှိဖြစ်တည်မှုကို အမှန်ကန်ဆုံးမြင်လာနိုင်တာ၊ သွေးလည်ပတ်မှုကောင်းမွန်လာလို့ ပိုကျန်းမာလာတာ၊ အသားအရေပိုကောင်းမွန် စိုပြေလာတာ၊ ကြွက်သားတွေဖွံ့ဖြိုးလာလို့ ကိုယ်ခန္ဓာလှပလာတာ၊ အဆီတွေလောင်ကျွမ်းပြီး ဝိတ်ကျလာတာ၊ ရောဂါအမျိုးမျိုးကို ကာကွယ်တာ သက်သာစေတာ စသဖြင့် အကျိုးကျေးဇူး အများကြီးရှိပါတယ် ။ ယောဂကို တကယ် လေ့လာလိုက်စားလေ့ကျင့်တဲ့သူတွေကတော့ ကိုယ်တွေ့ ကောင်းကျိုးတွေကို စံစားရပါတယ်။
အမှန်စင်စစ် ယောဂဆိုတာ ဘဝအထောက်အကူပြု နည်းစနစ်တစ်ခုဆိုလည်း မမှားပါဘူး။ ဘဝမှာ ကြုံတွေ့နေရတဲ့ အမျိုးမျိုးသော အတွေ့အကြုံ ၊ လုပ်ငန်းနယ်ပယ်တွေကို အထောက်အပံ့ဖြစ်စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါ အများကြီးတိုးတက်ကောင်းမွန်လာတာကို ကိုယ်တိုင်ယောဂကိုတစိုက်မတ်မတ်လေ့ကျင့်နေတဲ့သူတွေ အသိဆုံးပါ။ ယောဂကို သင်တန်းတွေမှာသွားပြီး လေ့ကျင့်နိုင်သလို၊ အိမ်မှာ ကိုယ့်ဟာကိုယ်လည်း လေ့ကျင့်နိုင်ပါတယ်။ အသစ်တွေအနေနဲ့ကတော့ ယောဂသင်တန်းတွေမှာ ဝါရင့်ယောဂဆရာ၊ဆရာမတွေနဲ့ စပြီး လေ့လာ သင်ယူတာ အကောင်းဆုံးပါ။
ယောဂက အရမ်းကျယ်ပြန့်ပါတယ်။ အကွက်တွေကလည်း သောင်းချီ သိန်းချီ ရှိပါတယ်။ လေ့လာဆည်းပူးလို့လည်း မကုန်နိုင်ပါဘူး။ တကယ့်ကမ္ဘာကျော် ယောဂ ဆရာကြီးတွေ ဆရာမကြီးတွေလည်း လေ့လာနေကြဆဲပါ။
ယောဂက ကိုယ်သိထားတဲ့ လုပ်နိုင်တဲ့ အကွက်ကိုပဲ မှန်မှန်ကန်ကန်နဲ့ စိတ်နှစ်ပြီး အားရုံစူးစိုက်မှုအပြည့်နဲ့ လေ့ကျင့်မယ်ဆိုရင် အကျိုးကျေးဇူးအများကြီး ရရှိလာပါမယ်။
ယောဂကို အခြေခံကနေ နည်းစနစ် မှန်ကန်စွာ လေ့ကျင့်တတ်ဖို့ YUTTA YOGA ရဲ့ Online Yoga Classes တွေ ရှိပါတယ်နော်။ Online Yoga သင်တန်းကို အပ်ချင်သူတွေက ဒီမှာ နှိပ် ပါ။
YUTTA YOGA မှာ ရရှိနိုင်တဲ့ ယောဂပစ္စည်းတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။
YUTTA YOGA မှာ ရောင်းနေတဲ့ အားကစားဝတ်စုံတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။
? သင့်ရဲ့ နေ့ရက်တိုင်း YUTTA YOGA နဲ့အတူ အမြဲ သာယာ လှပနေပါစေ။