မင်္ဂလာပါ။ YUTTA YOGA ရဲ့ ကိုယ်ဝန်ဆောင် ယောဂမှ ကြိုဆိုပါတယ်။
ကိုယ်ဝန်နေစဥ် ကာလမှာ ယောဂလေ့ကျင့်ဖို့ ဆုံးဖြတ်ထားတာ အရမ်းမှန်ကန်တယ်ဆိုတာကို ပထမဆုံးပြောချင်ပါတယ်။ ယောဂလေ့ကျင့်ပေးခြင်းအားဖြင့် မိခင်နဲ့ ကလေးကို ကျန်းမာစေသလို မီးဖွားချိန်အတွက်လည်း အရမ်းအထောက်အကူ ဖြစ်စေပါတယ်။
Videos တွေမှာ သေချာ ရှင်းပြပေးထားပါတယ်။ မလေ့ကျင့်ခင် Video ကို အစအဆုံး ကြည့်ပေးပါ။ ပြီးမှ အတူလေ့ကျင့်ပါ။ ကိုယ်ရသလောက်ပဲ အရင်လေ့ကျင့်ပေးပါ။ အတင်းလိုက်လုပ်စရာ မလိုပါဘူး။ လေ့ကျင့်တဲ့ ရက်တွေ များလာတာနဲ့ တဖြည်းဖြည်း ပိုပို ရလာပါမယ်။
Video တွေထဲမှာ ကိုယ်ဝန်ကာလ (၃)လ မတိုင်ခင်၊ (၇)လ နောက်ပိုင်း လေ့ကျင့်သင့်တဲ့ ယောဂလား မလေ့ကျင့်သင့်ဘူးလားဆိုတာတွေကို သေချာ ပြောပြပေးထားပါတယ်။ ဂရုတစိုက် နားထောင်ပေးပါ။
ခု အရင်ဆုံး လေ့ကျင့်ရမယ့် ယောဂကို အောက်မှာ Video နဲ့ ပြပေးထားပါတယ်။ ဘယ်သူမဆို လေ့ကျင့်လို့ရပါတယ်။ ကိုယ်ဝန် လနုနေသူတွေ၊ လရင့်ပြီးသား သူတွေကော၊ မွေးခါနီး ပြီးတော့ မွေးပြီးတဲ့ အချိန်လည်း လေ့ကျင့်လို့ ရတဲ့ ယောဂလေ့ကျင့်ခန်းလေး ဖြစ်ပါတယ်။
ဒီယောဂ လေ့ကျင့်ခန်းကို ( ၃ )ရက် ဆက်တိုက် အရင်ဆုံး လေ့ကျင့်ပေးပါ။
( ၃ ) ရက် ပြည့်ပြီဆိုရင် အောက်မှာ နေ့စဥ်လေ့ကျင့်ပေးဖို့ စီစဥ်ပေးထားတဲ့အတိုင်း ပုံမှန် လေ့ကျင့်ပေးပါ။
ဒီနေ့ လေ့ကျင့်ရမယ့် ယောဂလေ့ကျင့်ခန်းတွေအတွက်
ဒီ ကိုယ်ဝန်ဆောင် ယောဂကိုလည်း နေ့တိုင်း လေ့ကျင့်ပေးလို့ ရပါတယ်။
ဒီ မျက်နာ၊ မျက်လုံး၊ လျှာ တွေကို လေ့ကျင့်ပေးတဲ့ ယောဂကို နေ့တိုင်း လေ့ကျင့်စေချင်လို့ ဒီနေရာမှာ တင်ပေးထားတာ ဖြစ်ပါတယ်။ လေ့ကျင့်ပေးပါ။ တကယ်ကို အရမ်းအကျိုးရှိပါတယ်။
❤ သင့်ရဲ့ နေ့ရက်တိုင်း YUTTA YOGA နဲ့အတူ အမြဲ သာယာ လှပနေပါစေ။