မင်္ဂလာပါ။
ယောဂကို အခြေခံကနေ နည်းစနစ် မှန်ကန်စွာ သင်ယူလေ့ကျင့်ချင်တယ်ဆိုရင် ဒီအတန်းကို အပ်ပေးပါရှင့်။ ခုမှ ယောဂကို စလေ့ကျင့်မယ့်သူတွေ ဖြစ်ဖြစ်၊ လေ့ကျင့်လာတာ (၁)နှစ် မပြည့်သေးသူတွေ ဖြစ်ဖြစ် ဒီအတန်းကို အပ်ပေးပါ။ ဒီအတန်းမှာ အခြေခံကနေ စနစ်တကျ သေချာ သင်ပြပေးထားပါတယ်ရှင့်။
နေ့စဥ် လေ့ကျင့်ဖို့ အကောင်းဆုံး ပြင်ဆင်ထားတဲ့ Videos တွေနဲ့ နေ့တိုင်း စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ အပ်ထားတဲ့ အချိန်ကာလအတွင်း ကိုယ်အားတဲ့အချိန် လေ့ကျင့်လို့ ရပါတယ်။ နေ့တိုင်း မလေ့ကျင့်နိုင်ဘူးဆိုရင်လည်း တပတ်မှာ (၄)ရက်လောက် လေ့ကျင့်ပေးနိုင်ရင် အရမ်းကောင်းပါတယ်ရှင့်။ လေ့ကျင့်ချိန် တနာရီလောက် ကြာပါမယ်ရှင့်။
ဒီအတန်းမှာ အနည်းဆုံး (၁)နှစ် လေ့ကျင့်ဖို့ အကြံပြုချင်ပါတယ်။ ဒါမှ ခန္ဓါနဲ့စိတ်အတွက် ယောဂ အခြေခံတွေကို ပိုင်နိုင်မှာ ဖြစ်ပါတယ်ရှင့်။
သင်တန်းကြေးက ( 3 )လအတွက် 10.9 USD ဖြစ်ပါတယ်ရှင့်။ အပ်ထားတာ ပြည့်ရင်လည်း ဒီအတန်းကိုပဲ ထပ်ထပ်အပ်ပြီး ဆက်တက်ပေးပါ။ ဒီ Basic Yoga အတန်းက ၁နှစ်အတွက် ပြင်ဆင်ထားတာ ဖြစ်လို့ သင်ခန်းစာတွေက နေ့စဉ် ပြောင်းနေမှာ ဖြစ်ပါတယ်ရှင့်။
ဒီမှာ တက်ဖူးသူတွေ ( အရင်က Register/ Sign Up လုပ်ထားဖူးသူတွေ ) က အရင်ဆုံး Login ဝင်ရမှာ ဖြစ်ပါတယ်ရှင့်။