မင်္ဂလာပါ။
ဒီ Postnatal Yoga Class အတန်းက မီးဖွားပြီးခါးစ မိခင်တွေအတွက် ယောဂ အတန်း ဖြစ်ပါတယ်။ ရိုးရိုးမွေးတဲ့ သူတွေက ( ၂ )လ၊ ခွဲမွေးတဲ့သူတွေက ( ၃ )လ ကြာမှ ဒီသင်တန်းကို အပ်ပြီး လေ့ကျင့်ပေးပါရှင့်။
မီးဖွားပြီးခါစ မိခင်တွေ ဒီ Postnantal Yoga ကို လေ့ကျင့်ပေးတာ အကျိုးကျေးဇူးတွေ အများကြီး ရရှိစေပါတယ်။ စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ကော အများကြီး ကောင်းမွန်စေပါတယ်။ ပိုကျန်းမာ လှပလာစေပါတယ်။
ယောဂ မလေ့ကျင့်ဖူးသူတွေအတွက်လည်း အဆင်ပြေပါတယ်။ ကိုယ်ရသလောက်ကိုပဲ ဖြည်းဖြည်းချင်း ပုံမှန် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။
နေ့စဥ် နေ့တိုင်း လေ့ကျင့်ဖို့ ပေးထားပါတယ်။ နေ့တိုင်း မလေ့ကျင့်နိုင်သူတွေက တပတ်မှာ အနည်းဆုံး ( ၄ )ရက်တော့ လေ့ကျင့်နိုင်အောင် ကြိုးစားပေးပါ။ ဒါမှ ထိရောက်မှာ ဖြစ်ပါတယ်။
ဒီအတန်းကို ( ၆ )လ တက်ပြီးရင် Basic Yoga အတန်းကို ဆက်တက်ဖို့ အကြံပြုချင်ပါတယ်ရှင့်။
ယောဂလေ့ကျင့်ပြီး ကျန်းမာ ပျော်ရွှင် လှပတဲ့ ဘဝကို ပိုင်ဆိုင်ကြပါစို့။
သင်တန်းကြေးက ( 1 )လအတွက် 6 USD ဖြစ်ပါတယ်ရှင့်။
( တခါတည်း 3လ၊ 6လ၊ 1နှစ် အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger ကနေ ဆက်သွယ်ပေးပါရှင့်။)
ဒီမှာ တက်ဖူးသူတွေ ( အရင်က Register/ Sign Up လုပ်ထားဖူးသူတွေ ) က အရင်ဆုံး Login ဝင်ရမှာ ဖြစ်ပါတယ်ရှင့်။