မင်္ဂလာပါ။
ဒီ Pregnancy Yoga Class အတန်းက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဆောင်ယောဂ အတန်း ဖြစ်ပါတယ်။ ကိုယ်ဝန် ( ၃ )လ ပြည့်မှ အပ်ပေးပါရှင့်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ယောဂကို လေ့ကျင့်ပေးတာ အကျိုးကျေးဇူးတွေ အများကြီး ရရှိစေပါတယ်။ ဗိုက်ထဲက ကလေးကိုကော မိခင်ကိုကော ပိုမို ကျန်းမာလာစေပါတယ်။
ကိုယ်ဝန်ဆောင်စဥ် ခံစားရတတ်တဲ့ မအီမသာ ဖြစ်တာတွေ၊ ရောဂါဝေဒနာတွေကို အရမ်းသက်သာစေပါတယ်။ ကလေးကို အဆင်ပြေ ချောမွေ့စွာ မွေးနိုင်ဖို့ကိုလည်း အများကြီး အထောက်အကူ ဖြစ်စေပါတယ်။
ယောဂ မလေ့ကျင့်ဖူးသူတွေအတွက်လည်း အဆင်ပြေပါတယ်။ ကိုယ်ရသလောက်ကိုပဲ ဖြည်းဖြည်းချင်း ပုံမှန် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။
နေ့စဥ် နေ့တိုင်း လေ့ကျင့်ဖို့ ပေးထားပါတယ်။ နေ့တိုင်း မလေ့ကျင့်နိုင်သူတွေက တပတ်မှာ အနည်းဆုံး ( ၄ )ရက်တော့ လေ့ကျင့်နိုင်အောင် ကြိုးစားပေးပါ။ ဒါမှ ထိရောက်မှာ ဖြစ်ပါတယ်။ ယောဂလေ့ကျင့်ပြီး ကျန်းမာ ပျော်ရွှင် လှပတဲ့ ဘဝကို ပိုင်ဆိုင်ကြပါစို့။
သင်တန်းကြေးက ( 3 )လအတွက် 10.9 USD ဖြစ်ပါတယ်ရှင့်။
ဒီမှာ တက်ဖူးသူတွေ ( အရင်က Register/ Sign Up လုပ်ထားဖူးသူတွေ ) က အရင်ဆုံး Login ဝင်ရမှာ ဖြစ်ပါတယ်ရှင့်။