သင်တန်းသူ အစ်မ Lily White ရဲ့ Review

 

 

အားလုံးပဲ မင်္ဂလာပါရှင့်❤️
👀 ကျွန်မဟာ အလုပ်မရှိ ဝင်ငွေမရှိဘဲ နေလာရတာကြာတော့ စိတ်တွေ ပုံမှန် မဟုတ်တော့ဘဲ လေချင်လာခဲ့တယ်။

စိတ်မလေ‌အောင် ဘာလုပ်ရမလဲလို့ ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ Meditation လုပ်ရမယ်ဆိုတာကို သိပေမယ့် စိတ်တွေက အဆင်မပြေ ပိုဆိုးလာတာကို ခံစားရတယ်။

ဘာလုပ်သင့်လဲ စဉ်းစားပြီး အဖြေရလာတာက Meditation ရဲ့ အခြေခံဖြစ်တဲ့ Yoga ကို တွေ့လာရတယ်။

👀 Yoga သင်တန်းတက်ဖို့ ငွေကြေးလည်းအသက်သာဆုံး ဖြစ်ရမယ်၊ ထိ‌ရောက်မှု ရှိပြီး အိမ်မှာလည်း‌ လုပ်နိုင်ရမယ့် သင်တန်းကို စုံစမ်းကြည့်တော့ Good Reviews များတဲ့ YUTTA YOGA ကိုတွေ့လာရတယ်။

❤️ တွေ့ပြီဆိုတော့ တက်ပြီပေါ့-
သုံးလသင်တန်းအပ်ပြီး လေ့ကျင့်ကြည့်တဲ့အခါမှာ စိတ်ကို ကုစားပေးရုံတင်မက အကျိုးထူးတွေအများကြီး တွေ့လာရတယ်။

ယောဂဆရာမလေး Yutta ရဲ့ စိတ်ရှည်ရှည် အသံချိုချိုနဲ့ အသက်ရှူသွင်းရှူထုတ်ကို ဟန်ချက် ညီညီ လေ့ကျင့်တတ်ဖို့၊ အကွက်တွေ ပုံစံ မှန်စေဖို့၊ အကွက်တွေမှာ ထိရောက်ရမယ့် နေရာတွေ ထိရောက်စေဖို့၊ သတိထားရမှာတွေ ရှောင်ရမှာတွေ၊ မှားတတ်ကြတာတွေ၊ အကွက်တွေရဲ့ အကျိုးကျေးဇူးတွေ စသဖြင့် အခြေခံ သိရမှာတွေ အများကြီးကို လေ့ကျင့်ရင်း ပြောပြ သင်ပြပေးထားတာ Online နဲ့ သင်နေတာ မဟုတ်ဘဲ အပြင်မှာလက်တွေ့ သင်ပေးနေသလို ခံစားရပါတယ်။

ဒီခံစားချက်တွေကြောင့် ငါ YUTTA YOGA ကို ရွေးတာမှန်လိုက်တာလို့ သိလာရတယ်🌝 လေ့ကျင့်ရင်းနဲ့ ကိုယ့်ခန္ဓာ ကျန်းမာခြင်း၊ကိုယ့်စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းခြင်းတွေလည်း ရရှိလာပါတယ်။

💝 သင်တန်းကြေးကို အနဲဆုံးယူထားပြီး Online နဲ့သင်နေတာမဟုတ်ဘဲ အပြင်မှာ လက်တွေ့သင်ပေးနေသလို သင်ပေးနေတာကလည်း ဆရာမလေး Yutta ရဲ့စေတနာတွေကို ပေါ်လွင်စေပါတယ်။

Yoga လေ့ကျင့်တာဟာ စိတ်နဲ့ကိုယ် တသားတည်းကျအောင် လေ့ကျင့်ရတာ ဖြစ်လို့ Yoga ဟာ Meditation ရဲ့ အခြေခံပါလို့ ပြောချင်ပါတယ်။

💪 ဒါကြောင့်မို့ ကျွန်မကတော့ Yoga ကို တသက်လုံး လေ့ကျင့်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

🗣️ကျွန်မရဲ့မိတ်ဆွေတွေကို ပြောချင်တာက ခန္ဓာနဲ့စိတ် ၂ခုလုံး အမြဲကျန်းမာ ရွှင်လန်းနေချင်ရင် Yoga ကျင့်ပါလို့။

❤️ Yoga ကျင့်မယ်ဆိုရင်လည်း ကျွန်မအနေနဲ့ Highly Recommend ပေးချင်တာက YUTTA YOGA ပါလို့။

❤️အားလုံးကို ချစ်တယ်နော်❤️

သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger ကနေ ဆက်သွယ်ပေးပါရှင့်။


Categories: Reviews