သင်တန်းသူ အစ်မ Win Win Myat ရဲ့ Review

 

 

☘️ YUTTA YOGA အဖွဲ့သားများ အားလုံးပဲ မင်္ဂလာပါ။
ကျမက YUTTA YOGA Online ယောဂအတန်းမှာ လေ့ကျင့်နေသူတဦးပါ။

☘️ YUTTA YOGA ကို Facebook မှာ စတင်သိရှိခဲ့တာပါ။
☘️ကျမက သရုပ်ဆောင်သန္တာလှိုင်ရဲ့ T.fitness app နဲ့ Exercise လုပ်ရင်းနဲ့ ယောဂကို စတင်ထိတွေ့ခဲ့သူပါ။

ယောဂကို စိတ်ဝင်စားပြီး နေ့တိုင်း လေ့ကျင့်ချင်တာမို့ YUTTA YOGA ယောဂသင်တန်းကို အပ်ခဲ့ပါတယ်။

ယောဂကို စတင်လေ့ကျင့်ခဲ့တဲ့အချိန်မှာ အကြောတွေ တအားတင်းပြီး အတော်သီးခံပြီး လေ့ကျင့်ခဲ့ရပါတယ်။

☘️ ယောဂလေ့ကျင့်ပြီး ရရှိလာတဲ့ ရလဒ်တွေကတော့ ညဘက်တွေ တအားအိပ်လို့ ကောင်းပြီး အကြောတွေပြေ၊ အညောင်းပြေ၊ စားလို့ကောင်းပေါ့။

ကျမက ထစ်ကနဲရှိ စိတ်တအားတိုတတ်တဲ့သူပါ။ ခုတော့ စိတ်တိုတာတွေ၊ အလိုမကျတဲ့ စိတ်တွေစိတ်ညစ်စရာတွေကို တော်တော် အကောင်းမြင်တတ်လာပါပြီ။

☘️ YUTTA YOGA အပေါ် ကျမအမြင်ကတော့ ဆရာမက ဒီလို အွန်လိုင်းကနေ လေ့ကျင့်လို့ရအောင် လုပ်ပေးထားတာ အရမ်းသဘောကျပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။

စိတ်ရှည် လက်ရှည်လဲ ပြပေးထားလို့ အဆင်ပြေပါတယ်။

ယောဂက လူတွေရဲ့စိတ်ကို အဆင်ပြေအောင် လုပ်နေတယ်လို့ ထင်မြင်ယူဆမိပါတယ်။

☘️ ယောဂကို ကျန်းမာနေသရွေ့ လေ့ကျင့်သွားမှာပါ။

☘️ နီးစပ်ရာ မိတ်ဆွေတွေလဲ ကျန်းမာနေတုန်း ဆေးရုံဆေးခန်းနဲ့ အတတ်နိုင်ဆုံး ဝေးအောင် ယောဂ လေ့ကျင့်ကြဖို့ အကြံပြုချင်ပါတယ်။

ကျမကတော့ YUTTA YOGA နဲ့ လေ့ကျင့်နေတာ တနှစ်နဲ့ 3လ ရှိပါပြီ။

လက်ရှိ Intermediate Yoga အတန်းမှာ လေ့ကျင့်နေပါတယ်။

အသက်က 45နှစ်ပါ။

အားလုံးပဲ နေကောင်းကျန်းမာကြပါစေ💕🙏

သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger ကနေ ဆက်သွယ်ပေးပါရှင့်။


Categories: Reviews