သင်တန်းသူ အစ်မ Nan Yinn Yinn ရဲ့ Review

 

အားလုံးပဲ မင်္ဂလာပါရှင့် ?

ကျွန်မက Beginner လေးပါ။ YUTTA YOGA ရဲ့ Basic အတန်းမှာ စလေ့ကျင့်ဖြစ်တာ တစ်လခွဲပဲ ရှိပါသေးတယ်။ ဇက်ကြောတက်ပြီး ညအိပ်မရတဲ့အထိ ဖြစ်တော့ ယောဂ စလုပ်မယ် ဆုံးဖြတ်ပါတယ်။ Youtube နဲ့ Facebook မှာ ကောင်းနိုးရာရာတွေ အကုန်လိုက်ကြည့်ပြီး လေ့ကျင့်ဖြစ်ပါတယ်။

YUTTA YOGA လဲ အပါအဝင်ပေါ့။ YUTTA YOGA Application ကို Download လုပ်ပြီး Free Videos နဲ့ စလုပ်ကြည့်တယ်။ ၂ ရက်ပဲ လုပ်ကြည့်ရသေးတယ် အရမ်းသဘောကျပြီး တစ်နှစ်စာ အပ်ဖြစ်လိုက်ပါတယ် ☺️

Free Videos ကို ကြည့်ပြီး ၂ ရက်လေ့ကျင့်အပြီး အကြောတွေ ပျော့ပြီး နေရတာ ပေါ့ပါးသွားတယ်။ ရေရှည်လေ့ကျင့်ရင် ပိုထိရောက်မယ် ယုံကြည်ပြီး တစ်နှစ်စာ အပ်ဖြစ်ပါတယ်။ အစမှာ အခက်ဆုံးက အသက်ရှူသွင်း ရှူထုတ်ပါ။ အခုတော့ အသက်ရှူတတ်နေပြီး ?

ယောဂလုပ်ပြီး တစ်လခွဲအတွင်းရတဲ့ အသိသာဆုံး အကျိုးကျေးဇူးတွေက ဇက်ကြော မတက်တော့တာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာတာ၊ ဒေါသတွေ ထိန်းလာနိုင်တာတွေပါ။ Massage ကို အနည်းဆုံး တစ်လ ၂ ခါ သွားလေ့ရှိပေမယ့် ယောဂစလုပ်တဲ့ရက်က စပြီး ခုထိ သွားစရာ မလိုတော့အောင် အကြောပြေပြီး စိတ်ကြည်လင်လာပါတယ်။

YUTTA YOGA မှာ သင်ပေးတဲ့ ဆရာမရဲ့ ရှင်းပြချက်တွေက နားလည်ရ လွယ်ပြီး ယောဂကို လွယ်လွယ်ကူကူ လိုက်လုပ်နိုင်စေပါတယ်။ ကျွန်မအတွက်ကတော့ ယောဂကျင့်စဉ်က စိတ်၊ ခန္ဓာအတွက် အကောင်းဆုံး လေ့ကျင့်ခန်းလို့ ထင်ပါတယ်။

ဒါ့ကြောင့် ယောဂကို ရေရှည် ဆက်လုပ်ပါမယ်။

ဒေါသထွက်နေလား၊ စိတ်ရှုပ်နေလား၊ ဘယ်အရာကိုမှ အလိုမကျဖြစ်နေလား။ အာရုံစူးစိုက်မှု မရှိဘူးလား။ ယောဂကို စမ်းလုပ်ကြည့်ပါနော်။

အကြောပြေပြီး စိတ်ငြိမ်စေပါတယ်။ လေ့ကျင့်ခန်း တစ်ခုခုကို လုပ်ဖို့ ရှာနေရင်လဲ ယောဂကို လုပ်ကြည့်စေချင်ပါတယ်။ အကျိုးကျေးဇူးတွေကတော့ တစ်လခွဲအတွင်း ကိုယ်တွေ့ဖြစ်လို့ ယောဂကို အရမ်းသဘောကျနေပါပြီး။

 

သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့  Facebook Messenger  (ဒါမှမဟုတ်) Viber/WhatsApp- 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။


Categories: Reviews