ယောဂ လေ့ကျင့်ဖို့ ဘာတွေ လိုအပ်လဲ။

ယောဂ လေ့ကျင့်ဖို့ အထောက်အကူပြု ပစ္စည်းတွေက အမျိုးမျိုး အများကြီး ရှိပါတယ်။ အဲဒီ အထောက်အပြု ပစ္စည်းတွေကို အသုံးပြုပြီး ယောဂ လေ့ကျင့်ရင် ပိုပြီး အဆင်ပြေ ထိရောက်စေပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေ ရှိမှ လေ့ကျင့်လို့ ရတာ၊ မရှိရင် လေ့ကျင့်လို့ မရတာတော့ မဟုတ်ပါဘူး။ မရှိလည်း လေ့ကျင့်လို့ ရပါတယ်နော်။ ဒါပေမယ့် ရှိထားတာကတော့ အများကြီး ပိုကောင်းပါတယ်။ အလိုအပ်ဆုံး ပစ္စည်းတွေကတော့ ရှိထားသင့်ပါတယ်။

အရှိသင့်ဆုံး အရာတွေကို အစဉ်လိုက် ပြောပြပါမယ်။ တယောက်နဲ့တယောက်က ပိုက်ဆံ တတ်နိုင်တာချင်း မတူတော့ ကိုယ်တတ်နိုင်သလောက်ကနေ စဝယ်ထားလို့ ရပါတယ်။ ပိုက်ဆံ တတ်နိုင်တယ်ဆိုရင် ခုပြထားတာတွေကို တခါတည်း အကုန် ဝယ်ထားလို့ ရပါတယ်ရှင့်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါတွေက Basic Yoga ကတည်းက စသုံးရတာကြောင့်ပါ။ တခါတည်း အကုန် မဝယ်နိုင်သေးသူတွေလည်း အဆင်ပြေပါတယ်နော်။ အိမ်မှာ ရှိတာတွေနဲ့ အစားထိုး အသုံးပြုလို့လည်း ရပါတယ်ရှင့်။

၁။ ယောဂဖျာ တချပ်

၂။ ဘလောက်တုံး ၂ ခု

၃။ ယောဂကြိုး တခု

၄။ ( ဒူးနာတတ်သူဆိုရင်) ဒူးခံပြား တစုံ

၅။ မျက်လုံးအုပ် ( Eye Pillow ) တခု

၆။ ယောဂ ခေါင်းအုံး ( Yoga Bolster ) တခု

ဒီ (၆)ခုထဲက နံပါတ် ၁၊ ၂၊ ၃ တွေကတော့ အရှိသင့်ဆုံးတွေ ဖြစ်ပါတယ်။ ဉီးစားပေး ဝယ်ထားရမယ့် အရာတွေ ဖြစ်ပါတယ်ရှင့်။

ဒါတွေက ယောဂ လေ့ကျင့်တဲ့အချိန်တွေမှာ အထောက်အကူ ပြုစေဖို့ လိုအပ်သလို အသုံးပြုပေးရတာ ဖြစ်ပါတယ်။ အသုံးပြုနည်းတွေကတော့ သင်ခန်းစာတွေမှာ ပါပါတယ်ရှင့်။

ဒီပစ္စည်းတွေကို YUTTA YOGA မှာလည်း ရရှိနိုင်ပါတယ်။ စုံစမ်းမယ်၊ မှာယူမယ်ဆိုရင် Facebook Page Messenger ကနေ ဆက်သွယ်ပေးကြပါနော်။


Categories: BLOG, Blogs

Tags: