fbpx
ယောဂ လေ့ကျင့်မယ်ဆို အကြောလျော့ထားဖို့ လိုလား ?

 

ယောဂ လေ့ကျင့်မယ်ဆို အကြောလျော့ထားဖို့ လိုလား ဆိုပြီး ယောဂ စလေ့ကျင့်မယ့်သူတွေ တချို့က မေးလာကြပါတယ်။ အဖြေကတော့ မလိုပါဘူး။ အဲဒါတွေက လေ့ကျင့်မယ့် ယောဂအကွက်တွေထဲမှာ ပါပြီးသားပါ။

သတိထားရမှာကတော့ တချို့ယောဂအကွက်တွေက တခါတည်း တန်းပြီး မလေ့ကျင့်ရပါဘူး။ ရှေ့မှာ ကြိုလေ့ကျင့်ရမှာတွေ၊ နောက်မှာ ပြန်ဖြေဖို့ လေ့ကျင့်ရမှာတွေ ရှိပါတယ်။ YUTTA YOGA video တွေထဲမှာ အဲဒါတွေ အကုန်ပါပါတယ်။ Yoga flow ကို ပြည့်စုံအောင် စီစဉ်ပေးထားလို့ အစကနေ အဆုံးထိ လိုက်လေ့ကျင့်ရုံပါပဲ။

အောက်မှာ video နဲ့ ရှင်းပြထားတာကိုလည်း နားထောင်ပေးပါရှင့်။

YUTTA YOGA ရဲ့ အတန်းတွေမှာ လေ့ကျင့်တာ ကြာလာတာနဲ့ အရင်လုပ်ရမယ့် အကွက်တွေ၊ ပြန်ဖြေရမယ့် အကွက်တွေကို အလိုလို သိလာမှာ ဖြစ်ပါတယ်။ စိတ်ကို စုစည်းပြီး အာရုံ အပြည့်စိုက်ပြီး ပုံမှန် လေ့ကျင့်ပေးဖို့ အကြံပြုချင်ပါတယ်ရှင့်။

🧘🧘🧘🧘🧘🧘🧘🧘🧘🧘🧘🧘🧘

 

❤️ သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger  (ဒါမှမဟုတ်) Viber/WhatsApp- 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။

 


Categories: Q & A