သင်တန်းသူ အစ်မ Kay ရဲ့ Review

 

ကျမ အသက်က ၆၀ ရှိပါပြီ။

ယောဂကို စိတ်ဝင်စားခဲ့တာတော့ ကြာပါပြီ။
စာအုပ်တွေ ဖတ်တယ် လေ့လာတယ်။
အဲ့ဒီအချိန်တုန်းက ယောဂသင်တန်းက မရှိသလောက်ပါဘဲ။

အလုပ်ကနေ အနားယူတော့ ယောဂသင်တန်းတက်ဖို့အတွက် အကောင်အထည် ဖော်မယ်ဆိုပြီး တခြားသင်တန်းတွေ လိုက်လေ့လာခဲ့ပါတယ်။
အဲ့ဒီမှာ YUTTA YOGA ရဲ့ video တွေ ကြည့်မိတယ်။ ကိုယ်နဲ့ အဆင်ပြေမှု ရှိမရှိ လိုက်လုပ်ကြည့်တယ်။

အချိန်ကလဲ ကိုဗစ်ကာလဆိုတော့ အိမ်ထဲမှာ နေတဲ့အချိန်လေး အကျိုးရှိအောင် ဆရာမ Yutta ရဲ့ယောဂ video တွေ ဒေါင်းပြီး လိုက်လေ့ကျင့်ခဲ့ပါတယ်။
လေ့ကျင့်ဖို့အတွက် စိုးရိမ်တာတော့ မရှိပါဘူး..ရသလောက် လုပ်မယ်ဆိုတဲ့ စိတ်ဘဲ မွေးထားပါတယ်။

သင်တန်းအပ်ပြီး လေ့ကျင့်လာတာ ၃လ ပြည့်ပါတော့မယ်။
ဆက်ပြီး သင်တန်း ဆက်တက်မှာပါ။
တသက်လုံး ယောဂ လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

စလုပ်လုပ်ခြင်းကတော့ Downward လုပ်တဲ့အခါ လက်တွေ တဆတ်ဆတ် တုန်ပါတယ်။ မထောက်နိုင်ပါဘူး။ နောက်ရက်တွေမှာ လက်ပြင်နာတာ ကိုယ်လက်တွေ နာကျင်တာ မလှုပ်နိုင်တာတွေ ရှိခဲ့ပါတယ်။

အရင်ကဆို ခါးနာတာ အမြဲလိုလို ဖြစ်နေကြပါ။ ခုတော့ ခါးနာတာတွေ သက်သာလာတယ်။ သွေးပေါင် ချိန်လိုက်တိုင်း ၁၂၀/၈၀ က ပုံမှန်ဖြစ်နေပါပြီ။

နေလို့ ထိုင်လို့ ကောင်းလာတယ်။
အာရုံကြောတွေ အားကောင်းလာပါတယ်။
လက်တွေ ထောက်နိုင်လာတယ်။
ပေါ့ပါးလာတယ် ၊ သည်းခံနိုင်လာတယ်။
ဒေါသတွေ လျော့လာတယ်။

Meditation တွေ လုပ်ရင်း စိတ်တည်ငြိမ်လာတယ် ၊ ဘဝအတွက် စိုးရိမ်သောကစိတ်တွေ ကင်းဝေးလာတယ် ။
အကောင်းမြင်စိတ်တွေ တိုးပွားလာတယ်။

ကျမအမြင်ကတော့ ယောဂကို အရင်ကတည်းက ကြိုက်နှစ်သက်ခဲ့တာဆိုတော့ ကိုယ်နဲ့ပတ်သက် ဆက်နွယ်တဲ့သူတွေ အကုန်လုံးကို ကိုယ်က တဆင့် ပြန်ပြီး sharing လုပ်ပေးပါတယ်။

ကိုယ့်ကျန်းမာရေးအတွက် လုပ်လဲ လုပ်သင့်ပါတယ်။
ဆရာဦးအောင်သင်း ပြောသလို
ကျန်းမာရေး က ပညာဘဲတဲ့။
အသက်ကို ဉာဏ်စောင့်တယ်။ ဉာဏ်ရှိမှ ကျန်းမာမှာပါ။

လူတိုင်း ယောဂ လုပ်သင့်ပါတယ်။ အချိန်လဲ သိပ်မပေးရဘူး။ ကိုယ်ကျန်းမာရေးအတွက်မို့ ကိုယ်တိုင်တော့ တာဝန်ယူရမှာ ဖြစ်ပါတယ်။
အဲ့ဒီတော့ ယောဂကို လေ့ကျင့်ကြည့်ပါ။
အကျိုးကျေးဇူးကတော့ ကိုယ်တိုင် ခံစားရမှာ ဖြစ်ပါတယ်။

Online Yoga ဆိုပေမဲ့ ဆရာမက ကိုယ့်ရှေ့မှာ သင်ပြနေသလိုပါဘဲ။
စိတ်ရှည်တယ်..တခုချင်း ရှင်းပြတဲ့အတွက် နားလည်လွယ်တယ်၊ အားတဲ့အချိန် လိုင်းဖွင့်ပြီး လေ့ကျင့်ရတာ ပိုကောင်းတယ်။

စနစ်တကျ သင်ကြားပေးတဲ့ဆရာမ Yutta ကို နေ့တိုင်း အချိန်တိုင်း ကျေးဇူးတင်ပါတယ်။

ရှေ့ဆက်ပြီးတော့လဲ ကြိုးစား သင်ယူလေ့လာပါ့မယ်။
ဆရာမနှင့်တကွ သင်တန်းသူသင်တန်းသားများအားလုံး ကျန်းမာခြင်း ချမ်းသာခြင်း သုခများ ခံစားရရှိနိုင်ပါစေ။ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒတွေ ပြည့်ပါစေလို့ ဆုတောင်းပါတယ်။

?????????????

 

❤️ သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger  (ဒါမှမဟုတ်) Viber/WhatsApp- 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။

 


Categories: Reviews