သင်တန်းသူ အစ်မ Eh ThaBlay ရဲ့ Review

 

YUTTA YOGA ကို YouTube မှာ စပြီး သိခဲ့တာပါ။မိသားစုမှာက သွေးတိုး နှလုံး ဆီးချိုရောဂါ ရှိပါတယ်။ ကျွန်မလည်း ဒီရောဂါတွေ ဖြစ်မှာ ကြောက်တယ်။ ဒီကြားထဲ stay home ကာလအတွင်း weightတွေ အရမ်းတက်သွားခဲ့တယ်။ လေ့ကျင့်ခန်းလုပ်မယ်လို့ စိတ်ကူးက ရှိပေမဲ့ မလုပ်ဖြစ်ခဲ့ပါဘူး။

တရက်မှာတော့ Pressure မတက်စဖူး တက်လာတယ်။ ဆရာဝန်က အစားအသောက် ဆင်ခြင်ဖို့နဲ့ လေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုခဲ့ပါတယ်။

လေ့ကျင့်ခန်းဆိုတော့ အစောပိုင်း ကျွန်မပြေးတယ်။ လမ်းလျှောက်တယ်။ အဆင်မပြေဘူး။ ခြေဖဝါးတွေ တင်ပဆုံတွေ နာလာတယ်။ နောက်ဆုံး ယောဂကို ရွေးချယ်လိုက်တယ်။

စလေ့ကျင့်ခါစက တချို့ရက်တွေမှာ တော်တော် ပင်ပန်းတယ်။ တချို့ရက်မှာ အနားယူတဲ့အကွက်ဆို အိပ်ပျော်သွားမိတာ ရှိတယ်။ ဒါပေမဲ့ တ‌ဖြေးဖြေး အဆင်ပြေလာပါတယ်။ ကျွန်မ သင်တန်းတက်တာက သွေးတိုးရောဂါကို ကြောက်လို့ ကာကွယ်ချင်လို့ပါ။

လေ့ကျင့်ခန်း လုပ်နေတဲ့ အတောအတွင်း pressure တခါမှ မတက်တော့တဲ့အပြင် ခါးနာတာ တင်ပဆုံနာတာတွေပါ ပျောက်သွားခဲ့ပါတယ်။

စိတ်ပိုင်းဆိုင်ရာအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာတယ်။ ကြားထဲမှာ accident ဖြစ်လို့ သင်တန်းကို ခဏနားထားပြီး ခုမှ ပြန်လေ့ကျင့်နေတာ ၄ ၅ ရက်ပဲ ရှိပါသေးတယ်။

သင်တန်းက online ဆိုပေမဲ့ ဘေးနားမှာနေပြီး သေချာသင်ပြ ပြောပြနေသလိုပါပဲ။ ယောဂဆိုတာ ကျွန်မတို့အတွက် ကိုယ် စိတ် နှစ်ပါးလုံး ကျန်းမာစေတယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။

ရောဂါဖြစ်မှ ကုသတာထက် မဖြစ်ခင်မှာ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ။ ကာကွယ်ဖို့အတွက် လေ့ကျင့်ခန်းကို ရွေးဖို့ လိုအပ်လာရင် ယောဂကို ရွေးချယ်ဖို့ အကြံပြုပါရစေ။

ကျွန်မကတော့ ယောဂကို လေ့ကျင့်နိုင်သရွေ့လေ့ကျင့်ဖို့ ဆုံးဖြတ်ထားပါတယ်။

 

သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့  Facebook Messenger  (ဒါမှမဟုတ်) Viber/WhatsApp- 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။


Categories: Reviews