သင်တန်းသူ ညီမလေး Yamin Maung Maung ရဲ့ Review

 

တီချယ် YUTTA နှင့်တကွ အားလုံးပဲ မင်္ဂလာပါရှင့်?

?‍♀️အသက်၂၅နှစ် ပြည့်ပြီးနောက်ပိုင်းမှာ ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းတစ်ခုခု လုပ်မယ်လို့ စဥ်းစားမိပါတယ်။ Gym လဲ မဆော့ချင်တာနဲ့ yoga လေ့ကျင့်ရင် ကောင်းမလားလို့ တွေးရင်းနဲ့ online class တွေအကြောင်းကို ရှာကြည့်ပါတယ်။ zoom နဲ့သင်တာမျိုးလဲ မကြိုက်တာကြောင့် အဆင်ပြေမယ့်သင်တန်းကို လိုက်ရှာကြည့်တော့ တီချယ့်ရဲ့ YUTTA YOGA online yoga ကို တွေ့မိပြီး စတက်ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ရက် (၅၀) ရှိပါပြီရှင်။

?‍♀️မတက်ခင်မှာတော့ အဆင်ပြေပါ့မလားလို့ တွေးမိပေမယ့် မပြေရင် မတက်ရုံပေါ့လို့ သဘောထားလိုက်တာ ခုဆို အဆင်ပြေလွန်းလို့ တစ်နေ့တစ်ခါ မကျင့်ရရင် မနေနိုင်ပါဘူး။

?‍♀️စကျင့်တဲ့ ၂-၃ရက်လောက်မှာတော့ ခန္ဓာကိုယ်က အကျင့်မရှိတဲ့အတွက် ကြွက်သားတွေ နာသလိုခံစားပါတယ်။ နောက်ပိုင်းရက်တွေမှာ ခန္ဓာကိုယ်ဟာ နေလို့ကောင်းလာပါတယ်။ မျက်မှန်သမားမို့ အရင်က မျက်ရိုးကိုက်တာ၊ဇက်ကြောတက်တာတွေလဲ သက်သာလာပါပြီ။အရင်က လက်ပြင်ကုန်းတာပါ ခုဆို တဖြည်းဖြည်းနဲ့ မတ်လာပါတယ်။ မျက်နှာအသားအရေကအစ ခန္ဓာကိုယ် အသားအရေပါ ကြည်ပြီး စိုလာတာကိုလဲ တွေ့ရပါတယ်။ (မျက်နှာကြည်ကြည်လေးဖြစ်တာကို သဘောအကျဆုံးပါ)

ခန္ဓာကိုယ်သာ မကပါဘူး၊ စိတ်ကိုလည်း အရင်ကထက် အေးချမ်းလာတယ်လို့ ခံစားမိပါတယ်။ အရင်က တစ်ခုခုဆို စိတ်ဆိုးဒေါသစိတ်နဲ့ ချက်ချင်းတုံ့ပြန်တတ်တယ်။ ခုဆိုရင် အရင်ကထက်ပိုပြီး သည်းခံနိုင်လာပါတယ်။

?‍♀️တကယ်တော့ ယောဂလေ့ကျင့်ခြင်းဟာ ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေသလို စိတ်ကိုလည်း တည်ငြိမ်အေးချမ်းစေပါတယ်။ ဒီထက်စောစောအချိန်တွေမှာ ဘာလို့များ ယောဂကို ရှာမတွေ့မိတာလဲလို့ တွေးမိပါတယ်။ စောစောလေ့ကျင့်နိုင်လေ အကျိုးရှိလေပါ။ ခုမှ လေ့ကျင့်ရလို့လည်း နောက်ကျတယ်လို့ မရှိပါဘူး။ စကျင့်တဲ့ရက်က စလို့ နေ့တိုင်းပုံမှန်လေ့ကျင့်ခြင်းဖြင့် အကျိုးကျေးဇူးတွေအများကြီး ရရှိစေမှာဖြစ်ပါတယ်။

?‍♀️တီချယ့်ရဲ့ online ကသင်ပေးပုံ အဆင်ပြေချက်ကတော့ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းတဲ့ ကျွန်မလိုလူတောင် နေ့တိုင်း တစ်နေ့တစ်ခါ မလုပ်ရရင် မနေနိုင်လောက်သည်ထိကို အဆင်ပြေတာပါ။ လေ့ကျင့်နေရင်းမှာ မှားနိုင်တဲ့အချက်တွေ၊ ဆောင်ရန်ရှောင်ရန်အချက်တွေရယ်၊ ခန္ဓာကိုယ်ပြောစကားအတိုင်းလိုက်လုပ်ပေးဖို့ ၊ ဘယ်အကွက်ကိုမဆို အလောတကြီးရဖို့ မလိုကြောင်းနဲ့ သေချာအာရုံစိုက်ပြီး လေ့ကျင့်ပေးဖို့တွေကို ပြောနေတာဟာ တီချယ်နဲ့ မျက်နှာချင်းဆိုင် လေ့ကျင့်နေရသလိုကို ခံစားရပါတယ်။ video လေးတွေနဲ့ ဆိုတော့ ကိုယ်အားတဲ့အချိန်၊ အဆင်ပြေတဲ့အချိန်မှာ လေ့ကျင့်ရတာလဲ ဒီသင်တန်းရဲ့ အားသားချက်တစ်ခုပါ။

နေ့တိုင်း မြင်နေရတဲ့ အပြုံးချိုချိုမျက်နှာလေးရယ်၊ကြားနေရတဲ့ အသံဝဲဝဲလေးရယ်ကို ချစ်ပါတယ်။ခုလို ကောင်းတဲ့အရာတွေကို မျှဝေပေးတဲ့အတွက်လည်း အရမ်းကို ကျေးဇူးတင်မိပါတယ်?

?‍♀️ခန္ဓာကိုယ်က လိုက်လေ့ကျင့်နိုင်တဲ့အချိန်အထိ ယောဂကို လေ့ကျင့်ဖို့ ဆုံးဖြတ်ထားပါတယ်။

?‍♀️ကိုယ့်အနားကလူတွေကို ယောဂလေ့ကျင့်ဖို့အတွက် ခုဆိုရင်ပြောပြနေမိပါတယ်။ ဝိတ်ကျဖို့ လှဖို့ထက် တကယ်ကို ကျန်းမာပြီး အေးချမ်းဖို့အတွက် ယောဂကို လေ့ကျင့်ဖို့ တိုက်တွန်းချင်ပါတယ်။

??ပုံလေးတွေကတော့ ရိုက်ပေးမယ့် ညီမလေးအားတုန်း ရိုက်ထားလိုက်တာ များသွားပါတယ်။အမှတ်တရအနေနဲ့မို့ အကုန်လုံးပဲ တင်လိုက်ပါတယ်ရှင်။

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ?

???????????????

 

❤️ သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger  (ဒါမှမဟုတ်) Viber/WhatsApp- 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။

 


Categories: Reviews