Yoga ချစ်သူ အားလုံး မင်္ဂလာပါရှင့်?
ကျွန်မရဲ့ Yoga စတင်ခဲ့ပုံလေးတွေကို ဝေမျှချင်ပါတယ်ရှင့်။
ကျွန်မက သမီးလေးကို မွေးပြီးတော့ anxiety ရခဲ့ပါတယ်ရှင့်။ ညဆို အိပ်မပျော်တဲ့ရောဂါ၊ အမြဲပူပင်နေတဲ့ စိတ်တွေကြောင့် ဆရာဝန်တွေ စုံအောင် ပြခဲ့ရပါတယ်ရှင့်။
ဆရာကြီး အကြံပေးချက်အရ Exercise တခုခုကို ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်ရှင့်။
Youtube မှာ ကောင်းနိုးရာရာ လေ့ကျင့်ခန်းတွေကို လေ့လာရာမှာ တီချယ် Yutta ရဲ့ Yoga video လေးတွေကို စိတ်ဝင်စားခဲ့ပါတယ်ရှင့်။ လေ့လာဖြစ်ခဲ့ပါတယ်ရှင့်။
တီချယ်နဲ့ သေချာသင်ချင်တာကြောင့် ပထမ ၃လစာ သွင်းပြီး စတင်လေ့ကျင့်ခဲ့ပါတယ်ရှင့်။
တီချယ့်ပြသတဲ့အကွက်တွေက ရှင်းလင်းပြတ်သားပါတယ်။ ဖြစ်တတ်တဲ့ အရာလေးတွေကိုပါ တခါထဲရှင်းပြတာကြောင့် သင်တန်း စတက်ကတည်းက အခက်အခဲ မရှိခဲ့ပါဘူးရှင့်။
ခု Basic တနှစ် ပြည့်တော့ပါမယ်ရှင့်။ နားရက်တွေ များတာကြောင့် Basic ကို နောက်ထပ် တနှစ် ထပ်အပ်ပါမယ်ရှင့်။
၁။ Yoga လေ့ကျင့်ပြီးရင် ချွေးတွေ ထွက်ပြီး အရမ်းနေလို့ ကောင်းသွားပါတယ်?
၂။ ညည အိပ်မပျော်တာတွေဟာ သိသိသာသာ သက်သာလာပါတယ်?
၃။ စိတ်ပူပန်မှု တော်တော် သက်သာလာပါတယ်။
၄။ Yoga စလေ့ကျင့်တာနဲ့ မျက်နှာက ပြုံးတတ်လာတယ်ရှင့်?
ကျွန်မ yoga လေ့ကျင်တာ အဆင့်တွေ တက်တက်ပြီး လေ့ကျင့်ဖို့ထက် ကိုယ်ရဲ့ လုပ်နိုင်တဲ့ အနေအထားကိုဘဲ အဓိကထားပြီး လေ့ကျင့်သွားမှာပါရှင့်။
အဓိက ကတော့ ကျမ်းမာရေး ကောင်းမွန်လာတဲ့ အကျိုးကျေးဇူး ကိုယ်တိုင် ခံစားရတဲ့အတွက်
သင်ကြားပြသပေးတဲ့ တီချယ်ကိုကော၊ YUTTA YOGA ကို ရွေချယ်ခဲ့တဲ့ ကိုယ့်ကိုကိုယ်ရော ကျေးဇူးတင်ပါတယ်ရှင့်?♀️
ကျွန်မ အကြိုက်ဆုံး pose ကတော့ Sun Salutation ပါရှင့်။
အားလုံး ကျမ်းမာကြပါစေရှင်?
သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger (ဒါမှမဟုတ်) Viber/WhatsApp- 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။