သင်တန်းသူ အစ်မ Ei Khaing ရဲ့ Review

 

 

မင်္ဂလာပါရှင့် ကျမအသက် ၃၈ နှစ်ပါ။
ယောဂသင်တန်း (၇)လကျော် သင်တန်းသူလေးပါရှင့် ?
Basic အတန်းကို‌တောင် လိုအပ်ချက်တွေ မလုပ်နိုင်တာတွေ အများကြီး ရှိနေပါသေးတယ် ??

ကိုယ်လက်လှုပ်ရှား အားကစား ဝါသနာပါလို့ လွန်ခဲ့တဲ့ 15 နှစ်ကျော်လောက်ကတည်းက နိုင်သလောက် ကောင်းနိုးရာရာ လေ့ကျင့်ခန်းလေးတွေ လိုက်လုပ်ရင်း တကယ်ဝါသနာပါတာက အကသင်တန်း တက်ချင်ခဲ့တာ ?အဲတာက သမီးနဲ့အတူ နောက်မှပေါ့။

ကျန်းမာရေးအတွက် အသက်အရွယ်အရ အမြဲပေါ့ပေါ့ပါးပါး လုပ်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေ ရှာကြည့်ရင်း YUTTA YOGA ကို ရှာတွေ့လို့ ဆရာမတင်ပေးတဲ့ Yoga Videos လေးတွေ လုပ်ကြည့်ရင်း ယောဂကို စိတ်ဝင်စားသွားပြီး တက်ခဲ့ကြည့်တာ အတော်အဆင်ပြေခဲ့ပါတယ်။

အခုဆို ယောဂကို စွဲလန်းတယ်တောင် ပြောလို့ရတယ်။ တစ်ရက်တလေတောင် အပျက်မခံနိုင်ခဲ့ဘူး။ ခန္ဓာကိုယ်က သိပ်ပျော့ပျောင်းတဲ့အထဲ မပါလို့ မရတာတွေ များသေးပေမယ့် တစ်နေ့ အားလုံး လိုက်လုပ်နိုင်ရမယ်လို့ ယုံကြည်နေမိတယ်။

ယောဂရဲ့ ကောင်းကျိုးတွေက မနည်းပါဘူး။ အဓိကက စိတ်နဲ့ ခန္ဓာကိုယ် သေချာလေ့ကျင့်ပေးရတဲ့ အားကစားဖြစ်လို့ အရာရာ လက်ခံနိုင်တဲ့ စိတ် အိပ်မပျော်တာတွေ မရှိသလောက် နည်းသွားတာကတော့ အခု လက်တွေ့ခံစားရတဲ့ အကျိုးပါပဲ?

ဆရာမပြောသလို တစ်ယောက်နဲ့တစ်ယောက် မတူလို့ ရတာချင်းလဲ တူမှာ မဟုတ်ပေမယ့် အမြဲလေ့ကျင့်ရင်း အားလုံး လိုက်လုပ်လာနိုင်မယ်လို့ ယုံကြည်ရင်း ကျမကတော့ ယောဂကို လုပ်နိုင်တဲ့ အသက်အရွယ်ထိ ကြိုးစားလုပ်သွားမိမှာပါ ?

ကျမတို့ အသက်အရွယ် ငယ်သူ ကြီးသူများပါ တနေ့တစ်နာရီလောက် အချိန်ပေးရင်း ကိုယ်စိတ်ကျန်းမာအောင် ယောဂကို လေ့ကျင့်ကြည့်စေချင်ပါတယ်။ တကယ့်လက်တွ့ ကောင်းကျိုးတွေခံစားစေချင်လို့ပါရှင့် ၊?

 

သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့  Facebook Messenger  (ဒါမှမဟုတ်) Viber/WhatsApp- 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။


Categories: Reviews