သင်တန်းသူ အစ်မ တုံလေးမေမေရဲ့ Review

 

 

Yoga ချစ်သူ အားလုံး မင်္ဂလာပါရှင့်?
ကျွန်မရဲ့ Yoga စတင်ခဲ့ပုံ​လေး​တွေကို ​ဝေမျှချင်ပါတယ်ရှင့်။

ကျွန်မက သမီး​လေး​ကို​ မွေးပြီး​တော့ anxiety ရခဲ့ပါတယ်ရှင့်။ ညဆို အိပ်မ​ပျော်တဲ့​ရောဂါ၊ အမြဲပူပင်​နေတဲ့ စိတ်​တွေ​ကြောင့် ဆရာဝန်​​တွေ စုံ​အောင် ပြခဲ့ရပါတယ်ရှင့်။

ဆရာကြီး အကြံ​ပေးချက်အရ Exercise တခုခုကို ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်ရှင့်။

Youtube မှာ​ ကောင်းနိုးရာရာ​ ​လေ့ကျင့်ခန်း​တွေကို ​လေ့လာရာမှာ တီချယ် Yutta ရဲ့ Yoga video ​လေး​တွေကို စိတ်ဝင်စားခဲ့ပါတယ်ရှင့်။​ လေ့လာဖြစ်ခဲ့ပါတယ်ရှင့်။

တီချယ်နဲ့ ​သေချာသင်ချင်တာ​ကြောင့် ပထမ ၃လစာ သွင်းပြီး စတင်​လေ့ကျင့်ခဲ့ပါတယ်ရှင့်။

တီချယ့်ပြသတဲ့အကွက်​တွေက ရှင်းလင်းပြတ်သားပါတယ်။ ​ဖြစ်တတ်တဲ့ အရာ​လေး​တွေကိုပါ တခါထဲရှင်းပြတာ​ကြောင့် သင်တန်း စတက်ကတည်းက အခက်အခဲ မရှိခဲ့ပါဘူးရှင့်။

ခု Basic တနှစ် ပြည့်​​တော့ပါမယ်ရှင့်။ နားရက်​တွေ များ​တာ​​ကြောင့် ​Basic ကို နောက်ထပ် တနှစ် ထပ်အပ်ပါမယ်ရှင့်။

၁။ Yoga ​လေ့ကျင့်ပြီးရင် ​ချွေး​တွေ ထွက်ပြီး အရမ်း​နေလို့​ ကောင်းသွားပါတယ်?
၂။ ညည အိပ်မ​ပျော်တာ​တွေဟာ သိသိသာသာ သက်သာလာပါတယ်?
၃။ စိတ်ပူပန်မှု ​တော်​တော် သက်သာလာပါတယ်။
၄။ Yoga စလေ့ကျင့်တာနဲ့ မျက်နှာက ပြုံးတတ်လာတယ်ရှင့်?

ကျွန်မ yoga ​လေ့ကျင်တာ အဆင့်တွေ တက်တက်ပြီး​ လေ့ကျင့်ဖို့ထက် ကိုယ်ရဲ့ လုပ်နိုင်တဲ့ အ​နေအထားကိုဘဲ အဓိကထားပြီး ​လေ့ကျင့်သွားမှာပါရှင့်။

အဓိက က​တော့ ကျမ်းမာ​ရေး ​ကောင်းမွန်လာတဲ့ အကျိုး​ကျေးဇူး ကိုယ်တိုင် ခံစားရတဲ့အတွက်
သင်ကြားပြသ​ပေးတဲ့ တီချယ်ကို​ကော၊ YUTTA YOGA ကို​ ရွေချယ်ခဲ့တဲ့ ကိုယ့်ကိုကိုယ်ရော ​ကျေးဇူးတင်ပါတယ်ရှင့်?‍♀️

ကျွန်မ အကြိုက်ဆုံး pose က​တော့ Sun Salutation ပါရှင့်။
အားလုံး ကျမ်းမာကြပါ​စေရှင်?

 

သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့  Facebook Messenger  (ဒါမှမဟုတ်) Viber/WhatsApp- 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။


Categories: Reviews