ကျွန်မက အသက်၅၁ နှစ်အရွယ်၊ သမီးနှစ်ယောက်မိခင်ပါရှင်…
ယောဂ လေ့ကျင့်လာတာ တစ်လခွဲ ရှိပါပြီ …?♀️?♀️?♀️
ငယ်ငယ်ကတည်းက ဘာလေ့ကျင့်ခန်းမှ မလုပ်ဖြစ်ခဲ့တာ လက်ရှိ ယောဂ မဆော့ခင် အချိန်ထိပါ…
အသက် ၅၁ထဲ ရောက်တဲ့ အချိန်ကစပြီး ညဘက် အိပ်မပျော်တာ များလာပါတယ် …
မနက် အိပ်ယာထတဲ့အခါလဲ အကြောတွတွေတင်းပြီး ကျောတွေနာပါတယ်…
ကြွက်တက်တာလဲ ခြေထောက်လေး ဆန့်လိုက်တာနဲ့တက်လာတတ်ပါတယ်…
ကျီးပေါင်းလည်း ရှိပြီး အပြင်သွားရင် ခေါင်းကိုက်တတ်လွန်းလို့ ဆေး အမြဲဆောင်ထားရသူပါရှင်…?♀️?♀️?♀️
တစ်နေ့ ညီမလေး တစ်ယောက်နဲ့ စကားပြောဖြစ်ရင်း ညဘက် အိပ်မပျော်ဘူးလို့ ပြောတော့ မမ ယောဂ လေ့ကျင့်ကြည့်ပါလား ဆိုပြီး Messenger က ” YUTTA YOGA Link ” လေးကို ပို့ပေးခဲ့ပါတယ်…
လိုက်လုပ်ကြည့်ရင်း တော်တော်လေး နေလို့ကောင်းတာ ခံစားမိလာတယ်…
အဲ့လိုနဲ့ ၃လ သင်တန်း စအပ်ပြီး လေ့ကျင့်နေတာ ၁လခွဲ ရှိပါပြီ…?♀️?♀️?♀️
ကျွန်မက ဥုံကို ရွတ်လာတာ ကြာပြီ ဖြစ်ပေမယ့် ယောဂကိုတော့ ခုမှလေ့ကျင့်ဖြစ်တာပါ… ဘယ်အရာမဆို သူ့အချိန်တန်မှ ဖြစ်လာတယ်ဆိုတာ အမှန်ပါ…?♀️?♀️?♀️
အခုဆို ကြွက်တက်တာ လုံးဝ မခံစားရတော့တဲ့အပြင် အပြင်သွားရင် အကိုက်ခဲ ပျောက်ဆေး မဆောင်ရတော့ပါဘူး …
နေရတာ အရမ်းပေါ့ပါးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုရှိလာပါတယ် …
တရားထိုင်တဲ့အခါမှာလဲ အာရုံစူးစိုက်မှုတွေ ပိုကောင်းလာတယ်…
ခြေထောက်နာတာ ကျဥ်တာတွေလည်း အများကြီးလျော့လာတယ်…အိပ်ပျော်တာလဲ နှစ်နှစ်ခြိုက်ခြိုက်ပါပဲရှင်…?♀️?♀️?♀️
ဆရာမလေး ပြောသလိုပဲ ကိုယ်နိုင်သလောက် ဖြေးဖြေးနဲ့ မှန်မှန်လေးပဲ လိုက်လုပ်နေပါတယ်…
Online သင်တာဆိုပေမယ့် နားလည်လွယ်အောင် စိတ်ရှည်ရှည်နဲ့ စနစ်တကျ သေချာ သင်ပြပေးထားပါတယ်…
ဆရာမလေးနဲ့ သင်ရတာ အပြင်မှာ သင်နေရသလိုခံစားမိပါတယ်…?♀️?♀️?♀️
သင်တန်း တက်ဖြစ်အောင် တိုက်တွန်းပေးတဲ့ ညီမလေး Ma Ni Lar နဲ့ ဆရာမလေးကို အထူးကျေးဇူးတင်ပါတယ်…
ဘဝရဲ့ လက်ကျန်အချိန်တွေကို ယောဂနဲ့အတူ ဖြတ်သန်းသွားမှာပါ…
စိတ်ရော ကိုယ်ပါ လန်းဆန်း ကျန်းမာပြီး အရမ်းကောင်းတာ ကိုယ်တွေ့မို့ ယောဂကို လေ့ကျင့်ဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်ရှင်….?♀️?♀️?♀️
?????????????
❤️ သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger (ဒါမှမဟုတ်) Viber/WhatsApp- 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။