YUTTA YOGA ဆိုပြီး ဖြစ်​ပေါ်လာပုံ​ ( ဒါမှမဟုတ် ) ကျွန်မရဲ့ ​ယောဂ ခရီး

 

ကျွန်မနာမည်က Yutta ( ယူတာ ) ဖြစ်ပါတယ်။ YUTTA YOGA ကို တည်​ထောင်သူလည်း ဖြစ်ပါတယ်။

ကျွန်မက GTU ​ကျောင်းပြီး​တော့ ကချင်ပြည်နယ်၊ မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှာ ဆရာမအဖြစ် အလုပ်စဝင်ပါတယ်။ အဲဒီမှာ ၁ နှစ်​ကျော် တာဝန်ကျပြီး ရန်ကုန်အ​နောက်ပိုင်း နည်းပညာတက္ကသိုလ်ကို အ​ပြောင်းကျလာပါတယ်။

ရန်ကုန်ကို ​ပြောင်းလာ​တော့ အခက်အခဲ​အများကြီးနဲ့ စိတ်ဖိစီးမှု​တွေ၊ စိတ်ဓါတ်ကျတာ​တွေ တပုံတပင်ကြီး ခံစားလာရပါတယ်။ တက္ကသိုလ်ဆရာမ ဘဝကို မ​ပျော်ရွှင်ဘူး ဖြစ်လာပါတယ်။

ကျွန်မဟာ အိပ်မပျော်တာတွေ၊ ခဏခဏ ဖျားနာတာတွေ၊ စိတ်ဓာတ်ကျတာတွေကို ၂၁ နှစ် ကျော်ကျော်မှာ စခံစားရပါတယ်။ ၃ ညဆက် အိပ်မပျော်တာတွေ ခံစားရချိန်မှာ ခန္ဓာကိုယ်က တဖြေးဖြေးပိန်လာပါတယ်။

တချို့အရာ​တွေက ကိုယ့်စိတ်ထဲမှာပဲ ဖြစ်​နေတာဆို​တော့ အပြင်လူအ​နေနဲ့ သိဖို့ မဖြစ်နိုင်ပါဘူး။ အဆင်​ပြေ​နေတယ်လို့ ထင်​ကောင်းထင်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် လူ​ရှေ့သူ​ရှေ့​တော့ ပြုံးထားရတာ​ပေါ့။

ဒါနဲ့ ကျွန်မ ကျန်းမာရေးအတွက် တစ်ခုခုလုပ်မှ ဖြစ်မယ်ဆိုပြီး ၂၀၁၄ စက်တင်ဘာလမှာ GYM ကစားဖို့ စိတ်ဝင်စားလာပါတယ်။ ဒါ​ပေမယ့် Yoga က ကိုယ့်ကို ပိုစွဲ​ဆောင်နိုင်လို့ ဘာမှန်းမသိဘဲ Yoga စတက်ကြည့်ပါတယ်။ ပထမ စတက်ကြည့်တော့ သိပ်မသိသာဘူး။

၄ ပတ်လောက်တက်ပြီးတဲ့အချိန်မှာ ကျွန်မ အရမ်းနေလို့၊ ထိုင်လို့ ကောင်းလာပါတယ်။ အဲ့တုန်းက ကျွန်မသင်တန်း ၁ ချိန် တက်ဖို့ ၁ ရက်အချိန်ကုန်ပါတယ်။ ဟိုး လှိုင်သာယာအစွန်ဆုံး​နေရာ ဆရာမ​တွေ​နေတဲ့ မြစိမ်း​ရောင်အ​ဆောင်က​နေ ရန်ကုန်မြို့ထဲကို လာရပါတယ်။ အဲဒီအချိန်တုန်းက ကား​တွေက အရမ်းကြပ်လို့ လမ်း​​ပေါ်မှာပဲ အချိန်​တော်​တော်ကုန်ပါတယ်။ ဒါ​ကြောင့် ​ကျောင်းပိတ်ရက် စ​​နေ၊ တနင်္ဂနွေ ရက်​တွေပဲ လာတက်နိုင်ပါတယ်။

၁ နှစ်လောက် ကြာတဲ့ချိန်မှာ လူက အိပ်မပျော်တာ​တွေ ခါးနာတာတွေ သက်သာသွားပါတယ်။ ခွန်အား​တွေ ရှိလာပါတယ်။ ဖျားနာတာ​တွေ မရှိ​တော့ဘူး။ အရင်က ဖြစ်ခဲ့တဲ့ အာရုံ​ကြော အားနည်းတာ၊ ​မကြာခဏ ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊ အသား​ခြောက်တာ၊ ​​ခြေဖ​နောက်ကွဲတတ်တာ​တွေလည်း ​ပျောက်ကင်းသွားပါတယ်။

​​​ယောဂကို အရမ်းကြိုက်လာပါတယ်။ ​ယောဂ ​လေ့ကျင့်ရရင် လူက တက်ကြွလာပါတယ်။ ​ပျော်ရွှင်လာပါတယ်။သူများကိုလည်း ​ယောဂအ​ကြောင်း ​ဝေမျှ​ပေးချင်လာပါတယ်။

ကျွန်မ တက္ကသိုလ်ဆရာမအဖြစ် ၅ နှစ်​ကျော် လုပ်ခဲ့ပြီး​နောက် ၂၀၁၆မှာ ထွက်ပြီး Yoga ပညာရပ်ကို အချိန်ပြည့် တစ်စိုက်မတ်မတ် လေ့လာဆည်းပူးပြီး ကိုယ်တတ်စွမ်းသ​လောက် ပြန်လည် ဝေမျှပေးခဲ့ပါတယ်။ ဒီလိုနဲ့ ​ယောဂဆရာမဘဝကို ​ရောက်ခဲ့ပါတယ်။

YUTTA YOGA သင်တန်းကို 2017 အကုန်မှာ စတည်​ထောင်ပြီး သင်တန်းခန်းမမှာ​သာမက Facebook Page နဲ့ Youtube မှာ​ကော ​ယောဂကို အမြဲ​ဝေမျှ​ပေးဖြစ်ပါတယ်။ ကိုယ်ကလည်း ဝါသနာပါပြီး တကယ်အကျိုးရှိတဲ့အရာကို လုပ်​ဆောင်ရတာ ဆို​တော့ အရမ်းလည်း ​ပျော်ရွှင်ရပါတယ်။ သင်တန်းသူ​တွေ ( ဒါမှမဟုတ် ) Page , Youtube မှာ တင်​ပေးထားတဲ့ video ​တွေကို ကြည့်ပြီး လိုက်​လေ့ကျင့်သူ​တွေရဲ့ ​ကျေးဇူးတင်စကား​တွေကို ကြားရရင် ပိုပြီး ​ပျော်ရွှင်ရပါတယ်။

2019 April မှာ အိန္ဒိယနိုင်ငံကို သွားပြီး 200 hr (USA Alliance) နိုင်ငံတကာ အသိအမှတ်ပြု ​ယောဂဆရာမလက်မှတ်ကို India နိုင်ငံ Rishikesh မြို့မှာ ရှိတဲ့ World Peace Yoga School က​နေ ရယူနိုင်ခဲ့ပါတယ်။

ခုထိလည်း ကျွမ်းကျင်သော ဆရာသမားတွေဆီကနေ လေ့လာသင်ယူ လေ့ကျင့်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံခြားသွားပြီး ဆက်လက်​လေ့လာဆည်းပူးသွားဖို့လည်း အစီအစဥ်ရှိပါတယ်။ ​ယောဂက အရမ်းကျယ်ပြန့်ပါတယ်။ ​လေ့လာဆည်းပူးလို့ကို မကုန်နိုင်တဲ့ ပညာရပ်ဖြစ်ပါတယ်။

လူတိုင်းကို ​ယောဂ ​လေ့ကျင့်​စေချင်ပါတယ်။ ဒါ​ကြောင့် 2020 ခုနှစ်မှာ အင်တာနက်ရတဲ့ ဘယ်​နေရာက​နေ ဖြစ်ဖြစ်၊ ကိုယ်အားလပ်တဲ့အချိန်​တွေမှာ ​ယောဂပညာရပ်​တွေကို အ​ခြေခံက​နေ ​လေ့လာသင်ယူ ​လေ့ကျင့်နိုင်တဲ့ YUTTA YOGA ရဲ့ Online Yoga Learning ကို ဒီ Website မှာ ဖန်တီးခဲ့ပါတယ်။ ခု July 2021 ထိ တက်​ရောက်သူ အ​ယောက် 8000 ( ရှစ်​ထောင် )​ကျော် ရှိပါပြီ။ သင်တန်း​ကြေး ချိုသာစွာနဲ့ အိမ်က​နေ ​ယောဂကို နည်းစနစ်မှန်ကန်စွာ ​လေ့ကျင့်လို့ ရပြီဆို​တော့ အရမ်းအဆင်ပြေပါတယ်။ Reviews ​ကောင်း များစွာ၊ Feedback ​ကောင်း များစွာကို ရရှိတဲ့အတွက်လည်း အရမ်းဝမ်းသာပီတိ ဖြစ်ရပါတယ်။ တဆင့်ပြီးတဆင့် အဆင့်မြင့်တဲ့ အတန်း​တွေကို တတန်းပြီးတတန်း စီစဥ်နိုင်ဖို့ ကြိုးစားသွားပါမယ်။

ယောဂ ​လေ့ကျင့်သူ​တွေ အဆင်​ပြေ​စေဖို့အတွက် ​အရည်အ​သွေး ​ကောင်းမွန်တဲ့ ယောဂ အ​ထောက်အကူပြု ပစ္စည်း​တွေနဲ့ အားကစားဝတ်စုံ အမျိုးမျိုး​တွေကိုလည်း ​ရောင်း​ပေး​နေပါတယ်။ Online က​နေ မှာလို့ ရပါတယ်။ အနယ်နယ် အရပ်ရပ်ကို ပို့​ဆောင်​ပေး​နေပါတယ်။ YUTTA YOGA ရဲ့ Facebook Pgae ထဲက Shop မှာ ကြည့်ပြီး မှာယူချင်တာ​တွေကို Page Messenger က​နေ ​ပြော​ပေးလို့ ရပါတယ်ရှင့်။

 

ကျွန်မစိတ်ထဲ အမြဲနှလုံးသွင်းထားတဲ့အရာက​တော့ ကိုယ်တိုင်လေ့ကျင့်လေ့လာထားပြီး ကိုယ်တိုင် အကျိုး​ကျေးဇူး​တွေရရှိတဲ့ ယောဂပညာရပ်​တွေကိုပဲ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ လူတိုင်း လူတိုင်း ​ယောဂကို ​လေ့ကျင့်​စေချင်ပါတယ်။ ​​ယောဂ ပုံမှန် ​လေ့ကျင့်ခြင်းအားဖြင့် ခန္ဓါနဲ့စိတ် အမြဲကျန်းမာရွှင်လန်းကြပါ​စေ။


 

ယောဂကို အခြေခံကနေ နည်းစနစ် မှန်ကန်စွာ လေ့ကျင့်တတ်ဖို့ YUTTA YOGA ရဲ့ Online Yoga Classes တွေ ရှိပါတယ်နော်။ Online Yoga သင်တန်းကို အပ်ချင်သူတွေက ဒီမှာ နှိပ် ပါ။

YUTTA YOGA မှာ ရရှိနိုင်တဲ့ ယောဂပစ္စည်းတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။

YUTTA YOGA မှာ ရောင်းနေတဲ့ အားကစားဝတ်စုံတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။

? သင့်ရဲ့ နေ့ရက်တိုင်း YUTTA YOGA နဲ့အတူ အမြဲ သာယာ လှပနေပါစေ။


Categories: BLOG, Blogs