သင်တန်းသူ အစ်မ Nyein Nyein Ei ရဲ့ Review

 

ကျွန်မက အသက်၅၁ နှစ်အရွယ်၊ သမီးနှစ်​ယောက်မိခင်ပါရှင်…​
ယောဂ ​လေ့ကျင့်လာတာ တစ်လခွဲ ရှိပါပြီ …?‍♀️?‍♀️?‍♀️

ငယ်ငယ်ကတည်းက ဘာ​လေ့ကျင့်ခန်းမှ မလုပ်ဖြစ်ခဲ့တာ လက်ရှိ ​ယောဂ မ​ဆော့ခင် အချိန်ထိပါ…

အသက် ၅၁ထဲ ​ရောက်တဲ့ အချိန်ကစပြီး ညဘက် အိပ်မ​ပျော်တာ များလာပါတယ် …
မနက် အိပ်ယာထတဲ့အခါလဲ အ​ကြော​တွတွေတင်းပြီး ကျောတွေနာပါတယ်…​

ကြွက်တက်တာလဲ ​ခြေ​ထောက်​လေး ဆန့်လိုက်တာနဲ့တက်လာတတ်ပါတယ်…

ကျီး​ပေါင်းလည်း ရှိပြီး အပြင်သွားရင် ​ခေါင်းကိုက်တတ်လွန်းလို့ ​ဆေး အမြဲ​ဆောင်ထားရသူပါရှင်…?‍♀️?‍♀️?‍♀️

တစ်​နေ့ ညီမ​လေး တစ်ယောက်နဲ့ စကား​ပြောဖြစ်ရင်း ညဘက် အိပ်မ​ပျော်ဘူးလို့ ​ပြော​တော့ မမ ​ယောဂ​ လေ့ကျင့်ကြည့်ပါလား ဆိုပြီး Messenger က ” YUTTA YOGA Link ” လေးကို ပို့​ပေးခဲ့ပါတယ်…

လိုက်လုပ်ကြည့်ရင်း ​တော်​တော်​လေး နေလို့ကောင်းတာ ခံစားမိလာတယ်…

အဲ့လိုနဲ့ ၃လ သင်တန်း စအပ်ပြီး လေ့ကျင့်​နေတာ ၁လခွဲ ရှိပါပြီ…?‍♀️?‍♀️?‍♀️

ကျွန်မက ဥုံကို ရွတ်လာတာ ကြာပြီ ဖြစ်​ပေမယ့် ​ယောဂကို​တော့ ခုမှ​လေ့ကျင့်ဖြစ်တာပါ… ဘယ်အရာမဆို သူ့အချိန်တန်မှ ဖြစ်လာတယ်ဆိုတာ အမှန်ပါ…?‍♀️?‍♀️?‍♀️

အခုဆို ကြွက်တက်တာ လုံးဝ မခံစားရ​တော့တဲ့အပြင် အပြင်သွားရင် အကိုက်ခဲ​ ပျောက်​ဆေး မ​ဆောင်ရ​တော့ပါဘူး … ​
နေရတာ အရမ်း​ပေါ့ပါးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု​တွေ ပိုရှိလာပါတယ် …

တရားထိုင်တဲ့အခါမှာလဲ အာရုံစူးစိုက်မှု​တွေ ပို​ကောင်းလာတယ်… ​

ခြေ​ထောက်နာတာ ကျဥ်တာ​တွေလည်း ​အများကြီး​လျော့လာတယ်…အိပ်​ပျော်တာလဲ နှစ်နှစ်ခြိုက်ခြိုက်ပါပဲရှင်…?‍♀️?‍♀️?‍♀️

ဆရာမ​လေး​ ပြောသလိုပဲ ကိုယ်နိုင်သ​လောက် ​ဖြေး​ဖြေးနဲ့ မှန်မှန်​လေးပဲ လိုက်လုပ်​နေပါတယ်…

Online သင်တာဆို​ပေမယ့် နားလည်လွယ်​အောင် စိတ်ရှည်ရှည်နဲ့ ​စနစ်တကျ သေချာ သင်ပြ​ပေးထားပါတယ်…

ဆရာမ​လေးနဲ့ သင်ရတာ အပြင်မှာ သင်​နေရသလိုခံစားမိပါတယ်…?‍♀️?‍♀️?‍♀️

သင်တန်း တက်ဖြစ်​အောင် တိုက်တွန်း​ပေးတဲ့ ညီမ​လေး Ma Ni Lar နဲ့ ဆရာမ​လေးကို အထူး​ကျေးဇူးတင်ပါတယ်…

ဘဝရဲ့ လက်ကျန်အချိန်​တွေကို ယောဂနဲ့အတူ ဖြတ်သန်းသွားမှာပါ…

စိတ်​ရော ကိုယ်ပါ လန်းဆန်း ကျန်းမာပြီး အရမ်း​ကောင်းတာ ကိုယ်​တွေ့မို့ ​ယောဂကို​ လေ့ကျင့်ဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်ရှင်….?‍♀️?‍♀️?‍♀️

?????????????

 

❤️ သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger  (ဒါမှမဟုတ်) Viber/WhatsApp- 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။

 


Categories: Reviews