သင်တန်းသူ အစ်မ Sulay Mon ရဲ့ Review

 

အားလုံးပဲ မင်္ဂလာပါရှင့်။
ကျမကတော့ YUTTA YOGA မှာ ၁ နှစ် သင်တန်းသူ၊ အခုလက်ရှိ Intermediate အတန်းကို join ပြီး ၁၀ ရက်တာကာလ အလဲလဲအကွဲကွဲ ဖရိုဖရဲ(😜😀😀😀) နဲ့ တီချယ်ကို အားကျနေတဲ့ သင်တန်းသူပါ။

၁။ YUTTA ကို Online video အတိုလေးတွေက စသိခွဲပါတယ်။

၂။ စပြီး လေ့ကျင့်ခဲ့ပုံက ကိုဗစ်ကာလ မှာ သမီးလေးကို မွေးပြီး အိမ်ထဲမှာပဲနေ
ဝိတ်တွေ တက် စိတ်ဓါတ်တွေက ကျ
ခါးနဲ့ ပခုံးမှာ ကျီးပေါင်းတတ်
တေးတွေ မသောက်ချင်။

နို့တိုက် မိခင်ဖြစ်တဲ့အတွက် ဆေးရဲ့ ဒဏ်တွေ သမီးလေး မခံစားရအောင် လေ့ကျင့်ခန်း တခုခု လုပ်ပြီးသက်သာအောင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီး YUTTA YOGA ရဲ့ အကြောတတ် ကျီးပေါင်း video အတိုလေးကို ၃ လ လေ့ကျင့်ခဲ့တယ်။

ရလဒ်က အရမ်းသိသာလို့ ပထမ 6 လ အပ်ပြီး လေ့ကျင့်ခဲ့ပါတယ်။

၃။ YUTTA YOGA အပေါ် အမြင် သင်တန်းခ အရမ်းသက်သာတယ်။ သင်တန်းဆရာမ အရမ်းစေတနာ ရှိတယ်။

တနေ့စာ video လေးတွေ တင်ပေးတဲ့အတွက် ကိုယ် အဆင်ပြေ အားတဲ့အချိန် လေ့ကျင့်လို့ ရတယ်။

၄။ Yoga လေ့ကျင့်ခြင်းရဲ့ ကောင်းကျိုးတွေက
အများကြီးပါ။
ကိုယ်လေ့ကျင့်ပြီး ရတဲ့ ကောင်းကျိုးတွေက
စိတ်ဓါတ်ကျတာ၊ အိပ်မပျော်တာ၊ ကျီးပေါင်းကြောင့် ပခုံး ခါးတွေ ကုန်းနေတာ အရမ်းသက်သာသွားတယ်။

၅။ Yoga ကို ဘယ်ချိန်ထိ လေ့ကျင့်သွားမလဲ ဆို
ကိုယ့် အရိုးကို သယ်နိုင်တဲ့အထိ လေ့ကျင့်သွားမယ်။

အခုလောလောဆယ်တော့ 8 လပိုင်း 2024 ထိ အပ်ထားတယ်။

၆။ Yoga ကို ဘယ်လောက်ထိ ချစ်လဲဆို
တပတ်မှာ ၆ ရက် လ့ကျင့်တယ်။ နားတဲ့ တရက်လေးကို ဘယ်လို video လေးများ တင်ထားမလဲဆိုပြီး ချောင်းကြည့်သေးတာ။

သူငယ်ချင်းတွေကို yoga လေ့ကျင့်ဖို့ တိုက်တွန်းချင်တာကတော့ တချိန်ချိန်မှာ ကျန်းမာရေးအတွက် သုံးရမဲ့ ငွေတွေကို နှမြောတယ်၊ ကိုယ်စိတ် နှစ်ပါးလုံးကျန်းမာချင်တယ်ဆိုရင်
တနေ့ ကိုယ့်အတွက် အချိန် တနာရီလေးပဲ ဖဲ့ပေးပြီး yoga လေ့ကျင့်ကြည့်ပါ။

ဆရာမနဲ့ yoga အဖွဲ့သူ အဖွဲ့သားအားလုံး ပျော်ရွှင်ကြပါစေ။

အမှားပါတာရှိရင် အားလုံးကို တောင်းပန်ပါတယ်ရှင့်။

သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger ကနေ ဆက်သွယ်ပေးပါရှင့်။


Categories: Reviews