​ယောဂ နဲ့ ကျန်းမာ​ရေး ဘယ်​လောက်ထိ ဆက်နွယ်​နေသလဲ

​ယောဂကို အချိန်အများကြီး ( နှစ်​ပေါင်းများစွာ ) ယူပြီး သု​တေသနလုပ်ကြတဲ့ အဖွဲ့ကြီး​တွေ ကမ္ဘာ​ပေါ်မှာ အများကြီး ရှိပါတယ်။ ​ယောဂ ​လေ့ကျင့်တဲ့သူ​​တွေနဲ့ မ​လေ့ကျင့်တဲ့သူ​တွေ၊ တ​ခါတ​လေမှ ​ယောဂ​လေ့ကျင့်သူ​တွေ၊ အမြဲတမ်း ပုံမှန် ​လေ့ကျင့်သူ​တွေ စသဖြင့် လူအမျိုးမျိုးကို သူတို့က စာရင်း​တွေနဲ့ ​သေချာလုပ်ပြီး ​စောင့်ကြည့်ကြတာပါ။ ဥပမာ ၂ နှစ်ကြာရင် အဲဒီလူ​တွေအ​ခြေအ​နေကို သွားကြည့်မယ်၊ ​နောက် ၃ နှစ်ကြာရင် ထပ်သွားကြည့်မယ်၊ ​နောက် ၅ နှစ်ကြာရင် သူတို့ ရှိတဲ့ ​နေရာ​တွေကို ထပ်သွားပြီး သူတို့ ​ကျန်းမာကြ​သေးလား၊ ​​ပျော်ရွှင်ကြ​သေးလား၊ နုပျိုလှပကြ​သေးလား၊ လုပ်ငန်းအဆင်​ပြေလား အဲလို​တွေ စာတမ်း ပြုစုကြတာပါ။

သု​တေသနပြုလုပ်ကြတဲ့ အဖွဲ့အစည်း​တွေ ​တွေ့ရှိကြတာက ​ယောဂပုံမှန် ​လေ့ကျင့်​နေသူ​​တွေက တကယ်ကိုပဲ ပိုကျန်းမာကြတယ်၊ အသက် ပိုရှည်ကြတယ် ဆိုတာပါပဲ။ ဒီအ​ဖြေက အတူတူပဲ ထွက်ကြတာပါ။ လူအများကြီးကို ​လေ့လာထားပြီး အချိုးကျ တွက်ချက်ပြီးမှ ထွက်လာတဲ့ အ​ဖြေဖြစ်ပါတယ်။ ​ဘာလို့ ယောဂက ကျန်းမာ​ရေးအတွက် ဒီ​လောက် အကျိုးသက်​ရောက်မှု ကြီးမားရတာလဲ။

​အဓိက အ​ကြောင်းအရင်းက​တော့ ယောဂ ​လေ့ကျင့်ခြင်းက ရုပ်ပိုင်းဆိုရင် ကိုယ်ကာယအတွက်ပဲ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာအတွက် အရမ်း​ကောင်းမွန်လို့ ဖြစ်ပါတယ်။ လူအများစုက ကိုယ့်ရဲ့ ရုပ်ရည်ကိုပဲ အ​လေးထား ဂရုစိုက်ကြပြီး ကိုယ့်စိတ်အ​ခြေအ​နေကို လျစ်လျူရှုထားတတ်ကြပါတယ်။ အပြင်ပိုင်း လှပ​စေဖို့ ကြိုးစားကြတဲ့အခါ စိတ်က အရမ်းပင်ပန်းလာပါတယ်။

တကယ်တမ်း ဖြစ်သင့်တာက ကိုယ့်ရဲ့ စိတ်က​လေး လှပဖို့ ကျန်းမာဖို့ ပိုအ​လေးထားမယ်ဆိုရင် အပြင်ပိုင်း ရုပ်ပိုင်းဆိုင်ရာလည်း အလိုလိုလှပပြီးသား ဖြစ်လာမှာပါ။ ​ယောဂက အဲဒါ​တွေကိုလည်း ​လေ့ကျင့်​ပေးပါတယ်။ စိတ်တည်ငြိမ်​အောင်၊ စိတ်​ငြိမ်းချမ်း​အောင်၊ စိတ်ဖိစီးမှု​တွေကို ခံနိုင်ရည် ရှိ​အောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု​တွေ ရှိလာ​အောင်၊ စိတ်ထားတတ်​အောင် ​ယောဂက အများကြီး သင်​ပေး ​လေ့ကျင့်​ပေးပါတယ်။ အဲဒါ​တွေက တကယ်ကို ကျန်းမာ​ရေးအတွက် အများကြီး အ​ထောက်အကူဖြစ်​စေပါတယ်။ အကျိုး​​ကျေးဇူး ရရှိ​စေပါတယ်။

သိထားရမှာက ရုပ်ပိုင်းဆိုင်ရာ ဘယ်​လောက်ပဲ ကျန်းမာ ကျန်းမာ၊ ဘယ်​လောက်ပဲ ခွန်အားရှိရှိ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းလာပြီဆိုရင် မဟန်နိုင်​တော့ပါဘူး။ ​​အခက်အခဲ​တွေနဲ့ ကြုံလာတဲ့အခါ လဲကျဖို့ အရမ်းလွယ်ပါတယ်။

စိတ်ကသာ ကျန်းမာ​နေရင် ခွန်အား​တွေရှိ​နေရင် ဘယ်အ​ခြေအ​နေ​ရောက်​ရောက် လှလှပပ ရှင်သန်နိုင်ပါတယ်။ ကိုယ်လက်အင်္ဂါမစုံလင်ဘဲ ကမ္ဘာ​​ကျော်​နေသူ​တွေ၊ ​အောင်မြင်ကြီးပွား​နေသူ​တွေ၊ ​ပျော်ရွှင်စွာ ​နေထိုင်​နေသူ​တွေက သက်​သေပါ။ ​ယောဂက တခြားအားကစား​တွေထက် စိတ်ကို အများကြီး ပို​လေ့ကျင့်​ပေးပါတယ်။ အဲဒါ​ကြောင့် ​ယောဂကို ပုံမှန်​လေ့ကျင့်​နေသူ​တွေက ကျန်းမာ​နေကြတာပါ။

​ယောဂက စိတ်ပိုင်းဆိုင်ရာအတွက်ပဲလားဆို​တော့ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ​တွေအတွက်လည်း အများကြီး​ကောင်းတယ်တာ​တော့ အားလုံးက သိထားပြီးသားပါ။ ​ယောဂအကွက်​​တွေက အ​ကြော​တွေ ပွင့်​စေတယ်၊ ​သွေးလည်ပတ်မှု ​ကောင်း​စေတယ်၊ လိုအပ်တဲ့​နေရာတိုင်းဆီကို ​အောက်ဆီဂျင် ပို့​ပေး​စေနိုင်တယ် စတဲ့ အကျိုး​​ကျေး​ဇူး​တွေ အများကြီး ရရှိ​စေပါတယ်။

​​ယောဂ ​လေ့ကျင့်တဲ့အခါ ခန္ဓါကိုယ်တစ်ခုလုံးကို အသက်ရှုသွင်းရှုထုတ် မှန်မှန်နဲ့ လှုပ်ရှားမှု​တွေကို အာရုံစူးစိုက်ပြီး စိတ်ကိုလည်း တည်ငြိမ်စွာ ထားပေးရပါတယ်။ ​နည်းစနစ် မှန်ရပါမယ်။ အဲဒါ​ကြောင့် တကယ်ကျွမ်းကျင်တဲ့ ဆရာဆရာမနဲ့ ​လေ့လာသင်ယူထားဖို့ လိုပါတယ်။

​ယောဂ ပုံမှန် ​လေ့ကျင့်​ပေးခြင်းဖြင့် ကျန်းကျန်းမာမာ ​နေထိုင်​ပေးပါ။ ဒါမှ ဘဝမှာ ကိုယ်လုပ်ချင်တာ​တွေ လုပ်ခွင့်ရရှိလာမှာ ဖြစ်ပါတယ်။ ကိုယ့်မိသားစု​တွေ၊ တခြားသူ​တွေကို ကြည့်ရှု ​စောင့်​​​ရှောက် ကူညီ​ပေးနိုင်မှာ ဖြစ်ပါတယ်။


 

ယောဂကို အခြေခံကနေ နည်းစနစ် မှန်ကန်စွာ လေ့ကျင့်တတ်ဖို့ YUTTA YOGA ရဲ့ Online Yoga Classes တွေ ရှိပါတယ်နော်။ Online Yoga သင်တန်းကို အပ်ချင်သူတွေက ဒီမှာ နှိပ် ပါ။

YUTTA YOGA မှာ ရရှိနိုင်တဲ့ ယောဂပစ္စည်းတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။

YUTTA YOGA မှာ ရောင်းနေတဲ့ အားကစားဝတ်စုံတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။

? သင့်ရဲ့ နေ့ရက်တိုင်း YUTTA YOGA နဲ့အတူ အမြဲ သာယာ လှပနေပါစေ။


Categories: BLOG, Blogs

Tags: