သင်တန်း ဘယ်လို အပ်ရမလဲ။

YUTTA YOGA ရဲ့ Online Yoga သင်တန်း အပ်ဖို့အတွက် အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးကတော့ YUTTA YOGA ရဲ့ Facebook Page Messenger ကနေ ဆက်သွယ်ပြီး သင်တန်းအပ်တာ ဖြစ်ပါတယ်။ အဲဒီကနေ သင်တန်းကြေး သွင်းဖို့ Accounts တွေ ပေးပါတယ်။ သင်တန်းကြေးကို လွဲပေးပြီးရင် လွဲထားတာကို screenshot ရိုက်ထားပြီး Messenger မှာ ပို့ထားပေးပါရှင့်။ YUTTA YOGA ဘက်ကနေ Register လုပ်ပေးမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဒီမှာ ကိုယ်အပ်ထားတဲ့ အတန်းကို နှိပ်ပြီး ဝင်ရောက် လေ့ကျင့်လို့ ရပါပြီရှင့်။

နောက်တနည်းကတော့ ကိုယ့်ဟာကိုယ် Register လုပ်တာ ဖြစ်ပါတယ်။ ဒီစာမျက်နာ ကနေ တဆင့်သွားပြီး ကိုယ်တက်မယ့် အတန်းအတွက် Register လုပ်ရပါမယ်။ ဖြည့်ရမှာတွေ ဖြည့်ပြီး သင်တန်းကြေး သွင်းဖို့ Pay with Credit Card ကို ရွေးပြီး  သင်တန်းကြေးကို Dollar နဲ့ သွင်းလို့ ရပါတယ်ရှင့်။ ပြီးရင် ကိုယ်အပ်ထားတဲ့ အတန်းကို ချက်ချင်း ဝင်လို့ ရပါတယ်ရှင့်။

အကောင်းဆုံးကတော့ Facebook Messenger (ဒါမှမဟုတ်) Viber or WhatsApp – 09403030207 ကနေ ဆက်သွယ်ပြီး သင်တန်းအပ်တာပဲ ဖြစ်ပါတယ်ရှင့်။

ယောဂ လေ့ကျင့်ခြင်းဖြင့် ပိုပြီး ကျန်းမာ၊ ပျော်ရွှင်၊ လှပလာပါစေ။

 


Categories: BLOG, Blogs

Tags: