သင်တန်းသူ အစ်မ Labya Mun Ra ရဲ့ Review

 

ကျမအသက်ကတော့ ၃၂ နှစ်ပါ။ ယောဂ ကျင့်တာ ၃လ မပြည့်သေးပါဘူးရှင့်။

* စလေ့ကျင့်တဲ့ အချိန်မှာ အနေအထား မမှန်မှာ၊အတိမ်းအစောင်း တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်ခဲ့ပါတယ်ရှင်။ ဒါပေမယ့် ယောဂ မကျင့်ခင် ဆရာမရဲ့ပြောတာလေးတွေ သေချာ နားထောင်တဲ့အခါ ကိုယ်ရဲ့ ဆရာ၊ဆရာမကို ယုံကြည်မှု ရှိရမယ်လို ကြားတဲ့အခါ ဆရာမကို ယုံကြည်ပြီး ဆရာမ ပြောတဲ့အတိုင်းပဲ ကျင့်ခဲ့တဲ့အခါ စိုးရိမ်တာတွေ မရှိတော့ပါဘူး။

* ယောဂကို နေ့တိုင်း မကျင့်နိုင်ခဲ့ပါဘူး။ တစ်ပတ်ကို ၄ ရက် ၅ ရက်လောက်ပဲ ကျင့်နိုင်ပါတယ်။ လေ့ကျင့်တဲ့ အချိန်ကာလက တိုတောင်းသေးပေမယ့် ခန္ဓာကိုယ်က နေရတာ ပေါ့ပါးလာပါတယ်။ ညဘက်တွေ ကောင်းကောင်း အိပ်ပျော်လာပါတယ်။ စိတ်ပေါ့ပါးလာပါတယ်။ ဒါပေမယ့် စိတ်တိုတာတွေ၊ ဒေါသထွက်တာတွေကိုတော့ မထိန်းနိုင်သေးပါဘူးရှင်။

* ယောဂက ခန္ဓာ၊ စိတ်ကျန်းမာဖို့အတွက်
လူတိုင်း ရေရှည် လေ့ကျင့်သင့်တဲ့ အရာတစ်ခုပါ။

* ဆရာမနဲ့ သင်ရတာ အရမ်းကောင်းပါတယ်။ ဆရာမနဲ့ အပြင်မှာ မတွေ့ဖူးပေမယ့် ရင်းနှီးနေသလိုပါပဲ။ ဘေးမှာ သင်ပေးသလိုပဲ ခံစားရပါတယ်။ ဆရာမက သင်တဲ့အခါ စိတ်ရှည်ရှည်နဲ့ သေချာပြောပြနေတဲ့အတွက် ကျမမှာ စိတ်မရှည်တာတွေတောင် ဖြစ်ရပါတယ်။ ရှင်းပြတာ စောင့်ရင်းနဲ့ အကွက်တွေလုပ်ရတာ နာလာလို့ပါ?

* ကျမကတော့ ယောဂကို ကျင့်နိုင်သမျှ အချိန်ထိလေ့ကျင့်သွားမှာပါ။

* အခုအချိန် ခံစားချက် ပြောရရင်တော့ ကိုယ့်ကိုကိုယ် သိပ်အားမရသေးပါဘူး။ ဆရာမ ပြောသလိုပါပဲ။ ၃လလဲပြည့်ပြီ ဘာမှလဲ မရသေးဘူးဆိုတာဖြစ်တတ်တယ်လို့ ပြောထားပါတယ်။ ဆရာမ ပြောတဲ့အတိုင်းကို ဖြစ်နေတာပါ☺

* ဆရာမရဲ့ သင်တန်းလေးကနေ ဆရာမရဲ့လူတိုင်းကို ယောဂကျင့်စေချင်ပြီး၊ ကိုယ်ရောစိတ်ပါ ကျန်းမာစေချင်တဲ့ စေတနာကို တွေ့ရပါတယ်။ စျေးကိုလဲ သက်သက်သာသာနဲ့ လူတိုင်းအတွက် လုပ်ပေးထားတာကိုလဲ တွေ့ရပါတယ်။ မကျင့်ဖြစ်သေးတဲ့ သူငယ်ချင်းတွေကိုလဲ ဖိတ်ခေါ်ပါတယ်။ ပြီးတော့ Group ထဲမှာ ၀ေမျှပေးကြတဲ့ ညီအမတွေကိုလဲ ကျေးဇူးတင်ပါတယ်။ ဖတ်ပြီး ခွန်အားဖြစ်စေပါတယ်။

?????????????

 

❤️ သင်တန်း အပ်မယ်ဆိုရင်တော့ YUTTA YOGA ရဲ့ Facebook Messenger  (ဒါမှမဟုတ်) Viber/WhatsApp- 09403030207 ကနေ ဆက်သွယ်ပေးပါရှင့်။

 


Categories: Reviews