ယောဂကို အချိန်အများကြီး ( နှစ်ပေါင်းများစွာ ) ယူပြီး သုတေသနလုပ်ကြတဲ့ အဖွဲ့ကြီးတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိပါတယ်။ ယောဂ လေ့ကျင့်တဲ့သူတွေနဲ့ မလေ့ကျင့်တဲ့သူတွေ၊ တခါတလေမှ ယောဂလေ့ကျင့်သူတွေ၊ အမြဲတမ်း ပုံမှန် လေ့ကျင့်သူတွေ စသဖြင့် လူအမျိုးမျိုးကို သူတို့က စာရင်းတွေနဲ့ သေချာလုပ်ပြီး စောင့်ကြည့်ကြတာပါ။ ဥပမာ ၂ နှစ်ကြာရင် အဲဒီလူတွေအခြေအနေကို သွားကြည့်မယ်၊ နောက် ၃ နှစ်ကြာရင် ထပ်သွားကြည့်မယ်၊ နောက် ၅ နှစ်ကြာရင် သူတို့ ရှိတဲ့ နေရာတွေကို ထပ်သွားပြီး သူတို့ ကျန်းမာကြသေးလား၊ ပျော်ရွှင်ကြသေးလား၊ နုပျိုလှပကြသေးလား၊ လုပ်ငန်းအဆင်ပြေလား အဲလိုတွေ စာတမ်း ပြုစုကြတာပါ။
သုတေသနပြုလုပ်ကြတဲ့ အဖွဲ့အစည်းတွေ တွေ့ရှိကြတာက ယောဂပုံမှန် လေ့ကျင့်နေသူတွေက တကယ်ကိုပဲ ပိုကျန်းမာကြတယ်၊ အသက် ပိုရှည်ကြတယ် ဆိုတာပါပဲ။ ဒီအဖြေက အတူတူပဲ ထွက်ကြတာပါ။ လူအများကြီးကို လေ့လာထားပြီး အချိုးကျ တွက်ချက်ပြီးမှ ထွက်လာတဲ့ အဖြေဖြစ်ပါတယ်။ ဘာလို့ ယောဂက ကျန်းမာရေးအတွက် ဒီလောက် အကျိုးသက်ရောက်မှု ကြီးမားရတာလဲ။
အဓိက အကြောင်းအရင်းကတော့ ယောဂ လေ့ကျင့်ခြင်းက ရုပ်ပိုင်းဆိုရင် ကိုယ်ကာယအတွက်ပဲ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာအတွက် အရမ်းကောင်းမွန်လို့ ဖြစ်ပါတယ်။ လူအများစုက ကိုယ့်ရဲ့ ရုပ်ရည်ကိုပဲ အလေးထား ဂရုစိုက်ကြပြီး ကိုယ့်စိတ်အခြေအနေကို လျစ်လျူရှုထားတတ်ကြပါတယ်။ အပြင်ပိုင်း လှပစေဖို့ ကြိုးစားကြတဲ့အခါ စိတ်က အရမ်းပင်ပန်းလာပါတယ်။
တကယ်တမ်း ဖြစ်သင့်တာက ကိုယ့်ရဲ့ စိတ်ကလေး လှပဖို့ ကျန်းမာဖို့ ပိုအလေးထားမယ်ဆိုရင် အပြင်ပိုင်း ရုပ်ပိုင်းဆိုင်ရာလည်း အလိုလိုလှပပြီးသား ဖြစ်လာမှာပါ။ ယောဂက အဲဒါတွေကိုလည်း လေ့ကျင့်ပေးပါတယ်။ စိတ်တည်ငြိမ်အောင်၊ စိတ်ငြိမ်းချမ်းအောင်၊ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည် ရှိအောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရှိလာအောင်၊ စိတ်ထားတတ်အောင် ယောဂက အများကြီး သင်ပေး လေ့ကျင့်ပေးပါတယ်။ အဲဒါတွေက တကယ်ကို ကျန်းမာရေးအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ အကျိုးကျေးဇူး ရရှိစေပါတယ်။
သိထားရမှာက ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်ပဲ ကျန်းမာ ကျန်းမာ၊ ဘယ်လောက်ပဲ ခွန်အားရှိရှိ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းလာပြီဆိုရင် မဟန်နိုင်တော့ပါဘူး။ အခက်အခဲတွေနဲ့ ကြုံလာတဲ့အခါ လဲကျဖို့ အရမ်းလွယ်ပါတယ်။
စိတ်ကသာ ကျန်းမာနေရင် ခွန်အားတွေရှိနေရင် ဘယ်အခြေအနေရောက်ရောက် လှလှပပ ရှင်သန်နိုင်ပါတယ်။ ကိုယ်လက်အင်္ဂါမစုံလင်ဘဲ ကမ္ဘာကျော်နေသူတွေ၊ အောင်မြင်ကြီးပွားနေသူတွေ၊ ပျော်ရွှင်စွာ နေထိုင်နေသူတွေက သက်သေပါ။ ယောဂက တခြားအားကစားတွေထက် စိတ်ကို အများကြီး ပိုလေ့ကျင့်ပေးပါတယ်။ အဲဒါကြောင့် ယောဂကို ပုံမှန်လေ့ကျင့်နေသူတွေက ကျန်းမာနေကြတာပါ။
ယောဂက စိတ်ပိုင်းဆိုင်ရာအတွက်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာတွေအတွက်လည်း အများကြီးကောင်းတယ်တာတော့ အားလုံးက သိထားပြီးသားပါ။ ယောဂအကွက်တွေက အကြောတွေ ပွင့်စေတယ်၊ သွေးလည်ပတ်မှု ကောင်းစေတယ်၊ လိုအပ်တဲ့နေရာတိုင်းဆီကို အောက်ဆီဂျင် ပို့ပေးစေနိုင်တယ် စတဲ့ အကျိုးကျေးဇူးတွေ အများကြီး ရရှိစေပါတယ်။
ယောဂ လေ့ကျင့်တဲ့အခါ ခန္ဓါကိုယ်တစ်ခုလုံးကို အသက်ရှုသွင်းရှုထုတ် မှန်မှန်နဲ့ လှုပ်ရှားမှုတွေကို အာရုံစူးစိုက်ပြီး စိတ်ကိုလည်း တည်ငြိမ်စွာ ထားပေးရပါတယ်။ နည်းစနစ် မှန်ရပါမယ်။ အဲဒါကြောင့် တကယ်ကျွမ်းကျင်တဲ့ ဆရာဆရာမနဲ့ လေ့လာသင်ယူထားဖို့ လိုပါတယ်။
ယောဂ ပုံမှန် လေ့ကျင့်ပေးခြင်းဖြင့် ကျန်းကျန်းမာမာ နေထိုင်ပေးပါ။ ဒါမှ ဘဝမှာ ကိုယ်လုပ်ချင်တာတွေ လုပ်ခွင့်ရရှိလာမှာ ဖြစ်ပါတယ်။ ကိုယ့်မိသားစုတွေ၊ တခြားသူတွေကို ကြည့်ရှု စောင့်ရှောက် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ယောဂကို အခြေခံကနေ နည်းစနစ် မှန်ကန်စွာ လေ့ကျင့်တတ်ဖို့ YUTTA YOGA ရဲ့ Online Yoga Classes တွေ ရှိပါတယ်နော်။ Online Yoga သင်တန်းကို အပ်ချင်သူတွေက ဒီမှာ နှိပ် ပါ။
YUTTA YOGA မှာ ရရှိနိုင်တဲ့ ယောဂပစ္စည်းတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။
YUTTA YOGA မှာ ရောင်းနေတဲ့ အားကစားဝတ်စုံတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။
? သင့်ရဲ့ နေ့ရက်တိုင်း YUTTA YOGA နဲ့အတူ အမြဲ သာယာ လှပနေပါစေ။