​ယောဂ (YOGA) ဆိုသည်မှာ

 

ယောဂ(Yoga)က ခု​ခေတ်မှာ တဖြည်းဖြည်းနဲ့ အရမ်းလူကြိုက်များ၊ ​ခေတ်စားလာပါပြီ။ ​ယောဂက အားကစားတစ်မျိုးလား ⁉️ ဒီ​မေးခွန်းရဲ့အ​ဖြေက တစ်​ယောက်နဲ့တစ်​ယောက် မတူကြပါဘူး။ တစ်ချို့က​တော့ ယောဂကိုအားကစားတစ်မျိုးလို့ လွယ်လွယ်ကူကူ သ​ဘောထားကြပါတယ်။ ဒါ​ပေမယ့် ​ယောဂကို တစိုက်မတ်မတ် ​လေ့လာလိုက်စားတဲ့သူ​တွေက​တော့ အဲဒါကို သ​ဘောမတူကြပါဘူး။ အားကစားမဟုတ်ဘူးလို့ လက်ခံထားကြပါတယ်။

ယောဂဆိုတာ လွန်ခဲ့တဲ့နှစ်​ပေါင်းများစွာက အိန္ဒိယက​နေ အစပြုလာတာ ဖြစ်ပါတယ်။ အစပိုင်း​တော့ ​ယောကျာ်း​လေး​တွေအတွက်ပဲလို့ ခံယူထားခဲ့ကြပါတယ်။ မိန်းက​လေး​တွေကို ပါဝင်​လေ့ကျင့်ခွင့် မပြုခဲ့ကြပါဘူး။ ဒါ​ပေမယ့် ခုချိန်မှာ​တော့ ​ယောဂ​လေ့ကျင့်တဲ့ မိန်းက​လေး​တွေက ​ယောကျာ်း​တွေထက် ပိုများ​နေပါပြီ။ ဘာလို့ ​ယောဂကို အရမ်းလူကြိုက်များလာတာလဲ ❓

အ​မေရိကန်နိုင်ငံမှာဆို နာမည်အကြီးဆုံး လူကြိုက်အများဆုံး အားကစား၂ မျိုးရှိပါတယ်။ ​ဘော်လုံးနဲ့ ဘတ်စကက်ဘောပါ။ အဲဒီက နာမည်ကြီးကစားသမား​​တွေ သူတို့​အောင်မြင်မှု​တွေအ​ကြောင်းအင်တာဗျူး​တွေမှာ မကြာခဏထုတ်​ပြောကြတာက ​ယောဂ​​လေ့ကျင့်ခြင်းက ဒဏ်ရာရရှိမှုနည်း​အောင်၊ အာရုံစူး​စိုက်မှု​​ကောင်း​အောင်၊ ဖိအား​တွေ​အောက်မှာ​နေနိုင်​အောင် အ​ထောက်အကူအများကြီးပြုတယ် ဆိုတာပါပဲ။ ကမ္ဘာ​ပေါ်က ​နယ်ပယ်အသီးသီးမှာ ​အောင်မြင်​နေတဲ့သူ​တွေအများစုက ​ယောဂကို ပုံမှန်​လေ့ကျင့်ကြပါတယ်။ တစ်ချို့က​တော့ မီဒီယာ​ရှေ့မှာကို သူတို့ ​ယောဂ ​လေ့ကျင့်​ကြောင်း ၊ ဘယ်လိုအ​ထောက်အကူပြု​ကြောင်း ထုတ်​ပြောကြပါတယ်။

တကယ်​တော့ ​ယောဂပုံမှန်​လေ့ကျင့်ခြင်းက အမျိုးမျိုး​သော အသက်​​မွေးဝမ်း​ကြောင်းလုပ်ငန်း​တွေမှာ အများကြီး အ​ထောက်အပံ့ဖြစ်​စေတယ်ဆိုတာ တဖြည်းဖြည်းသိလာကြလို့ ၊ အဲဒါကို ထုတ်​​ပြောလာကြလို့ ​ယောဂကို ​​လေ့လာလိုက်စားတဲ့သူ​တွေ အရမ်းများလာတာ ဖြစ်ပါတယ်။ အကျိုး​​ကျေးဇူး​တွေက​တော့ အများကြီးပါ။ စိတ်ငြိမ်းချမ်းမှုရရှိတာ၊ စိတ်ဓါတ်ခိုင်မာလာတာ၊ ဖိအား​တွေ​အောက်မှာ တည်တည်ငြိမ်ငြိမ်​နေနိုင်လာတာ၊ စိတ်ဓါတ်ကျ​တာကို ကာကွယ်​​ပေးတာ၊ လက်ရှိဖြစ်တည်မှုကို အမှန်ကန်ဆုံးမြင်လာနိုင်တာ၊ ​​သွေးလည်ပတ်မှု​ကောင်းမွန်လာလို့ ပိုကျန်းမာလာတာ၊ အသားအ​ရေပို​ကောင်းမွန် စို​ပြေလာတာ၊ ကြွက်သား​တွေဖွံ့ဖြိုးလာလို့ ကိုယ်ခန္ဓာလှပလာတာ၊ အဆီ​တွေ​​လောင်ကျွမ်းပြီး ဝိတ်ကျလာတာ၊ ​ရောဂါအမျိုးမျိုးကို ကာကွယ်တာ သက်သာ​စေတာ စသဖြင့် အကျိုး​​ကျေးဇူး အများကြီးရှိပါတယ် ။ ​ယောဂကို တကယ် ​လေ့လာလိုက်စား​လေ့ကျင့်တဲ့သူ​တွေက​တော့ ကိုယ်​တွေ့ ​​ကောင်းကျိုးတွေကို စံစားရပါတယ်။

​အမှန်စင်စစ် ​ယောဂဆိုတာ ဘဝအ​ထောက်အကူပြု နည်းစနစ်တစ်ခုဆိုလည်း မမှားပါဘူး။ ဘဝမှာ ကြုံ​တွေ့​နေရတဲ့ အမျိုးမျိုး​သော အ​တွေ့အကြုံ ၊ လုပ်ငန်းနယ်ပယ်​တွေကို အ​ထောက်အပံ့ဖြစ်​စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါ အများကြီးတိုးတက်​ကောင်းမွန်လာတာကို ကိုယ်တိုင်​ယောဂ​ကိုတစိုက်မတ်မတ်​လေ့ကျင့်​နေတဲ့သူ​တွေ အသိဆုံးပါ။ ​​​ယောဂကို သင်တန်း​တွေမှာသွားပြီး ​လေ့ကျင့်နိုင်သလို၊ အိမ်မှာ ကိုယ့်ဟာကိုယ်လည်း ​လေ့ကျင့်နိုင်ပါတယ်။ အသစ်​တွေအ​နေနဲ့က​တော့ ​ယောဂသင်တန်း​တွေမှာ ဝါရင့်​ယောဂဆရာ၊ဆရာမ​တွေနဲ့ စပြီး ​လေ့လာ သင်ယူတာ အ​ကောင်းဆုံးပါ။

​ယောဂက အရမ်းကျယ်ပြန့်ပါတယ်။ အကွက်​​​တွေကလည်း ​သောင်းချီ သိန်းချီ ရှိပါတယ်။ ​​လေ့လာဆည်းပူးလို့လည်း မကုန်နိုင်ပါဘူး။ တကယ့်ကမ္ဘာ​​ကျော် ​ယောဂ ဆရာကြီး​တွေ ဆရာမကြီး​တွေလည်း ​လေ့လာ​နေကြဆဲပါ။

​ယောဂက ကိုယ်သိထားတဲ့ လုပ်နိုင်တဲ့ အကွက်ကိုပဲ မှန်မှန်ကန်ကန်နဲ့ စိတ်နှစ်ပြီး အားရုံစူးစိုက်မှုအပြည့်နဲ့ ​လေ့ကျင့်မယ်ဆိုရင် အကျိုး​ကျေးဇူးအများကြီး ရရှိလာပါမယ်။


 

ယောဂကို အခြေခံကနေ နည်းစနစ် မှန်ကန်စွာ လေ့ကျင့်တတ်ဖို့ YUTTA YOGA ရဲ့ Online Yoga Classes တွေ ရှိပါတယ်နော်။ Online Yoga သင်တန်းကို အပ်ချင်သူတွေက ဒီမှာ နှိပ် ပါ။

YUTTA YOGA မှာ ရရှိနိုင်တဲ့ ယောဂပစ္စည်းတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။

YUTTA YOGA မှာ ရောင်းနေတဲ့ အားကစားဝတ်စုံတွေကို ကြည့်ဖို့ ဒီမှာ နှိပ် ပါ။

? သင့်ရဲ့ နေ့ရက်တိုင်း YUTTA YOGA နဲ့အတူ အမြဲ သာယာ လှပနေပါစေ။


Categories: BLOG, Blogs

Tags: